ချစ်သူမိန်းကလေးက ခြေထောက်နာနေလို့ဒေါက်ဖိနပ်လဲစီးပေးခဲ့တဲ့အမျိုးသား

ယောင်္ကျားလေးတစ်ဦးဟာ ချစ်သူကောင်မလေးကဒေါက်မြင့်ဖိနပ်ကြောင့်ခြေထောက်နာနေတာကိုမြင်ရတဲ့အတွက်ကြောင့် သူ့ဖိနပ်နဲ့လဲပြီးစီးပေးခဲ့တာကို Viral4real မှာစိတ်လှုပ်ရှားဖွယ်တွေ့ရှိခဲ့ရပါတယ်။ အမျိုးသမီးတွေက ဒေါက်မြင့်ဖိနပ်နဲ့ဆိုရင်ကြည့်လို့အလွန်ကောင်းကြပါတယ်။ ဒါပေမယ့် ရလဒ်ဆိုးတခုအနေနဲ့ကတော့ ခြေထောက်နာလေ့ရှိတာပဲဖြစ်ပါတယ်။

တရုတ်ပြည်တောင်ပိုင်းက Xinqiao အမည်ရှိတဲ့ဆေးရုံတခုရဲ့ ၅လွှာမှာ လူတစ်ယောက်ကဒေါက်မြင့်ဖိနပ်စီးထားတာကို ကင်မရာကနေတဆင့်တွေရှိခဲ့ပါတယ်။ အချို့က ဒီအကြောင်းကြားပြီး ရယ်ချင်မှာဖြစ်ပေမယ့်  ဒီအဖြစ်အပျက်ရဲ့နောက်ကွယ်ကအကြောင်းကိုသိရရင်တော့ စိတ်ကြည်နူးသွားမှာဖြစ်ပါတယ်။

ဒေါက်ဖိနပ်စီးထားတဲ့ကောင်လေးရဲ့ ချစ်သူအမျိုးသမီးလေးက အချိန်အတော်ကြာအောင် ဒေါက်မြင့်စီးထားပြီး ခြေထောက်နာနေတာပါ။ ဒါကိုကောင်လေးက သူရဲ့သက်တောင့်သက်သာရှိတဲ့ ယောင်္ကျားစီးဖိနပ်ကိုချွတ်ပြီး ကောင်မလေးရဲ့ဒေါက်မြင့်နဲ့ အလဲအလှယ်လုပ်ပြီး စီးခဲ့ပါတယ်။ သူများတွေကလှောင်ပြောင်သရော်မှာကို ဂရုမစိုက်ပဲနဲ့ သူမသက်တောင့်သက်သာဖြစ်စေဖို့အတွက်သာရည်ရွယ်ပြီး လုပ်ပေးခဲ့တာပါ။

ဓာတ်ပုံတွေကိုတော့ Xie အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးက ရိုက်ခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ်မှာဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါ post ဟာညတွင်းချင်းပဲပျံ့နှံ့သွားခဲ့ပြီး လူများရဲ့အာရုံစိုက်မှုကိုရရှိခဲ့ပါတယ်။ အင်တာနက်သုံးစွဲသူအချို့ကလဲ အလားတူအဖြစ်အပျက်မျိုးကို ပြောပြကြပါတယ်။ Sohu News မှာလူတစ်ယောက်ရေးခဲ့တာကတော့ သူ့အမေနေမကောင်းဖြစ်တုန်းကလဲ အဖေဖြစ်သူက ဆေးရုံကိုအရေးပေါ်ပို့ပေးခဲ့တယ်လို့ဆိုပါတယ်။ အမေရဲ့အခြေအနေတည်ငြိမ်သွားတဲ့အထိအနားမှာနေပေးခဲ့ပြီး သူ့ဖိနပ်တွေကိုပေးဝတ်ထားတယ်လို့ပြောပါတယ်။ သူတို့ဆေးရုံရောက်တော့ အဖေဖြစ်သူက ခြေထောက်ဗလာကြီးနဲ့ ဖြစ်နေတဲ့အကြောင်းကို ပြန်ပြောပြထားတာကိုတွေ့ရပါတယ်။ ယောင်္ကျားလေးတွေအနေနဲ့ Viral4real အရ အဆိုပါအမျိုးသားလေးဆီကနေ စာနာတတ်တဲ့အကျင့်ကောင်းလေးတွေကို သင်ယူသင့်ပါတယ်လို့ဆိုထားပါတယ်။

READ
ရောမလမ်းဘေးမှာလေလွင့်နေတဲ့မိန်းမပျိုလေးက သူရဲ့သမီးဖြစ်ကြောင်းဆွီဒင်ဖခင်တစ်ဦးပြောကြား

လင်းလင်း(Shwemom)
Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE