Social Media တွေ လုံးဝသုံးမှာမဟုတ်ဘူးလို့ အပြတ်ပြောလိုက်တဲ့ မင်းသားကြီး Brad Pitt

GQ/Twitter

အနုပညာရှင် မင်းသား၊ မင်းသမီးတချို့ဟာ Social Media တွေကို သူတို့ရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့လို့ ရတဲ့နေရာလို့ ခံယူထားပြီး ပရိသတ်တွေအတွက် သူတို့ရဲ့ လူနေမှုဘဝ တစိတ်တပိုင်းကို ဖော်ပြလေ့ရှိကြပါတယ်။ တ ချို့ကြပြန်တော့လည်း သူတို့ရဲ့ ဘဝမှာ Social Media တွေကို မလိုအပ်ဘူးလို့ ခံယူထားကြပါတယ်။ ဒီထဲမှာ ဟောလိ ဝုဒ်ရဲ့ မင်းသားကြီး Brad Pitt ကလည်း တဦးအပါအဝင်ပါပဲ။

Once Upon a time in hollywood/IMdb

အသက် (၅၅)နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးကတော့ သူ့အတွက် Social Media မလိုဘူးလို့ ပြောခဲ့ကြောင်း E! News က ဖော်ပြခဲ့တာပါ။ ဒါရိုက်တာကြီး Quentin Tarantino ရိုက်ကူးထားပြီး Lenonardo DiCaprio, Margott Robbie တို့နဲ့ အတူ သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Once Upon A Time in Hollywood’ ရုပ်ရှင်ရဲ့ Premire ပွဲမှာ Brad Pitt က အခုလို ပြောခဲ့တာပါ။ သူက ‘ဆိုရှယ်မီဒီယာသုံးဖို့ ဟုတ်လား။ ကျွန်တော့်အတွက်တော့ လုံးဝပါပဲ။ ကျွန်တော့် ဘဝက အရာရာပြီးပြည့်စုံပြီးသား၊ ကောင်းမွန်နေပြီးသားပါ။ ဘာအတွက်ကြောင့် ဆိုရှယ်မီဒီယာ သုံးရမှာလဲ’ လို့ ဖြေ ခဲ့တာပါ။

Brad Pitt လိုပဲ ဟောလိဝုဒ် နာမည်ကြီးတချို့ဖြစ်တဲ့ George Clooney, Sandra Bullock, Jennifer Aniston, Emma Stone တို့ဟာလည်း ဆိုရှယ်မီဒီယာကို အခုထိ အသုံးမပြုသေးတဲ့ ဆယ်လီတွေပါ။ ဒါပေမဲ့ Will Smith, Julia Roberts, Jennifer Garner, Jake Gyllenhaal တို့လို နာမည်ကြီးတွေကတော့ သူတို့ရဲ့ Instagram ဒါမှမဟုတ် Twitter အကောင့်တွေမှာ ပို့စ်ပုံမှန်တင်လေ့ရှိကြပါတယ်။

KYM

SHARE