မီးငြိမ်းသတ်တာကစပြီး ကြောင်ကယ်တာအဆုံး တာဝန်ယူနေ ဖြေရှင်းပေးနေတဲ့ မလေးမီးသတ်….

friends of bomba Malaysia/facebook

မလေးရှားနိုင်ငံရဲ့ ပြည်သူ ပြည်သားတွေအတွက်တော့ နိုင်ငံ့ မီးသတ်နဲ့ ကယ်ဆယ်တပ်ဖွဲ့ဝင်တွေဟာ အရာကိစ္စတော်ာတော်များများမှာ အားကိုးအားထားပြုရတဲ့ သူတွေဖြစ်ပါတယ်။ မီး ငြိမ်းသတ်ရေးကစပြီး ကယ်ဆယ်ရေး၊ သားရိုင်းတိရိစ္ဆာန်ရှင်းလင်းရေးနဲ့ တစ်ခါတစ်ရံ ပြည်သူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ လိုက်လံဖြေရှင်း ဆောင်ရွက်ပေးရလေ့ရှိပါတယ်။

အဲ့ဒီလို ကူညီပေးတာနဲ့ ပတ်သက်ပြီး Friends of Bomba Malaysia ဆိုတဲ့ Facebook ပေ့ခ်ျက Bomba အဖွဲ့တစ်ဖွဲ့ရဲ့ ကယ်ဆယ်ရေး လှုပ်ရှားမှုတစ်ခုကို ဖော်ပြခဲ့ပါတယ်။ ၄င်းအဖွဲ့က အဆောက်အဦး တစ်ခုအပေါ်မှာ ရောက်နေပြီး ပြန်မဆင်းတတ်တဲ့ ကြောင်လေးတစ်ကောင်ကို ကယ်တယ်ခဲ့တာပါ။

Misi menyelamatkan 1 nyawa oleh team B Balai Bomba dan Penyelamat Jalan Hang Tuah, Kuala Lumpur 🚒

Posted by Friends of Bomba Malaysia on Saturday, 29 June 2019

တပ်ဖွဲ့ဝင် ခြောက်ဦးပါတဲ့ Bomba အဖွဲ့ဟာ ၄င်းတို့ရဲ့ အသက်ကို ရင်းပြီး အထူးကိရိယာတွေနဲ့ တကွ အမြင့်ကနေ မတုန်မလှုပ် ဆင်းဖို့ အားထုတ်ခဲ့ကြပါတယ်။ ပုံမှန်မဟုတ်တဲ့ အဆောက်အဦးရဲ့ ပုံစံ၊ ပြင်းထန်တဲ့ လေဒဏ် စတဲ့ အခက်အခဲတွေရှိတဲ့တိုင် ကယ်ဆယ်ရေး လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြပါတယ်။

READ
မစ္စတာဘင်းန် အဆုံးသတ်သွားပါပြီလို့ ဆိုလိုက်တဲ့ Rowan Atkinson
friends of bomba Malaysia/facebook

အခုလိုမျိုး အားကိုးမဲ့ပြီး အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရဖို့ သေချာသလောက်ရှိနေတဲ့ ကြောင်လေးကို ကယ်ဆယ်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်သူလူထုကလည်း ချီးကျူး ထောပနာပြုနေတာကို တွေ့ရပါတယ်။ ကြောင်ဘယ်လိုအပေါ်ရောက်သွားသလဲဆိုတာထက် ဘာဆက်ဖြစ်လာလည်းဆိုတာရယ်၊ လုံခြုံသွားပြီဆိုတာကိုပဲ မီဒီယာတွေကလည်း ဖော်ပြနေတာ တွေ့ရတယ်။

friends of bomba Malaysia/facebook

Matthew 

SHARE