ဂျိုလီနဲ့လမ်းခွဲပြီးတဲ့နောက် အရက်သမားလုံးလုံးဖြစ်ခဲ့တဲ့ အကြောင်းပြောလာတဲ့ ဘရက်ပစ်

facebook.bratpittself/bradpittoficial

ဘရက်ပစ်ကတော့ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ဇနီးဟောင်း ဂျိုလီနဲ့ လမ်းခွဲပြီးတဲ့နောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုပတာကို ပြောပြလာခဲ့တာဖြစ်ပါတယ်။ ဘရက်ပစ်ကတော့ သူ့ရဲ့အမှားတွေကို ပြန်လည်သုံးသပ်ပြီး အရှက်ကွဲခဲ့တယ်လို့ အမြဲခံစားနေရတာကြောင့် အရက်တွေသောက်ပြီး စိတ်ထွက်ပေါက်ရှာဖို့ ကြိုးစားခဲ့ရာကနေ အရက်သမားလုံးလုံးဖြစ်ခဲ့တဲ့အကြောင်းကို အင်တာဗျူးမဂ္ဂဇင်းနဲ့ အမေးအဖြေမှာ ပြောပြလာခဲ့တာဖြစ်ပါတယ်။

instagram.bradpittoficial

၂၀၁၆ ခုနှစ်မှာ ဂျိုလီကအရင်စပြီး ကွာရှင်းဖို့အတွက်တောင်းဆိုလာတဲ့နောက်မှာတော့ ဘရက်ပစ်ဟာ နှစ်နှစ်နီးပါးလောက် ဆေးတွေသုံး၊ အရက်တွေသောက်ပြီး ဖြစ်သလိုနေခဲ့တာတယ်ဆိုတဲ့အပြင် သူ့ရဲ့ ခံစားချက်တွေကို ဖွင့်ဟနိုင်မယ့် နေရာတွေ၊တွေ့ဆုံပွဲတွေကို တက်ရောက်ခဲ့တဲ့အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

facebook.bratpittself

ဘရက်ပစ်နဲ့ ဂျိုလီတို့ကတော့ ၁၂ နှစ်တာကာလကို နှစ်ယောက်အတူ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ဘရက်ပစ် အရက်သောက်တာနဲ့ပတ်သတ်ပြီး ပြဿာနာအကြီးအကျယ်တက်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ယောက်လုံးက လူသိရှင်ကြား တရားဝင် ကွာရှင်းခဲ့တာဖြစ်ပါတယ်။

READ
ရေကူးအင်္ကျီအနက်ရောင်နဲ့ Sexyဖြစ်နေတဲ့ Kim Kardashian
facebook.bratpittself

Source: hollywood life

SHARE