ဖောက်ပြန်တဲ့ချစ်သူကို ကြော်ငြာဆိုင်းဘုတ်ထောင်ပြီး အရှက်ခွဲခဲ့တဲ့အမျိုးသား

ကိုယ်ကအရမ်းချစ်ရတဲ့ ချစ်သူတစ်ယောက်က ကိုယ်မဟုတ်တဲ့တခြားတစ်ယောက်နဲ့ ခိုးချစ်နေတဲ့အခါ ခံစားရမယ့်ခံစားချက်ကြီးက ပြောမပြတတ်အောင်ကို နက်နဲနာကျင်လွန်းလှပါတယ်။ ရည်းစားလူလု၊ အူနုကျွဲခတ်ဆိုတဲ့ ဆိုရိုးလည်းရှိတယ်မဟုတ်လား။

လူမှုကွန်ယက်တွေခေတ်စားနေတဲ့အခုခေတ်မှာဆိုရင်တော့ သစ္စာမရှိတဲ့ရည်းစားရဲ့ပုံတွေကိုတင်ပြီး ကျွန်တော်၊ ကျွန်မကိုတော့ဖြင့် ဘယ်လိုမျိုးသစ္စာဖောက်သွားပါတယ်ဆိုပြီး ကြွေးကြော်တတ်ကြပေမယ့် မလေးရှားနိုင်ငံကအမျိုးသားတစ်ဦးကတာ့ သူ့အပေါ်သစ္စာဖောက်သွားတဲ့ အမျိုးသမီးကို လူမှုကွန်ယက်မှာမဟုတ်ဘဲ တစ်တိုင်းပြည်လုံးပါသိစေမယ့် နည်းလမ်းနဲ့ လမ်းခွဲကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

Twitter
Twitter

ဒီအကြောင်းကိုတော့ @myxzptlx ဆိုတဲ့ Twitter account မှာ တင်ထားတဲ့ဗီဒီယိုကြောင့် လူတွေကြားထဲ ပေါက်သွားခဲ့တာပါ။ ဗီဒီယိုကိုကြည့်မယ်ဆိုရင် လမပေါ်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတို့ စကားများရန်ဖြစ်နေတာကိုတွေ့ရမှာပါ။ သာမန်အတိုင်းဆိုရင်တော့ သမီးရည်းစားအချင်းချင်း စိတ်အခန့်မသင့်လို့စကားများကြတဲ့ပုံစံမျိုး တွေးထင်မိမှာဖြစ်ပေမယ့် လမ်းမတစ်ဘက်ကမ်းက ကြော်ငြာဆိုင်းဘုတ်ပေါ်ကို ကင်မရာရောက်သွားတဲ့အခါမှာတော့ လူအများကို အံ့အားသင့်စေမယ့် ဆိုင်းဘုတ်တစ်ခုကိုမြင်တွေ့ရမှာပါ။

Twitter

အမျိုးသမီးတစ်ဦးဓတ်ပုံနဲ့ဆိုင်းဘုတ်မှာတော့ “မင်းငါ့အသည်းကိုခွဲပြီး ဖောက်ပြန်လို့ မင်းနဲ့ငါပြတ်ပြီ” ဆိုတဲ့ စာကိုလည်း ထည့်သွင်းထားပါသေးတယ်။ ကြော်ငြာဆိုင်းဘုတ်ထထဲက အမျိုးသမီးဟာ ဗီဒီယိုထဲ စကားများနေတဲ့အမျိုးသမီးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

READ
နှစ်တွေကြာလေ အနမ်းခြွေပုံတွေ ပြောင်းလဲလာလေ ဖြစ်နေတဲ့ ဘက်ခမ်းမောင်နှံ
Twitter

ဗီဒီယိုဟာ ကြည့်ရှုသူပေါင်း 888K ကျော်ရှိနေပြီး တချို့ကတော့ ရုပ်ရှင်ရိုက်တဲ့ ရိုက်ကွင်းလို့ပြောထားပေမယ့် တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

Source: World of Buzz , Twitter

Penny

 

SHARE