ဦးနှောက်ကင်ဆာဖြစ်နေတဲ့ ကာလအတွင်း သစ်ပင်(၃၀၀၀၀)ကျော်စိုက်ခဲ့တဲ့မိန်းကလေး

Twitter / Shruchi Vadaliya

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်မှာနေထိုင်တဲ့ ရှရူချီ ဆိုသူ အမျိုးသမီးလေးဟာ ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်ကစပြီး သူမမှာ ဦးနှောက်ကင်ဆာ ရောဂါရှိနေကြောင်း သိခဲ့ရတာပါ။

အဲဒီအချိန်တုန်းက အသက် (၂၅)နှစ်အရွယ်သာ ရှိသေးတဲ့ ရှရူချီ ဟာ သူမအနေနဲ့ နောက်ထပ် ဘယ်နှနှစ်မှ မနေရတော့ဘူးဆိုတာကို သိသွားခဲ့ပြီး သူမ မသေခင် အချိန်လေးအတွင်းမှာ အကျိုးရှိတာ တစ်ခုခု လုပ်သွားဖို့ စီစဉ်ပါတော့တယ်။

အဲဒီနောက်မှာတော့ ရှရူချီ က သဘာဝနဲ့ လူသားတွေအတွက် တစ်ခုတည်းသော လက်ဆောင်ဖြစ်တဲ့ သစ်ပင်တွေကို စတင် စိုက်ပျိုးဖို့ ကြိုးစားပါတော့တယ်။ အကြောင်းကတော့ ဒီသစ်ပင်တွေကြောင့် လေကောင်းလေသန့်တွေရမယ်၊ သဘာဝကြီးလည်း သာယာလာမယ်၊ လူသားတွေလည်း ပိုပြီး အသက်ရှည်လာမယ်။ စတဲ့ ရည်ရွယ်ချက်တွေနဲ့ စိုက်ခဲ့တာပါ။

သူမ ရဲ့ ရည်ရွယ်ချက်က သူမအနေနဲ့ ကင်ဆာရောဂါနဲ့ မသေဆုံးမချင်း သစ်ပင်တွေ စိုက်နေဖို့ပါပဲ။

READ
အိမ်သာသုံးစက္ကူတွေ ကုန်သွားတိုင်း 911ကို ဖုန်းဆက်တာရပ်ဖို့ ပန်ကြားခဲ့တဲ့ ရဲတပ်ဖွဲ့

ရှရူချီ ဟာ အရမ်းနေမကောင်းဖြစ်တဲ့ ရက်တွေကလွဲလို့သစ်ပင်တွေ မနားတမ်းစိုက်ခဲ့ပါတယ်။ သူမက ဒေသခံ NGO အဖွဲ့အစည်းတွေဆီ အကူအညီတောင်းတယ် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေနဲ့ ဆက်သွယ်တယ်။ သူမ ကျန်းကျန်းမာမာလုပ်နိုင်တဲ့ နေ့တိုင်းလိုလို သစ်ပင်စိုက်ခဲ့တဲ့ ရှရူချီဟာ အခုအချိန်မှာတော့ သစ်ပင်ပေါင်း (၃၀၀၀၀)ကျော်အထိ စိုက်ပျိုးနိုင်ခဲ့ပြီးပါပြီ။

ရှရူချီ က “ကျွန်မ မကြာခင် သေတော့မှာပါ။ ဒါပေမယ့်အသက်ရှင်နေမယ့်လူတွေအတွက် ပိုပြီး အသက်ရှူလို့ကောင်းအောင်၊ လေကောင်းလေသန့်တွေရအောင် သစ်ပင်တွေ စိုက်ပေးထားခဲ့ချင်တယ်။ ကျွန်မရဲ့ဘ၀မှာ အိပ်မက်တွေအများကြီး ရှိခဲ့ပေမယ့် အဲဒါတွေကို ပြီးအောင်လုပ်ဖို့ အချိန်မလုံလောက်တော့ပါဘူး။ ကျွန်မအနေနဲ့တော့ လေထုကိုသန့်စင်ပြီး ကင်ဆာရောဂါဘေးကနေ တခြားလူတွေ ကင်းဝေးနိုင်စေဖို့ သစ်ပင်တွေကိုပဲ စိုက်သွားတော့မှာပါ” လို့ Asian News International ကို ပြောပါတယ်။

သူမဟာ (၂)နှစ်အတွင်း သစ်ပင်ပေါင်း (၃၀၀၀၀)ကျော် စိုက်နိုင်ခဲ့တာမို့ သူမအနေနဲ့ ဘယ်လောက်တောင် အလုပ်လုပ်ခဲ့သလဲဆိုတာ သိသာစေခဲ့ပါတယ်။ ရှရူချီ ဟာ ကိုယ်တိုင်သစ်ပင်စိုက်ရုံတင် မကပဲ သူမရဲ့ဒေသအနီးတ၀ိုက်မှာ ရှိတဲ့ ကျေးရွာတွေကို လှည့်လည်ပြီး ကလေးတွေကို သစ်ပင်စိုက်တတ်အောင် လေ့ကျင့်ပေးတာတွေ၊ ၀ါသနာပါလာအောင် ဖန်တီးပေးတာတွေကိုလည်း လုပ်ကိုင်နေပါသေးတယ်။

READ
ဖောက်ပြန်တဲ့ ခင်ပွန်းကို ဒေါသထွက်ပြီး ခေါက်လှေကားနဲ့ ရိုက်နှက်ခဲ့တဲ့ အမျိုးသမီး

Linn

SHARE