Jennifer Aniston အပေါ် သံယောဇဉ်မကုန်သေးတဲ့ Brad Pitt ရဲ့ အပြုအမူ

Image:Twitter/@themommyhook

 Brad Pitt နဲ့ Jennifer Aniston တို့ကတော့ တစ်ချိန်တုန်းက ဟောလိဝုဒ်ရဲ့  Golden Couple  ဆိုပြီး အရမ်း ကို နာမည်ကြီးခဲ့တာပါ။ကွာရှင်းခဲ့တာက တော့ အခုဆိုရင် (၁၅)နှစ်လောက်ရှိခဲ့ပါပြီ။ Brad Pitt ကတော့ အခုဆိုရင် (၅၆)နှစ် Jennifer Aniston  ကတော့ (၅၀)ရှိနေပါပြီ။သူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းကတော့ (၁၉၉၈)မှာ စခဲ့တာပါ။ (၂၀၀၀) ခုနှစ်မှာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် (၂၀၀၄)မှာတော့ Mr. and Mrs. Smith ဇာတ် ကားမှာ ဂျိုလီနဲ့ ဘရတ်ပစ်တို့ ဇာတ်လမ်းစခဲ့ပါတယ်။

Image:Twitter/@themommyhook

ဂျိုလီ ၀င်လာပြီးနောက်မှာတော့ ဘရက်ပစ်နဲ့ Jennifer Aniston တို့ရဲ့ အိမ်ထောင်ရေးပြိုကွဲခဲ့ပါတယ်။ (၂၀၀၅)မှာေ တာ့ ကွာရှင်းခဲ့ပါတယ်။ဂျိုလီကတော့   Mr. and Mrs. Smith ရိုက်ကွင်းမှာတည်းက ဘရတ်ပစ်ကို ချစ်မိသွားခဲ့တာ ဆိုပြီး အဲ့ဒီနောက်ပိုင်း အင်တာဗျူးတွေ မှာ  ဖြေခဲ့ပါတယ်။ဂျိုလီနဲ့ ဘရတ်ပစ်တို့ ဇာတ်လမ်းစနေတဲ့ အချိန်တွေတုန်းက Jennifer Aniston တစ်ယောက် ရူးလောက်အောင် ခံစားနာကျင်ခဲ့ရတယ်ဆိုပြီး သတင်းတွေလည်း ထွက်ပေါ် ခဲ့ဖူးပါတယ်။

Image:Twitter/@themommyhook

အခုလက်ရှိမှာတော့ ဘရတ်ပစ်က ဂျိုလီနဲ့ ဇာတ်လမ်း ပါ တစ်ခန်းရပ်ခဲ့ပါတယ်။ဂျိုလီ နဲ့က မိတ်ဆွေ ဆက်ဆံ ရေးမျိုး  ပါ မရှိတော့ပေမယ့်  အရင်ဇနီးဟောင်း Jennifer Aniston နဲ့ ကတော့ အခုထိ မိတ်ဆွေ သူငယ်ချင်းလို ဆက်ပြီး ခင်မင် နေကြတုန်းပါ။နှစ်ယောက်သား ပြန်ပေါင်းထုပ်တယ်ဆိုတဲ့ ကောလာဟလ တွေ ထွက်ခဲ့ပေမယ့် ကာယကံရှင် နှစ်ယောက်လုံး ကတော့ ငြင်းဆိုခဲ့ပါတယ်။ဒါပေမယ့် ဘရတ်ပစ်ရဲ့ Jennifer Aniston  အပေါ် ထားတဲ့ သံယော ဇဉ် ကတော့ အခုထိ မကုန်သေးဘူးဆိုတာကို SAG Awards စင်နောက်မှာ ရှိနေခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ပုံတွေ ကို ကြည့်ရင် သိနိုင်ပါတယ်။

SAG ပွဲမှာတော့ ဘရတ်ပစ်က ဇာတ်ပို့ ဆု ၊Jennifer Aniston ကတော့  ဒရမ်မာစီးရီး အမျိုးသမီး ဇာတ်ဆောင်ဆု  ရခဲ့ပါတယ်။Jennifer Aniston  ဆုလက်ခံ ရယူပြီး မိန့် ခွန်းပြောနေချိန်မှာလည်း ဘရတ် ပစ်က ကြင်ကြင်နာနာ နဲ့ ကြည့်နေခဲ့ပါတယ်။သူတို့ နှစ်ယောက် အတူ စကားပြောပြီးလို့ Jennifer Aniston   က လှည့်ထွက်ချိန်မှာလည်း ဘရတ်ပစ်က သံယောဇဉ် မပြတ်သေးတဲ့ ပုံစံ မျိုးနဲ့ လက်ကို ဆွဲ ထားခဲ့ပါတယ်။

အဲ့ဒီပွဲ မှာ ဘရတ်ပစ်ရဲ့ အပြုအမူကို Body Language ပညာရှင် တစ်ယောက် ဖြစ်တဲ့ Patti Wood က သုံး သပ် ခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ အမူအရာ ပုံစံမျိုးက တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နက်ရှိုင်းတဲ့ ဆက်သွယ်မှု ရှိနေတယ်ဆိုတာကို ပြနေကြောင်း၊ဘရက်ပစ်ရဲ့ ညာလက်ကို ကြည့်မယ်ဆိုရင် သူ့ခါး အောက်နားလောက်ထိ နှိမ့် ဆွဲ ကိုင် ထားတာကို တွေ့ရကြောင်း…

ဘယ်လက်ကတော့ Aniston ရဲ့ ညာလက်မောင်းကို ဖမ်းကိုင်ထားကြောင်း၊ဒီလို ကိုယ်အမူအရာကို သုံးသပ်မယ်ဆိုရင်တော့ “ငါနဲ့ အတူနေပေးပါ..” ဆိုပြီး အသံ တိတ်စကားနဲ့ ပြောနေတာ ဆိုပြီး  Body Language ပညာရှင် Patti Wood က သုံးသပ် ခဲ့ပါတယ်။Jennifer Aniston  ရဲ့ Body အ နေ အထား ကို ကြည့်မယ်ဆိုရင်တော့ သူမရဲ့ ရင်ဘတ်ပိုင်းက ဘရတ်ပစ်ဘက်ကို တိမ်းညွတ် ထားတဲ့ အ နေ အထား မျိုး ဖြစ်ေ ကြာင်း၊ဘရတ်ပစ် အပေါ် ဂရုစိုက်တဲ့ စိတ်မျိုး သူမမှာ ရှိပေမယ့် နှလုံးသားရေးရာ ဆက်နွယ်မှု မျိုးကိုတော့ တားဆီး ထားတဲ့ ပုံမျိုးလို့ Wood ကပြောခဲ့ပါတယ်။

READ
ပရိသတ်တွေအတွက် ပုံအလန်းလေးတွေ တင်လိုက်တဲ့ ရွှေစင်

Source:marieclaire

SHARE