အဖေ့ဘဏ်အကောင့်ထဲက ရူပီး(၁၆)သိန်းကို PUBG skin တွေ ၀ယ်ဖို့ သုံးခဲ့တဲ့ ကောင်လေး

Youtube-Opening +265 Free Crates Classic, Premium, Royal Pass 😱🔥 | PUBG MOBILE

ဒီနေ့ခေတ် လူငယ်တော်တော်များများကတော့ PUBG, Mobile Legend အစရှိတဲ့ ဖုန်းဂိမ်းတွေနဲ့ တော်တော်ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီဂိမ်းတွေဟာလည်း ဒီနေ့ခေတ်ကြီးထဲမှာ လူငယ်တော်တော်များများ ဆော့ကစားနေတဲ့ ဂိမ်းတွေဖြစ်ပြီး Mobile ဖုန်းဂိမ်းတွေထဲမှာ အအောင်မြင်ဆုံး ဂိမ်းတွေလို့တောင် ပြောရမှပဲ ဖြစ်ပါတယ်။ အခုလည်း အိန္ဒိလူငယ်လေးတစ်ယောက်ဟာ သူ့အဖေရဲ့ ဘဏ်အကောင့်ထဲက အိန္ဒိယ ရူပီး ၁၆ သိန်း (မြန်မာငွေ သိန်း ၃၀၀နီးပါး) ကို PUBG ဂိမ်းထဲက Skin တွေ ဝယ်ဖို့အတွက် အသုံးပြုခဲ့ကြောင်း Indiatoday သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊ Punjab ပြည်နယ်၊ Khagar မြို့မှာနေထိုင်တဲ့ အသက် ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ သူ့ဖခင်ဘဏ်အကောင့်ထဲက ရူပီး ၁၆ သိန်းကို ကို အသုံးပြုပြီး PUBG ဂိမ်းထဲက Skin ဝယ်ခြင်း၊ Royal Pass ဝယ်ခြင်း၊ Premium box တွေ မဲဖောက်ခြင်း အစရှိတာတွေကို လုပ်ခဲ့ပါတယ်။ အမှန်တဟ်ကယ်ကတော့ အဲဒီငွေတွေဟာာဖခင်ရဲ့ ကျန်းမာရေးကိစ္စတွေအတွက်နဲ့ သူ့သားရဲ့ ကျောင်းကိစ္စတွေမှာ အသုံးပြုဖို့အတွက် စုဆောင်းထားတဲ့ ငွေတွေဖြစ်ပါတယ်။

READ
မူးမူးရူးရူးနဲ့ အိပ်ပျော်နေစဉ် မျက်ခွံတွေပ်ါမှာ Tattoo အထိုးခံလိုက်ရတဲ့ အမျိုးသား
Pixabay-geralt

အဆိုပါကောင်လေးဟာ တော်တော်လည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ကိုယ်ပိုင်ဖုန်းမရှိသော်လည်း ဖခင်ဖြစ်သူရဲ့ ဖုန်းကို အမြဲယူထားပါတယ်။ အကြောင်းကတော့ Online class တွေ တက်ဖို့ဆိုပြီး အကြောင်းပြခဲ့ပါတယ်။ ဒီလိုနဲ့ ဖခင်ကြီးကလည်း သားဖြစ်သူကို ယုံကြည်ပြီး ဖုန်းကို အချိန်ပြည့်ပေးခဲ့ပါတယ်။ ကောင်လေးကတော့ နေ့စဉ်နီးပါး ဖခင်ကြီးဖုန်းထဲမှ ဘဏ်အကောင့်ကိုဝင်ကာ PUBG skin တွေအတွက် အသုံးပြုနေသလို ဘဏ်ကနေ ဖုန်းထဲကို ပို့တဲ့ message တွေကိုလည်း ဖျက်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့ ဖခင်ဖြစ်သူက ဘဏ်သွားပြီး ပိုက်ဆံသွားထည့်တဲ့အချိန် Bank statement ရတော့မှ သူ့သားက ဖုန်းထဲက ဘဏ်အကောင့်ကိုဝင်ကာ ပိုက်ဆံတွေကို နေ့စဉ်အသုံးပြုနေကြောင်း တွေ့ရှိခဲ့ရပါတယ်။

Pixabay-mohamed_hassan

“တော်တော်ကို စိတ်ပျက်ခဲ့မိပါတယ်။ အဲဒီပိုက်ဆံတွေက ကျွန်တော်ကျန်းမာရေးကိစ္စရယ်၊ သူ့ရဲ့ ပညာသင်စရိတ်တွေအတွက် ကြိုစုထားခဲ့တာပါ။ အဲဒီပိုက်ဆံတွေကို သူမို့လို့ မနှမျောတတ်တာဗျာ။ တော်တော်လေးကို အံ့သြမိတယ်။ သားသမီးယုံ စုံလုံးကန်းဆိုတာ ဒါမျိုးပဲပေါ့ဗျာ။ အခုတော့ သူ့ကို အိမ်မှာ ဒီအတိုင်းမနေခိုင်းတော့ပါဘူး။ ပိုက်ဆံရဲ့ တန်ဖိုးကို သိရအောင် ဆိုင်ကယ်ပြင်ဆိုင်ပို့ပြီး အလုပ်လုပ်ခိုင်းထားပါတယ်။ ဒါမှ ပိုက်ဆံရဲ့တန်ဖိုးကို ဒင်းကောင်းကောင်းသိမှာ” လို့ အဆိုပါကောင်လေးရဲ့ ဖခင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

READ
မိုးကိုတောင် မရမကတားပြီး ပွဲလုပ်ခဲ့တဲ့ Louis Vuitton

Pyi Hein Kyaw

SHARE