ရိုက်ကွင်းမှာcဖုန်းသုံးတာနဲ့ အလုပ်ဖြုတ်ပစ်တဲ့ ဒါရိုက်တာအကြောင်း ပြောပြခဲ့တဲ့ Brad Pitt

Featureflash Photo Agency/Shutterstock

Quentin Tarantino လို့ပြောရင် ဟောလိဝုဒ်လောကမှာ နည်းပညာတွေ မနှစ်သက်တဲ့ဒါရိုက်တာတစ်ယောက်ဆိုပြီး သူတို့ဆီမှာတော့ တန်းသိကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သူ့ရိုက်ကွင်းမှာ အလုပ်လုပ်သူမှန်သမျှ အလုပ်ချိန်မှာ ဖုန်းသုံးတာ တွေ့ပြီဆိုတာနဲ့ အလုပ်တန်းဖြုတ်ပစ်တာ ခပ်များများပါပဲတဲ့။ ဒီအကြောင်းကတော့ Once Upon A Time In Hollywood ရိုက်ကွင်းမှာ လူပိုသိပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ရတာပါ။

Featureflash Photo Agency/Shutterstock
Featureflash Photo Agency/Shutterstock

Quentin Tarantino ဟာဆိုရင် ၂၀၁၉ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ Once Upon A Time In Hollywood အပြင် Pulp Fiction, Kill Bill, The Hateful Eight, Sin City စတဲ့ နာမည်ကျော်ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ပညာပြည့်ဝဒါရိုက်တာတစ်ဦးပါ။ ဒီလိုပါရမီထူးကဲလှတဲ့ သူဟာ ၂၀၁၄ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ Cannes Film Festival မှာတုန်းက 35mm ကို စတင်မိတ်ဆက်ပေးလိုက်ချိန်ကစပြီးတော့ နည်းပညာတွေကို မုန်းသွားခဲ့တာဖြစ်ဟန်တူတယ်လို့ Insider မှာ ဖော်ပြထားခဲ့ပါတယ်။ 35mm ဟာ cinema လို့ခေါ်တဲ့ ရုပ်ရှင်ရုံခေတ်ကို ပျက်ပြားစေနိုင်တယ်ဆိုပြီးတော့ပါတဲ့။

READ
ရင်တွင်းဖြစ် short film လေးရိုက်ကူးနေတယ်ဆိုတဲ့ ဟန်နာယူရီ

နောက်ဆုံးရိုက်ကူးထားတဲ့ Once Upon A Time In Hollywood မှာ ပါဝင်ခဲ့တဲ့ Brad Pitt ကိုဆိုရင်လည်း အခုခေတ်လူတွေ လွယ်လင့်တကူ ဆက်သွယ်ကြသလိုမျိုး ဖုန်းဆက်တာမျိုး၊ text ပို့တာမျိုး၊ email ပို့တာမျိုး လုပ်လေ့မရှိဘဲနဲ့ အိမ်ဖုန်း-အိမ်ဖုန်းချင်းပဲ စကားပြောချင်တဲ့အကြောင်း အသိပေးလေ့ ရှိပါတယ်တဲ့။ ကဲဒီလောက်ဆိုရင်တော့ Quentin Tarantino ရဲ့ ရုပ်ရှင်တွေ ဘာလို့ ခေတ်ဟောင်းမှာချည်း ဇတ်အိမ်တည်ရိုက်ထားသလဲဆိုတာ ရိပ်မိကြလောက်ပြီထင်ပါတယ်နော်။

Penny

SHARE