လေးနှစ်ကြာ တွဲခဲ့ပြီးနောက် လမ်းခွဲပြတ်ဆဲကြတော့မယ့် Bradley Cooper နဲ့ Irina Shayk

Bradely Cooper နဲ့ Irina Shayk တို့ဟာ လေးနှစ်တာ တွဲခဲ့ပြီးနောက် ပြတ်ဆဲလိုက်ကြပြီလို့ People သတင်းဌာနာက အတည်ပြု ဖော်ပြခဲ့ပါတယ်။

Cooper (၄၄ နှစ်) နဲ့ Shayk (၃၃ နှစ်) တို့ဟာ ၄င်းတို့ရဲ့ relationship ကို အဆုံးသတ်ဖို့ တကယ်ကြီး ဆုံးဖြတ်လိုက်ကြတာပါ။ အခုဆို ၂၀၁၇ ခုနှစ် မတ်လကမှ မွေးဖွားခဲ့တဲ့ သူတို့ရဲ့ သမီးလေး Lea De Seine ကို ဘယ်လို ခွဲပြီး ထိန်းကြောင်း စောင့်ရှောက်မလဲဆိုတာအတွက် အချစ်အခင် မပျက်ဆောင်ရွက်နေကြတယ်လို့ People က ဖော်ပြထားပါတယ်။

Tinseltown / Shutterstock.com

အော်စကာ ဆန်ခါတင်စာရင်းဝင် မင်းသားနဲ့ စူပါမော်ဒယ်တို့ဟာ ၂၀၁၅ ခုနှစ်က စတင် ဒိတ်ခဲ့ကြပါတယ်။ ၄င်တို့ရဲ့ relationship ကိုလည်း အချိန်အတိုင်းအတာ တစ်ခုအထိ သိုဝှက်နေခဲ့ကြတယ်။ Shayk ဟာ ပေါ်ပေါ်ထင်ထင်နေရတာကို ကြိုက်နှစ်သက်တဲ့ သူတစ်ယောက်မဟုတ်ခဲ့ဘူး။

READ
ကိုရီးယားသမိုင်း ဗဟုသုတတွေကို ဖြန့်ဝေပေးဖို့ ဂျပန်သို့ သွားမယ့် ဆောင်းဟေကို

ဆိုရှယ်မီဒီယာပေါ်မှာ ပုဂ္ဂိုလ်ရေး ဖြစ်တည်မှုတွေကို ဖော်ပြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ သူမမှာ အများကြီးရှိတယ်။ သူမဟာ ဒါကို လေးစားတယ်၊ တကယ် ကောင်းတဲ့ အရာပဲလို့ ထင်တယ်၊ ဒါပေမယ့် သူမကတော့ သူမအကြိုက်နဲ့ သူမနေထိုင်တယ်လို့ Glamour UK နဲ့ အင်တာဗျူမှာ ပြောခဲ့ပါတယ်။

အလုပ်ကလည်း ပုဂ္ဂိုလ်ရေး နဲ့ အလုပ် သီးခြားစီဖြစ်ဖို့ လိုအပ်တာကြောင့် သူမအနေနဲ့ ကိုယ်ရေးကိုယ်တာတွေကို သိုသိုသိပ်သိပ်ပဲနေခဲ့ကြောင်း၊ ဒါက သူမနဲ့ သူမ မိသားစုအတွက်ပဲဖြစ်ကြောင်းနဲ့ ဒါနဲ့ ပတ်သက်ပြီး ကျေနပ်ကြောင်း ပြောပြပါတယ်။

Featureflash Photo Agency / Shutterstock.com

တစ်ဖက်မှာလည်း Cooper က Time Square မှာ ကျင်းပတဲ့ Oprah’s SuperSoul Conversations ပွဲမှာ မိသားစုနဲ့ ပတ်သက်ပြီး ပြောဆိုသွားပါတယ်။ မိသားစု ဆိုတာ ပိုင်ဆိုင်ရကတည်းက အရာအားလုံးပြောင်းလဲသွားကြောင်း၊ သမီးလေးဟာ မယုံနိုင်စရာကောင်းကြောင်း၊ သူမကြောင့် အဖေဆိုတာမျိုးကို မကြာခဏ ခံစားရကြောင်း၊ သူမနဲ့ အတူတူရှိနေရတဲ့ အချိန်တွေက တကယ် မယုံနိုင်စရာကောင်းကြောင်း ဖွင့်ဟခဲ့ပါတယ်။

READ
ကမ္ဘာ့နံပါတ် ၁ စားဖိုမှူး Gordon Ramsay ရဲ့ လူသိပ်မသိကြတဲ့အကြောင်းများ

Cooper နဲ့ Shayk တို့ရဲ့ စေ့စပ်ကြောင်းလမ်းတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၁၆ ခုနှစ်တုန်းက ကောလဟာလတွေ ထွက်ခဲ့ပါတယ်။ Shayk ကို မြလက်စွပ်ကြီး ၀တ်ထားတာတွေ့ခဲ့ရပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာပါ။ သူမဟာ ၂ နှစ်ကျော်လောက်ထိ အဲ့ဒီ့ လက်စွပ်ကို ၀တ်ဆင်ထားခဲ့ပါတယ်။

နီးစပ်ရာတွေရာ ပြောဆိုမှုကို People ရဲ့ ဖော်ပြပုံအရတော့ ဒီအချိန်မှာ သူတို့ လက်ထပ်ဖို့ထက် ကလေးကို ပျိုးထောင်ဖို့က ပိုအရေးကြီးကြောင်း သိရပါတယ်။ သူတို့ဟာ သမီးလေး အရေးကိုပဲ စူးစိုက်နေကြပြီး ပျော်ပျော်ရွှင်ရွှင်ရှိနေကြတယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

Matthew (ShweMOM)

 

SHARE