ညဘက်အပြင်ထွက်တဲ့ ရည်းစားကို ပညာပေးလိုက်တဲ့အမျိုးသမီး

ချက်နိုင်ငံသားတွေဖြစ်တဲ့ Cenek နဲ့ Lenka တို့ဟာ ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့သူတွေ ဖြစ်ပါတယ်။
ထိုင်းကို ရောက်တာနဲ့ ရည်းစားဖြစ်တဲ့ အမျိုးသားက ခြေရှုပ်ပြီး ဘန်ကောက်ရဲ့ညအလှကို ခံစားမည်ဟု ဆိုကာ အချိန်
တော်တော်ကြာသည်အထိ ပြန်မလာပါဘူး။

ပြန်လာခဲ့ပြီဆိုရင်လည်း အမူးအကွဲ လူမှန်းသူမှန်းမသိအောင် သောက်လာလေ့ရှိတဲ့အတွက် Lenak ဟာ စိတ်ညစ်နေရပါတယ်။ သူမတို့ တည်းခိုနေထိုင်တဲ့ နေရာဟာ နာမည်သိပ်မကြီးတဲ့ Khaosan လမ်းက ဧည့်ဂေဟာ တစ်ခုမှာ ဖြစ်ပါတယ်။ နောက်တော့ Lenak ဟာ အကြံတစ်ခု ရပြီး ထိုင်းနိုင်ငံမှာ ပေါပေါလောလော ရှိတဲ့ Ladyboy တစ်ယောက်ကို အကူအညီတောင်းကာ သူမရဲ့ အကြံအစည်ကို အကောင်အထည် ဖော်ခဲ့ပါတယ်။

READ
အိုင်ဖုန်းအသစ်တစ်လုံးဝယ်ရာမှ နာမည်ကြီးအနုပညာရှင်တွေရဲ့ ဖုန်းနံပါတ်တွေပါနေတဲ့အဖြစ်ဆန်း
Ladyboy

Ladyboy ဆိုတာက အမျိုးသားဘ၀ကနေ အမျိုးသမီးဘ၀ကို ခံယူထားတဲ့ သူတွေ ဖြစ်ပါတယ်။ အခုလည်း အဲဒီ Ladyboy ရဲ့ အကူအညီနဲ့ ဇာတ်လမ်းက လှပခဲ့ပါတယ်။ အဲဒီ Ladyboy က မူးမူးကန်းကန်းနဲ့ အိပ်ပျော်နေတဲ့ Cenek ကို
” မောင်ရေ .. ထတော့ … မနေ့ညတုန်းက သိပ်မိုက်တာပဲ … ထပ်လုပ်ရအောင် “ဆိုပြီး မူနွဲ့နွဲ့ ပြောတဲ့အခါ Cenek တစ်ယောက် အလန့်တကြား နိုးလာခဲ့ပါတယ်။

အဲဒီအချိန်မှာ Lenak က အ၀တ်ဘီရိုထဲကနေ ဗွီဒီယို ရိုက်ကူးနေတာပါ။ အဲဒီအချိန်မှာ မူးမူးကန်းကန်းနဲ့ နိုးလာတဲ့ Cenek တစ်ယောက် ခေါင်းနပန်းကြီးသွားပြီး သောက်ထားသမျှ အကုန်ပြေကုန်ပါတယ်။ ပါးစပ်ကလည်း ” ဟ သောက်တလွဲ
တွေတော့ ဖြစ်ကုန်ပြီ … မင်းက Lanak မဟုတ်ဘူး … Lanak ဘယ်မှာ Lanak  လဲ ” စသဖြင့် သွေးရူးသွေးတန်းနဲ့ အော်ခဲ့ပါတယ်။ နောက်မှာ မိန်းမဖြစ်တဲ့ Lenak အမှောင်ထဲက ဗီရိုထဲကနေ ထွက်လာကာမှ ကိုယ့်ဆရာ ဟင်းချပြီး ပြုံးနိုင်ပါ
တော့တယ်။

READ
အိမ်ဖြူတော်ဆီ လာလည်ဖို့ တရားဝင် ဖိတ်ကြားချက်ကို လက်ခံလိုက်တဲ့ ကင်ဂျုံအန်

လင်းဇော်ကို (Shwemom)

source : mirro.co.uk

SHARE