ဝှီးချဲနဲ့ချစ်သူအတွက် အိမ်တွင်းဓာတ်လှေကား ကိုယ်တိုင်ဖန်တီးပေးခဲ့တဲ့အမျိုးသား

JerryRigEverything/YouTube

မိန်းကလေးတစ်ယောက်ကို တကယ်ချစ်မိခဲ့ရင် ကိုယ့်ချစ်သူလေး လိုအပ်သမျှ အရာအားလုံး ကိုယ်တိုင်ဖြည့်ဆည်းပေးချင်ကြတဲ့စိတ်ဟာ အမျိုးသားတို့ရဲ့ရင်ထဲ အလိုအလျောက်ပေါက်ဖွားလာတတ်ကြပါတယ်။ Zack Nelson ဆိုတဲ့ အမျိုးသားဟာလည်း ထိုနည်းတူပါပဲ။

Zack ရဲ့ ချစ်သူကောင်မလေးဟာ ခန္ဓာကိုယ်အောက်ပိုင်းမှာရှိတဲ့ အကြောတွေဘာမှ စွမ်းဆောင်နိုင်ခြင်းမရှိတော့တာကြောင့် ဘီးတပ်ကုလားထိုင်နဲ့ သွားလာလှုပ်ရှားနေရသူလေးတစ်ယောက်ပါတယ်။ ဖြစ်ချင်တော့ သူတို့အတူတူနေနေကြတဲ့ အိမ်မှာက အိပ်ခန်းဟာ လှေကားနဲ့တက်မှ ရောက်နိုင်မှာပါ။ ဒါကြောင့်မလို့ ဘယ်သွားသွား Cambry ကို Zack ခင်ဗျာ သယ်ပိုးပြီး အပေါ်တက်အောက်ဆင်းလုပ်နေခဲ့ရပါတယ်။ ဒါကို Cambry ကလည်း Zack ကို အားနာတဲ့အတွက်ကြောင့် တော်ရုံအောက်ဆင်းချင်တာ၊ ဘယ်သွားချင်တာ စတာတွေကို မပြောတော့ပါဘူးတဲ့။

JerryRigEverything/YouTube

ဒါကြောင့် Zack ကနေပြီး နှစ်ဦးနှစ်ဖက်လုံးအဆင်ပြေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Cambry အတွက် တစ်ခုခုလုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ အဲဒါကတော့ အိမ်တွင်ဓာတ်လှေကားဖန်တီးပေးဖို့ပါ။ ၂ ထပ်အိမ်ဖြစ်တာနဲ့အညီ ဝှီးချဲနဲ့မလို့ လူတစ်ယောက်ပါမှ အတက်အဆင်းလုပ်နိုင်တဲ့ Cambry လည်း ဒီစက်လှေကားလေးရှိသွားရင် အကူအညီမလိုဘဲ ကိုယ့်အားကိုယ်ကိုးနိုင်ပြီပေါ့။

READ
ဆွီဒင်နဲ့ နော်ဝေမှာ ခွဲဝေကျင်းပခဲ့တဲ့ နိုဘယ်ဆုချီးမြင့်ပွဲ အခမ်းအနားပုံရိပ်များ
JerryRigEverything/YouTube
JerryRigEverything/YouTube

Zack ဟာ YouTube မှာ JerryRigEverything ဆိုတဲ့ channel တစ်ခုရဲ့ YouTuber တစ်ယောက်ဖြစ်ပါတယ်။ အဲဒီ channel မှာဆိုရင် Zack ဟာ အိမ်တွေကို ပုံစံအဆန်းတွေဖြစ်အောင် ပြန်ပြင်တာတို့၊ စက်ပစ္စည်းတွေကို ဟိုဖြုတ်ဒီတပ်လုပ်ပြီး အသစ်တစ်ခုပြန်ဖန်တီးတာတို့ လုပ်ပြနေသူတစ်ယောက်ပါ။ လက်မှုပညာရော၊ စက်မှုပညာရောမှာ ကျွမ်းကျင်သူတစ်ယောက်ပေါ့။ ဒါကြောင့်လည်းအိမ်တွင်းစက်လှေခါးကြီးကို ကိုယ်တိုင်လုပ်ပေးနိုင်ခဲ့တာပါ။ လုပ်ငန်းစဉ်အကုန်လုံးကို ရိုက်ကူးထားတဲ့ ဗီဒီယိုကိုလည်း သူ့ရဲ့ YouTube channel မှာ တင်ခဲ့ပြီး ကြည့်ရှုသူပေါင်း သိန်း ၈၀ တောင်ရှိလို့နေခဲ့ပါတယ်။

Penny

SHARE