သဘာဝလွန်ဖြစ်ရပ်တွေနဲ့ မှားလေ့ရှိတဲ့ ထူးထူးဆန်းဆန်း ဦးနှောက်မူမမှန်ခြင်းရောဂါ (၆) ခု

အခြားလူတွေရဲ့ ခံစားချက်တွေအတိုင်း ထိတွေ့လိုက်တာနဲ့ ခံစားလို့ရနိုင်တာ၊ စကားမပြောခင် ဘာပြောမလဲဆိုတာကြိုသိတာတွေဟာ တချို့ကတော့ သဘာဝလွန်ဖြစ်ရပ်တွေလို့ ယူဆကြပေမယ့် ဆေးပညာအရကတော့ ဒီလိုလူစားမျိုးတွေဟာ ဦးနှောက်မူမမှန်တဲ့ရောဂါရနေသူတွေလို့ ဆိုနိုင်ပါတယ်။ အယာက် ၁၀၀ မှာတောင် ၁ ယောက်မဖြစ်နိုင်တဲ့ brain disorders တွေရှိတတ်ပါတယ်။ သူတို့ထဲကမှ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ဆင်တူတာတွေ၊ အကြားအမြင်ပါရမီနဲ့ အနီးစပ်ဆုံးလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Sensory Desynchronization

သူကတော့ လူတစ်ယောက် ပါးစပ်ဟပြီး စကားသံမထွက်ခင်ကတည်းက ဘာပြောမယ်ဆိုတာကို ကြိုကြားတဲ့အမျိုးအစားပါ။ ဒီလိုလက္ခဏာရပ်ကတော့ အကြားအမြင်ပညာရပ်နဲ့ သိပ်ကိုဆင်တူရိုးမှားဖြစ်တတ်ကြပါတယ်။ အသံဟာ ပါးစပ်မဖွင့်ခင်ကတည်းက ထွက်နေတာဖြစ်ပေမယ့် ပုံမှန်အတိုင်းဆိုရင်တော့ ကျွန်တော်တို့ကြားနိုင်စွန်းရှိတဲ့ အသံလှိုင်းနဲ့ ပါးစပ်အဖွင့်ဟာ တစ်ချိန်တည်းမှာ မြင်ပြီးကြားရတာမို့ အသံနဲ့ ပါးစပ်ဖွင့်တာဟာ တပြိုင်နက်တည်းလို့ ထင်ရပေမယ့် ပါးစပ်မဖွင့်ခင်ကတည်းက အသံဟာထွက်နှင့်ပြီးသားပါ။ Frequency ကွာခြားမှုတွေကြောင့်သာ နောက်ကျပြီးမှ ကြားရတာပါ။

Pixabay

(၂) Anti-NMDA Receptor Encephalitis 

READ
ကမ္ဘာ့အလှဆုံးနှင်းဆီပန်းများ

သူကတော့ ဦးနှောက်ယောင်တာကြောင့် ထင်ယောင်ထင်မှားတွေဖြစ်ပြီး မြင်ချင်ရာမြင်၊ ကြားချင်ရာကြားရောဂါတစ်မျိုးပါ။ စိတ်မတည်ငြိမ်တဲ့အတွက် တစ်ခါတစ်ရံ လူတစ်ယောက်ပြောင်းသွားသလိုမျိုး အဖြစ်မျိုးတွေလည်း ရှိပါတယ်။ တချို့ကျတော့ ရောဂါဖြစ်နေမှန်းမသိဘဲ တစ်ခုခုကဝင်ပူးထားတယ်လို့ ကိုယ့်ကိုယ်ကိုယ်ာုံကြည်ကြလေ့ရှိပါတယ်။ မကြာခဏ တက်တတ်ပြီး အကြောဆိုင်းတာတွေဖြစ်တတ်ပါသေးတယ်။

Andrei Lazerev

(၃) Mirror-touch Synaesthesia

ထိလိုက်တာနဲ့ တစ်ဖက်လူကဝမ်းနည်းနေတယ်ဆို ကိုယ်ပါလိုက်ဝမ်းပြီး စိုးရိမ်နေတယ်ဆို လိုက်စိုးရိမ်တတ်တဲ့ စိတ်ခံစားချက်ကူးစက်ရောဂါပါ။

Yoann Boyer

(၄) Capgras Delusion

ဒီဝေဒနာခံစားရသူတွေကတော့ သူတို့ချစ်ခင်တဲ့သူတွေဟာ စက်ရုပ်တွေလိုလို၊ ဂြိုလ်သားတွေလိုလိုထင်ယောင်ထင်မှားဖြစ်တဲ့ ရောဂါမျိုးပါ။ တကယ်ဖြစ်ခဲ့တဲ့ case တွေအများကြီးရှိပြီး မိသားစုဝင်တွေကို ပြန်သတ်ဖို့ ကြိုးစားတဲ့လူတွေလည်းရှိခဲ့ဖူပါတယ်။ သူ့ကိုတော့ elecroconvulsive therapy (လျှပ်စစ်ကုထုံး) နဲ့ ကုသမယ်ဆိုရင်တော့ သက်သာလာနိုင်ပါတယ်။

Andrei Lazerev

(၅) Alien Hand Syndrome

ဒါကတော့ လူတော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်ကြားဖူးနေတဲ့ ရောဂါလက္ခာပါ။ အဓိကကတော့ ကိုယ့်ရဲ့လက်တစ်ဖက်ဟာ ကိုယ့်စိတ်အလိုကျအတိုင်း လှုပ်ရှားမှုမရှိတဲ့ရောဂါပါ။ ရောဂါလက္ခဏာကြောင့် တချို့တွေက လက်ကို ဂြိုလ်သားဝင်ထားတယ်၊ သရဲဝင်စီးထားတယ်လို့ ထင်တတ်ကြပါတယ်။ တချို့ဆို လူသတ်မိတာတွေ၊ မိမိကိုယ်ကိုယ်ထခိုက်အောင်လုပ်တာတွေအထိ ဆိုးရွားနိုင်ပါတယ်။

READ
ငါးမျိုးစိတ်သစ် (၅)မျိုးခန့်ကို သြစတေးလျကမ်းရိုးတန်းသမုဒ္ဒရာမှာ ရှာဖွေတွေ့ရှိ
Aachal Lal

(၆) Jerusalem Syndrome

Jerusalem ဆိုတာ အရှေ့အလယ်ပိုင်းက မြို့လေးဖြစ်ပြီး ဘာသာရေးသမိုင်းကြောင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဌာနေလေးဆိုလည်းမမှားပါဘူး။ အဲဒီကို အလည်သွားကြတဲ့ ခရီးသွားတွေ ထင်ယောင်ထင်မှားဖြစ်ပြီး ခရစ်ယာန်ကျမ်းစာထဲကအကောင်တွေကို မြင်တာတွေ အသံတွေကြားရတာတွေဖြစ်တတ်တဲ့ ရောဂါတစ်မျိုးရှိပါတယ်။ နှစ်စဉ်အယောက် ၅၀ ထက်မနည်း အစ္စရေးကျန်းမာရေးဌာနကို သတင်းပို့သူတွေရှိခဲ့ပြီး ၁၉၈၀ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ်အတွင်းမှာတောင် ဖြစ်ရပ်ပေါင်း ၁၂၀၀ ကျော်ခဲ့ပါတယ်။ ဒီဝေဒနာဖြစ်တဲ့လူတိုင်းမှာ တူညီတဲ့အချက်တစ်ခုကတော့ Jerusalem ကို မရောက်ခင်အချိန်ကတည်းက သူတို့ဆီမှာ စိတ်ကျရောဂါတို့၊ စိတ်ဖိဆီးမှု အစရှိတဲ့ စိတ်ရောဂါတွေ ခံစားခဲ့ကြဖူးသူတွေချည်းပါ။

Tim Marshall

Source: Mind Blowing Facts

Penny

SHARE