လူသွားစင်္ကြန်ပေါ်မှာတောင် ရိုနိုင်လွန်းတဲ့ စုံတွဲတစ်တွဲရဲ့ ဗီဒီယိုဖိုင်

Youtube

ဇွန်လ(၂၁) ရက်နေ့တုန်းက ဖေ့စ်ဘုတ်ပေါ်မှာ ကြည်နူးစရာကောင်းတဲ့ စုံတွဲတစ်တွဲရဲ့ ဗီဒီယိုဖိုင်တစ်ခု တက်လာခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ အမျိုးသမီးတိုင်းလိုလို အားကျဖွယ်ဖြစ်ရမယ့် အမျိုးသားတစ်ယောက်ရဲ့ သူ့ချစ်သူကောင်မလေးအပေါ် ဂရုစိုက်ပုံလေးကို တွေ့မြင်ရမှာပါ။

သူတို့နှစ်ယောက်ဟာ အာရှတိုက်သားစုံတွဲတွေဖြစ်ကြပြီး သူတို့ကို နယူးယောက်မြို့ရဲ့ လမ်းဘေးတစ်နေရာမှာ တွေ့ခဲ့ရတာပါ။ လမ်းလျှောက်နေရင်းနဲ့ ကောင်မလေးက အရေးကြီးကိစ္စပေါ်လာပြီး ဖုန်းပြောဖို့ ကြုံလာခဲ့ပုံရပါတယ်။ ဒါကို ကောင်လေးကနေ ဆောင့်ကြောင့်ထိုင်ပြီး ချစ်သူကောင်မလေးအတွက် ကုလားထိုင်သဖွယ် ပြုလုပ်ပေးခဲ့တာပါ။

what is new york/FB

ကောင်လေးဟာ လက်ထဲမှာလည်း အထုပ်တစ်ထုပ်ကို ဆွဲမြှောက်ထားပြီး လမ်းသွားလမ်းလာတွေကြည့်မှာတောင် မစိုးရိမ်ပဲ ကောင်မလေးအပေါ် သူဘယ်လောက်ထိ မြတ်နိုးကြောင်းကို ဖော်ပြနေတာပါ။ ဆောင့်ကြောင့်ထိုင်နေရင်းနဲ့ပဲ ကောင်မလေးရဲ့ ကျောကုန်းပေါ်ကို တစ်ချက်ငုံ့နမ်းလိုက်တာကိုလည်း တွေ့ရပါလိမ့်မယ်။

ဒီဗီဒီယိုဟာ အွန်လိုင်းမှာ ထွက်ပေါ်လာပြီးနောက်ပိုင်းတော့ အားလုံးက အမျိုးမျိုး အဖုံဖုံဝေဖန်လျက် ရှိနေပါတယ်။ တချို့ကလည်း လူသွားလမ်းစင်္ကြန်ပေါ်မှာ အခုလို ရိုပြနေတာမျိုးက လမ်းသွားလမ်းလာတွေကို အနှောင့်အယှက်ဖြစ်စေတယ်လို့ ဆိုပါတယ်။ တစ်ခါတစ်လေမှာတော့ တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း သက်သေပြဖို့ သိပ်အများကြီးလုပ်နေစရာမလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမယ်၊ အရာသေးသေးဖွဲဖွဲလေးတွေကစလို့ ရိုးရိုးရှင်းရှင်းနဲ့ ဂရုစိုက်တတ်မယ်ဆိုရင်ပဲ တော်တော်လေး အဆင်ပြေနေပြီလို့ ယူဆမိပါတော့တယ်။

There’s chivalry and then there’s this #whatisnewyork

Posted by What Is New York on Friday, June 21, 2019

လင်းလင်း (ShweMom)

SHARE