ပင့်ကူမကြောက်တဲ့ သတ္တိခဲတွေကြောင့် ရေဘေးကနေ လွတ်မြောက်ခဲ့ရတဲ့ပင့်ကူကြီး

ဧရာမပင့်ကူကြီးတွေကို လူတော်တော်များများဟာ သေမတတ်ကြောက်ရွံ့ကြပါတယ်။ ဒါပေမယ့် အခုတွေ့ရမယ့် သြဇီသားတွေကတော့ ဒီလိုမဟုတ်ပဲ အကူအညီလိုအပ်နေတဲ့ ဧရာမပင့်ကူကြီးတစ်ကောင်ကို ကယ်တင်ပေးခဲ့ပါတယ်။ သြစတေးလျနိုင်ငံ ကွင်းစ်လန်းမှာရှိတဲ့ စူပါမားကတ်တစ်ခုရဲ့ အပြင်ဘက်က သစ်ကိုင်းတစ်ကိုင်းမှာ ပင့်ကူကြီးဟာ တွဲလောင်းကြီးတွယ်ကပ်နေတာပါ။ ထိုအချိန်မှာ ရေတွေကလည်းကြီးနေတာကြောင့် ပင့်ကူကြီးဟာ ရေထဲမှာအချိန်မရွေး မျောပါသွားနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

အဆိုပါပင့်ကူကြီးကို ကယ်တင်ခဲ့တဲ့ဗီဒီယိုကို အန်ဒရီယာဂေါ့ဖတန်ဆိုသူက ဆိုရှယ်မီဒီယာမှာရှဲခဲ့ပြီး ပင့်ကူကြီးဟာ ဘယ်လောက်တောင်ကြီးကြောင်းကို သူမလက်ဘေးမှာယှဉ်ပြီးပြပေးခဲ့ပါတယ်။ ထို့နောက် ပင့်ကူကြီးရှိရာ သစ်ကိုင်းကိုချိုးပြီး သူ့ကိုရေဘေးလွတ်ရာဆီမှာ လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

လင်းလင်း (ShweMom)

Source: 9gag

SHARE