ဘုရင်မကြီးကို ပေးခဲ့တဲ့လက်ဆောင်ကြောင့် ကျေးဇူးတင်လွှာ အပို့ခံရတဲ့ ကောင်လေး

Facebook- JO MADDERS

ဘုရင်မကြီး Elizabeth ဆိုတာ လူတိုင်းလေးစားရတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲတစ်ဦးအပါအဝင်ပါပဲ။ အခုလည်း ကလေးလေးတစ်ယောက်က ပေးတဲ့ လက်ဆောင်လေးကြောင့် ကလေးလေးကို ကျေးဇူးတင်လွှာတောင် ပို့ခဲ့ပါသေးတယ်ဆိုပြီး BBC မှာ ဖတ်လိုက်ရပါတယ်။

Essex ရဲ့ Billericay မှာ နေထိုင်တဲ့ ကောင်လေးတစ်ယောက်ဟာ ဘုရင်မကြီးကို တော်တော်လေးချစ်တဲ့ကလေးလေးတစ်ယောက်ပါ။ အသက် ၇ နှစ်အရွယ်သာရှိနေသေးတဲ့ Timothy Madders လေးဟာလည်း ကပ်ရောဂါဖြစ်ပွားနေတုန်း အိမ်မှာပဲ home stay နေနေရပါတယ်။

Posted by The Royalists on Friday, July 10, 2020

သူတောင်အိမ်မှာနေရတာ ပျင်းနေတာကို သူချစ်ရတဲ့ဘုရင်မကြီးခင်ဗျာမှာလည်း ပျင်းနေရှာမှာပဲဆိုပြီး ဘုရင်မကြီးကို ကေလးအတွေးလေးနဲ့ လက်ဆောင်တစ်ခုကို စီစဉ်ခဲ့ပါတယ်။ အဲဒါကတော့ စာလုံးရှာတဲ့ ဂိမ်းလေးပါ။ စာလုံးရှာတဲ့ ဂိမ်းလေးကို သာမန်ပဲ စက္ကူအဖြူလေးပေါ်မှာ ခဲတံလေးနဲ့ သေချာလေး ကိုယ်တိုင်ဖန်တီးခဲ့တာပါ။

READ
ဆိုရှယ်မီဒီယာမှာ လူအများ ဝေဖန်ကဲ့ရဲ့ခြင်း ခံနေရတဲ့ ကလေးထိန်း အလုပ်ခေါ်စာ
Facebook- JO MADDERS
Facebook- JO MADDERS

နောက်စာလုံးတွေကိုလည်း သူကိုယ်တိုင်ပဲ ရေးခဲ့တာပါတဲ့။ နောက်ပြီး ဒါလေးကို ပို့ခဲ့ပါတယ်တဲ့။ နန်းတော်က တာဝန်ရှိသူတွေ Timothy Madders ရဲ့ စာလေးကိုရတဲ့အချိန်မှာတော့ ချက်ချင်းဆိုသလိုပဲ ဘုရင်မကြီးအတွက် ဆုတောင်းပေးပြီး အခုလို အမျှော်အမြင်ကြီးစွ ဆော့လို့ရအောင် ဂိမ်းလေးဖန်တီးပေးတာ ကျေးဇူးတင်ပါတယ်ဆိုပြီး ကျေးဇူးသဝဏ်လွှာပို့ခဲ့ပါတယ်တဲ့။

Posted by The Royalists on Friday, July 10, 2020

Timothy Madders ကတော့ ပျော်နေရှာသတဲ့။

Penny

SHARE