ဇနီးဟောင်း Jennifer Aniston ရဲ့ မွေးနေ့ပွဲကို Brad Pitt တက်ရောက်ရတဲ့ အကြောင်းအရင်း

Brad Pitt  ကတော့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းလောက် သူ့ရဲ့ ဇနီးဟောင်း Jennifer Aniston ရဲ့ အသက် (၅၀)ပြည့်မွေးနေ့ပွဲကို တက်ရောက် ခဲ့ပါတယ်။Brad Pitt  နဲ့ Jennifer Aniston တို့ကတော့ တစ်ချိန်တုန်းက အရမ်းကိုချစ်ပြီး နာမည်ြ ကီးခဲ့ကြတဲ့ ဆယ်လီမောင်နှံပါ။ဇနီးဟောင်းရဲ့ မွေးနေ့ပွဲကို Brad Pitt  တက်ရောက်တဲ့ ကိစ္စကတော့ တွစ်တာပေါ် မှာ တော်တော်လေးကို လူပြောများခဲ့ပါတယ်။ဘာကြောင့် သူမရဲ့ ခင်ပွန်းဟောင်းကို မွေးနေ့ပွဲ ဖိတ်ရတာလဲ။ဘာကြောင့် Brad Pitt ကရော တက်ရောက်ခဲ့ရတာလဲ ဆိုပြီးနောက်ကွယ်က အကြောင်း အရင်းအမှန်ကို အားလုံးက စိတ်ဝင်စား နေကြပါတယ်။

pinterest
pinterest
pinterest

တခြားဆယ်လီတွေဖြစ်တဲ့ Katy Perry, Ellen DeGeneres, Gwyneth Paltrow, Jason Bateman , Kate Hudson တို့ကလည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။ပါပါရာဇီတွေကတော့ ပွဲတက်လာတဲ့ Brad Pittရဲ့ ပုံရိပ် ကို အမိအရကို ရိုက်ခဲ့ကြပါတယ်။ဦးထုပ်ဆောင်းထားပေမယ့် မရမက ရိုက်ယူခဲ့ကြတာပါ။Brad Pitt  နဲ့ ရင်းနှီးတဲ့ အသိုင်းအ၀ိုင်းကနေ ထွက်လာတဲ့ သတင်းတွေအရ တစ်ချိန်က ဇနီးမောင်နှံဖြစ်ခဲ့ကြတဲ့ Brad Pitt  နဲ့ Jennifer Aniston တို့ဟာ လက်ရှိမှာ သူတို့ရဲ့ ပြေလည်နေတဲ့ ဆက်ဆံရေးကို သိုဝှက်ထားဖို့ စိတ်ကူးမရှိဖူးလို့ ဆိုပါတယ်။ Brad နဲ့  Jen  တို့ဟာ မိတ်ဆွေ အဖြစ်နဲ့ နေလာခဲ့တာ အချိန်အတော်ကြာခဲ့ပါပြီ။ဒါပေမယ့် ဂျိုလီနဲ Brad တို့ ပြတ်စဲ ပြီး ချိန်မှာတော့ သူတို့နှစ်ယောက် မိတ်ဆွေအဖြစ်နဲ့နေပြီး တွေ့ကြဆုံကြဖို့ က အဆင်မပြေဖြစ်ခဲ့ပါတယ်။သူတို့နှစ်ယောက် အတူရှိနေတာကို မမြင်ခဲ့တဲ့ သူတွေက သူတို့ရဲ့ မိတ်ဆွေဆက်ဆံရေးကို သံသယရှိနိုင်တဲ့ အတွက် အခုလို ဖြစ်ခဲ့တာပါ။တခြားသူတွေကို Ex တွေဖြစ်တဲ့ သူတို့ရဲ့ ဆက်ဆံရေးက အဆင်ပြေနေတယ်ဆိုတာကို သိစေချင်ခဲ့တာပါ။

READ
ပရိသတ်တွေ "Wow" ဖြစ်သွားမယ့် ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကားတွေရဲ့ ရိုက်ကွင်းပုံစံများ
pinterest
mirror
mirror

Brad ကတော့လူထုတဲ့ ပွဲတွေမှာပဲဖြစ်နေပါစေ သူနဲ့ Jen ရဲ့ မိတ်ဆွေဆက်ဆံရေးကို လူတွေက ဘယ်လို မြင်မလဲ ဆိုတာကို ဂရုမစိုက်တတ်သူပါ။နှစ်ယောက်လုံးကလည်း တစ်ယောက်နဲ့ တစ်ယောက် အားပေးနားလည် နေကြတဲ့ သူတွေလို့ ဆိုပါတယ်။Brad Pitt နဲ့ Jennifer Aniston တို့ကတော့ (၂၀၀၀-၂၀၀၅) မှာ လက်ထပ်ခဲ့ ကြ သူတွေ ပါ။Mr and Mrs Smith ဇာတ်ကားရိုက်ရင်း Brad  က သူ့ရဲ့တွဲဖက်သရုပ်ဆောင် Angelina နဲ့ ချစ်ကြိုး သွယ်ခဲ့ ပါတယ်။

pinterest
pinterest

Source mirror

SHARE