အသက်(၂၂) နှစ်မှာ ဦးနှောက်ပျက်သလို ခံစားခဲ့ရကြောင်း ရင်ဖွင့်လာတဲ့ ကီရာနိုက်တလေ

ဗြိတိန်နဲ့ အမေရိကန် ရုပ်ရှင်လောကထဲက နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်လက်ဖြစ်တဲ့ အင်္ဂလိပ်လူမျိုး ကီရာနိုက်တလေဟာ သူမအသက်(၂၂) နှစ်အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာအဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။ သူမဟာ အသက်(၂၂) နှစ်မတိုင်ခင်မှာပဲ The Hole ၊ Bend It Like Beckham ၊ Love Actually နဲ့ Pirates of the Caribbean ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက်ငယ်ငယ်နဲ့ နာမည်ကျော်ကြားခဲ့တာပါ။

IndieWire

အခုဆိုရင် အသက်(၃၃) နှစ်ရှိပြီဖြစ်တဲ့ ကီရာနိုက်တလေက အသက်(၁၉) နှစ်နဲ့ (၂၃) နှစ်ကြားမှာ သူမဖြတ်သန်းခဲ့ရတဲ့ ဘ၀ဟာ မှုန်ဝါးဝါးပါပဲလို့ ဆိုပါတယ်။ Balance Magazine ကို ပြောပြခဲ့တဲ့အထဲမှာတော့ ကီရာနိုက်တလေက “ကျွန်မကို အစီအစဉ်တကျပြောပြပါဆိုရင် အဲဒီတုန်းက ကျွန်မအခြေအနေကို ပြန်စဉ်းစားလို့ မရဘူး။ ခေါင်းထဲက ဘာမှကို ထွက်မလာတာ။ အသက်(၂၂) နှစ်မှာ ကျွန်မရဲ့ ကမ္ဘာဟာ အစိတ်စိတ်အမွှာမွှာ ကျိုးပျက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဦးနှောက်ပျက်ပြီလို့တောင် ခံစားခဲ့ရတယ်။” လို့ ဆိုပါတယ်။

READ
မန္တလေးကို ရောက်နေတဲ့ ဖုန်းသီရိကျော်
BlackBook

တကယ်တော့ ကီရာဟာ ထိုအချိန်မှာ စိတ်ဓာတ်ကျနေပြီး သူမရဲ့ စိတ်ကျန်းမာရေးအခြေအနေဟာ တော်တော်လေး ဆိုးဝါးနေခဲ့တာ ဖြစ်ပါတယ်။ (၂၀၀၈) ခုနှစ်က ဗြိတိန်အကယ်ဒမီရုပ်ရှင်ဆုစာရင်းထဲ ဆန်ကာတင်ပါနေတဲ့ အချိန်မှာတောင် (၃) လလောက် အိမ်ထဲက အိမ်ပြင်မထွက်နိုင်တော့တဲ့ အထိဖြစ်ခဲ့တာကြောင့် သရုပ်ဆောင်ဘ၀ကို စွန့်လွှတ်လုနီးနီးအထိ ဖြစ်ခဲ့ရပါသေးတယ်။ ကီရာက “ကျွန်မ အသက်(၂၂) နှစ်မှာ စိတ်ကျန်းမာရေးတော်တော်လေး ညံ့ခဲ့တယ်။ ကော်ဇောနီပေါ် လှမ်းနိုင်ဖို့ အကြိမ်ကြိမ် အားစိုက်ခဲ့ရတယ်။ နောက်တော့ ကျွန်မရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျဖို့ hypnotherapy နည်းကို အသုံးပြုခဲ့ရတယ်။ မဆိုးပါဘူး။ ဒီနည်းလေးနဲ့ ကျွန်မအဆင်ပြေခဲ့ပါတယ်။” လို့ ပြောပါသေးတယ်။

Disney
People

သူမဟာ မနှစ်တုန်းကတော့ အဲလစ်ဇဘတ်ဘုရင်မကြီးက ချီးမြှင့်တဲ့ ရုပ်ရှင်နဲ့ လူသားအကျိုးပြုလုပ်ငန်းတွေအတွက် လူမှုထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ ကီရာဟာ ဂျိမ်းစ်ရိုက်တွန်နဲ့ လက်ထပ်ခဲ့ပြီး အသက်(၃) နှစ်အရွယ် သမီးကလေးတစ်ယောက်တောင် ရှိနေပါပြီ။ မိခင်ဘ၀နဲ့ ပတ်သက်လို့ ကီရာက “ကျွန်မက အစစအရာရာ ကံကောင်းပါတယ်။ ကျွန်မကို ပံ့ပိုးပေးတဲ့သူတွေလည်း ရှိတယ်။ အလုပ်မှာလည်း မယုံနိုင်စရာကောင်းအောင်ကို ကံကောင်းလွန်းတယ်။ ကလေးရပေမယ့်လည်း အဆင်တော့ပြေပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မိခင်လုပ်ရတာ အရမ်းခက်တယ်လို့ ကျွန်မထင်တယ်။ ဒီလိုပြောရတာ ကျွန်မသမီးကို မချစ်လို့တော့ မဟုတ်ပါဘူး။ အိပ်ရေးပျက်ရတာတွေ၊ ဟော်မုန်းအပြောင်းအလဲတွေနဲ့ တခြားအပြောင်းအလဲတွေကြောင့် နေ့တိုင်း နေရ ထိုင်ရတာ မပျော်သလိုပါပဲ။” လို့ ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ခဲ့ပါတယ်။

READ
“ကပ္ပိယ”ဇာတ်ကားမှာ တွေ့ရမယ့် ဖွေးဖွေးရဲ့ ချစ်စရာပုံရိပ်များ

လင်းလင်း (ShweMom)

Ref: Metro

SHARE