မွေးကတည်းက ဦးနှောက်မပါဘဲ မွေးလာတဲ့ကလေးလေးရဲ့ ထူးခြားတဲ့အဖြစ်အပျက်

ကလေးမိဘများဖြစ်တဲ့ Shelley နဲ့ Rob Wall တို့ဇနီးမောင်နှံနှစ်ဦးဟာ ခက်ခက်ခဲခဲကိုယ်ဝန်ဆောင်ခဲ့ရသူတွေမို့ ကိုယ်ဝန်ရှိလာတဲ့အခါ သိပ်ကို ပျော်ရွှင်ခဲ့ကြပါတယ်။ သို့ပေမယ့် OG နဲ့ (၅) ကြိမ်မြောက် သွားပြပြီးတဲ့ အချိန်မှာတော့ ဆရာဝန်ုဟာ ကလေးကိုဖျက်ချပစ်ဖို့ အကြံပေးခဲ့ပါတယ်။

GMBITV

အကြောင်းအရင်းကတော့ သန္ဓေသားမှာ ဦးနှောက်ဖွံ့ဖြိုးမှုနှုန်းကို မတွေ့ရတာကြောင့်ပါ။ ဦးနှောက်စုစုပေါင်းရဲ့ ၂% သာရှိနေတဲ့အတွက် မွေးထုတ်ခဲ့ရင်တောင် ကလေးဟာ အသက်ရှင်နိုင်စွမ်း သိပ်ကိုနည်းလွန်းလှတာကြောင့် ဖျက်ချဖို့အတွက် အကြံပေးခဲ့တာပါ။ အချို့နိုင်ငံတွေတော်တော်များများမှာက ဗိုက်ထဲမှာသန္ဓေသားအဆင့်ပဲရှိနေရင်တောင် ဘာရောဂါရှိလဲ၊ ဥာဏ်ရည်ဖွံ့ဖြိုးမှာလား၊ ကိုယ်လက်အင်္ဂါစုံရဲ့လားဆိုတာကို စစ်ဆေးပေးပြီး အကောင်းအတိုင်းမဟုတ်ခဲ့ဘူးဆိုရင် ဖျက်ချပစ်ဖို့အတွက် ဆရာဝန်တွေကိုယ်တိုင်ကကိုက တိုက်တွန်းလေ့ရှိပါတယ်။

GMBITV

ဒီအပြင် ကလေးမှာက spina bifida လို့ခေါ်တဲ့ လက္ခဏာတစ်မျိုးကိုလည်း ရှာတွေ့ခဲ့ပါသေးတယ်။ Spina bifida ဟာ အောက်ပိုင်းသေခြင်းနဲ့ စိတ်ကျန်းမာရေးချို့တဲ့ခြင်းတို့ကို ဖြစ်စေတာကြောင့် ကံကောင်ထောက်မစွာန့် အသက်ရှင်ခဲ့မယ်ဆိုရင်တောင် အဲဒီဝေဒနာတွေကို ခံစားရမှာပါ။

READ
ကလေးမွေးနေ့မှာ လူဦးနှောက်ပုံကိတ်မုန့်နဲ့ ကြောက်စရာဓာတ်ပုံတွေ ဖန်တီးခဲ့တဲ့ မိခင်

သို့ပေမယ့် Shelley နဲ့ Rob တို့ကတော့ ကလေးဖျက်ချဖို့ကို ငြင်းဆန်ခဲ့ပြီး Noah လေးကို မွေးထုတ်ခဲ့ပါတယ်။

GMBITV

Noah လေးရဲ့ ကုသိုလ်ကံအရမ်းကောင်းတယ်လို့ဆိုရမလားပဲ၊ မွေးခင်းစက ၂% နှုန်းသာ ဦးနှောက်ရှိခဲ့ ကလေး (၃) နှစ်အရွယ်ရောက်တဲ့အချိန်မှာတော့ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ ၈၀% အထိကို တိုးတက်လာခဲ့ပါတယ်။ ဒါဟာ လုံးဝဖြစ်တောင့်ဖြစ်ခဲအခြေအနေတစ်ခုပါ။

GMBITV

ဆရာဝန်တွေကိုယ်တိုင်ကိုယ်က တအံ့တသြဖြစ်ခဲ့ရပါတယ်။ ဆရာဝန်တွေဟာ ဆေးပညာအရ ဒီလိုမျိုး ဦးနှောက်ထပ်မံဖွံ့ဖြိုးလာမယ်ဆိုရင်တောင်မှ ကလေးဟာ စကားမပြောနိုင်၊ အမြင်အာရုံနဲ့အကြားအာရုံချို့ယွင်းပြီး အစာပါမစားနိုင်ဘူးလို့ ခန့်မှန်းထားခဲ့ပေမယ့် ထူးဆန်းစွာ Noah လေးကကတော့ အကုန်လုံးကို လုပ်နိုင်ခဲ့တာပါ။

GMBITV

သာမန်နဲ့မတူဘဲ အသက်အရွယ်နဲ့လိုက်ကာ ဦးနှောက်ဖွံ့ဖြိုးလာတဲ့အတွက်ကြောင့် စိတ်ကျန်းမာရေး အနည်းငယ်ချို့တဲ့နေပေမယ့် သင်မြန်၊ တတ်မြန် ထက်ထက်မြက်မြက်ရှိတဲ့ ကလေးတစ်ယောက်ပါ။ (၆) နှစ်သားအရွယ် ရှိနေပြီဖြစ်တဲ့ Noah ဟာ လမ်းလျှောက်ဖို့ကိုတော့ လေ့ကျင့်နေဆဲဖြစ်ပြီး ရေလှိုင်းစီးကိုသင်ယူနေတယ်လို့သိရပါတယ်။ ရေလှိုင်းစီးတာတတ်သွားပြီဆိုရင်တော့ ရေခဲစကိတ်စီးတာသင်ဦးမယ်လို့လည်း သိရပါတယ်။

READ
ဗာဂျီးနီးယား ကောင်းကင်ယံမှာ တွေ့မြင်ရတဲ့ ရှားပါးသဘာဝဖြစ်စဉ်တစ်ခု
GMB/ITV
GMBITV

ဖခင်ဖြစ်သူ Rob ဟာ ဆရာဝန်ကဖျက်ချခိုင်းတဲ့အကြံအပေါ် လူငယ်မိဘတွေဆိုရင်တော့ လုပ်ကောင်းလုပ်နိုင်ပေမယ့် သူတို့ကျတော့ အသက်လည်းကြီးပြီဖြစ်တာကြောင့် ကိုယ့်ရင်သွေးကိုဖျက်ချပစ်လိုက်ဖို့ သတ္တိမရှိခဲ့ကြောင်း၊ ဒါကြောင့် Noah ကို အခွင့်အရေးတစ်ခုပေးခဲ့တာဖြစ်ကြောင့် ပြောခဲ့ပါတယ်။

GMBITV

Source: Unilad

Penny

 

SHARE