မိဘအရင်းအချာများက ဒေါ်လာ (၁၇,၀၀၀) ဖြင့် ကိုယ့်ကလေးကိုယ် ပြန်ရောင်းခဲ့တဲ့ဖြစ်ရပ်

တရုတ်နိုင်ငံ Fujian ဒေသမှာ မိဘအရင်းက ကိုယ့်ကလေးကိုယ်ပြန်ရောင်းတယ်ဆိုတဲ့အကြောင်း နာမည်ကြီးလို့နေပါတယ်။ ဘယ်မိဘက ကိုယ့်သားသမီးကိုယ် ပြန်ရောင်းမလဲ၊ ဖြစ်နိုင်ပါ့မလားလို့ စစချင်းက တွေးမိကြမှာပါ။ ဒါပေမယ့် မိဘက ပိုက်ဆံကြောင့် သားသမီးကို ပြန်ရောင်းတဲ့ အဖြစ်အပျက်တွေ တကယ်ရှိပါတယ်။

Fujian ဒေသက အမှုမှာလည်း ဒေါ်လာ (၁၇,၀၀၀) ကြောင့် သားအရင်းကို သူစိမ်းဆီကို ပြန်ရောင်းချခဲ့တာပါ။

ကလေးလေးဟာ (၈) လအရွယ်ကတည်းက အဖိုးအဖွားနဲ့ နေခဲ့ရတာပါ။ အဖေရောအမေရောကပါ ဆိုးသွမ်းပေတေပြီး အလုပ်မရှိကြတဲ့လူတွေမို့လို့ အဖေဘက်က အဖိုးနဲ့အဖွားက ခေါ်ထားပြီး ပြုစုစောင့်ရှောက်ထားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။

ကလေး (၂) နှစ်ကော်ျလာတဲ့ အချိန်မှာတော့ ကလေးမိဘတွေဟာ အဘိုးအဖွားအိမ်ကနေ လာလာခေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် နေ့ခင်းပိုင်းခေါ် ထားပြီး ညအိပ်ချိန်က အဖိုးနဲ့အဖွားဆီကို ပြန်ပို့ခဲ့ကြပါတယ်။ တစ်ခါတစ်လေ ကလေးကို မခေါ်သွားဖို့ပြောတဲ့အခါကျ ကလေးမိဘက အဖိုးအဖွား မဟုတ်တဲ့အတွက် ဝင်မစွက်ဖက်နဲ့လို့ဆိုကာ မိုက်မိုက်ရိုင်းရိုင်းပြန်တုန့်ပြန်ခဲ့ပါတယ်။

(၃) နှစ်ပြည့်ခါနီးအချိန်အထိ အခုလိုမျိုး လာခေါ်လိုက် ပြန်ပို့ပေးလိုက်နဲ့လုပ်နေပြီး မိဘအရင်းတွေဖြစ်တာကြောင့် ကလေးထိခိုက်အောင်တော့ ဘာမှမလုပ်လောက်ဘူးလို့ တွေးထားတဲ့အတွက် အဖိုးနဲ့အဖွားကလည်း စိတ်ချလက်ချနဲ့ ထည့်ပေးနေခဲ့ပါတယ်။

READ
ချော်လဲသွားတဲ့ လူဝကြီး ပြန်ထနိုင်ဖို့ လူအယောက်(၂၀) ၀ိုင်းဝန်း ကူညီပေးခဲ့ရ

နောက်ပိုင်းတော့ ကလေးကို သူတို့ပဲပြန်ခေါ်ထားတော့မယ်လို့ဆိုကာ ခေါ်သွားခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက ကလေးနဲ့ အဖိုးအဖွားတွေနဲ့ မတွေ့ရတော့တာပါ။ အဆက်အသွယ်လည်း မရတော့ပါဘူး။

မူးယစ်ဆေးဝါးမှုနဲ့ ကလေးအဖေထောင်ကျခဲ့ပါတယ်။ အဖိုးဖြစ်သူက ထောင်ဝင်စာသွားတွေ့တဲ့အခါကျမှ ကလေးလေးဟာ သူတို့နဲ့ ရှိမနေတာ လချီတော့မယ်ဆိုတာ သိခဲ့ရတာပါ။ ကလေးမိခင်ဟာလည်း အဆက်အသွယ်မရခဲ့ပါဘူး။

ကလေးဖခင်အဆိုအရတော့ ကလေးလိုချင်နေပြီး ကျန်းမာရေးကြောင့် မရနိုင်တဲ့ လင်မယားထံသို့ ကလေးလေးကို ရောင်းစားလိုက်တယ်လို့ သိရပါတယ်။ အဖိုးနဲ့အဖွားဆီက ကလေးကို ခေါ်ခေါ်ထုတ်တတ်နေတယ်ဆိုတာဟာလည်း အဲဒီမိသားစုနဲ့ရင်းနှီးအောင် လုပ်ပေးနေခဲ့တာပါ။ ဒေါ်လာ (၁၇,၈၁၆)၊ တရုတ်ယွမ် (၁၂၀,၀၀၀) နဲ့ ရောင်းချခဲ့ပြီး တစ်ယောက်ကို ယွမ် (၆) သောင်းဆီ ခွဲယူခဲ့ကာ ကလေးမိဘနှစ်ယောက် လမ်းခွဲခဲ့ပါတယ်။

SCMP

အဖိုးဖြစ်သူဟာ ဒီအကြောင်းကို သိသိချင်း သက်ဆိုင်ရာသို့အကြောင်းကြားကာ ကလေးလေးကို ပြန်ရှာခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံမှာလည်း ကလေးရောင်းဝယ်မှုပြုလုပ်တာ အရမ်းအပြစ်ကြီးတဲ့ ပြစ်မှုတစ်ခုဖြစ်ပါတယ်။

SCMP

ကလေးလေးကို ကိုယ်ဝန်ရှိတုန်းကတည်းက ဖိုးအေဖြစ်သူဟာ ကလေးကို မွေးပါ၊ ကျွေးနိုင်ရင် သူခေါ်ထားမယ်ဆိုပြီး အတင်းမွေးခိုင်းကာ မိခင်နို့ မလိုတော့တဲ့အချိန်မှာ တကယ်ပဲ ခေါ်ယူမွေးခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ပဲ ကလေးလေးကို ပြန်ရှာတွေ့ကာ အဖိုးနဲ့အဖွားဆီကို ပြန်ပို့ပေးခဲ့ပါတယ်။

READ
လှိုင်းကြမ်းတွေကို ကျော်ဖြတ်ပြီး၊ ပင်လယ်ကြီးကို ကူးဖို့ကြိုးစားနေတဲ့ မြွေဟောက်
SCMP

မိဘက သားသမီးကို ပြန်ရောင်းတာလည်း လူကုန်ကူးမှုမြောက်တဲ့အတွက် ရောင်းသူဝယ်သူနှစ်ဦးနှစ်ဖက်လုံးကို တရားစွဲကာ ထိန်းသိမ်းထားပါတယ်။

တရုတ်နိုင်ငံမှာ မိဘအရင်းက သားသမီးတွေကို ပြန်ရောင်းတာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်မှုတစ်ခုလို့တောင် ဆိုရမှာပါ။ မနှစ်တုန်းက အမေကိုယ်တိုင်က အနှီးထုတ်သမီးလေးကို ရှေ့ပင်ထွက်ဖို့ ပိုက်ဆံမရှိတာကြောင့် ပြန်ရောင်းခဲ့ပြီး နောက်ထပ် အမျိုးသားတစ်ယောက်ကျပြန်တော့လည်း သားလိုချင်တာ သားမရဘဲ သမီးမွေးလာလို့ဆိုပြီး ပြန်ရောင်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကတော့ အင်တာနက်ပေါ် တင်ပြီး မိဘတွေကိုယ်တိုင်ကိုက မွေးကင်းစ ကလေးလေးကို ယွမ် (၆) သောင်းနဲ့ ရောင်းခဲ့ကြတာပါ။

Source: Next Shark, SCMP

Penny

SHARE