မီးလောင်နေတဲ့အိမ်ထဲဝင်ပြီး သေကြေပျက်စီးမှုပိုများမယ့်ဘေးကို တားဆီးခဲ့တဲ့ သူရဲကောင်းရဲသား

ပြီးခဲ့တဲ့ သောကြာနေ့က အိန္ဒိယရဲအရာရှိတစ်ဦးဟာ မီးလောင်နေတဲ့ အိမ်တစ်အိမ်ထဲ ၀င်သွားပြီး ဂက်စ်ဘူးနှစ်ဘူးကို ဆွဲထုတ်လာကာ မီးကြီးလောင်မယ့်ဘေးက ဟန့်တားနိုင်ခဲ့ပါတယ်။ တကယ်လို့ ဂက်စ်ဘူးတွေ ပေါက်ကွဲခဲ့ရင် အခြေအနေ ပိုဆိုးမှာကို မြင်တာကြောင့် အဆိုပါရဲသားကြီးဟာ သတ္တိကောင်းစွာနဲ့ ကိုယ်တိုင် အိမ်ထဲဝင်ပြီး ဂက်စ်ဘူးတွေကို သယ်ထုတ်လာခဲ့တာ ဖြစ်ပါတယ်။

twitter

မီးလောင်တဲ့နေရာကတော့ ဘီလစ်စ်ပါပါဧရိယာမှာရှိတဲ့ အလမ်ခါနီကျေးရွာထဲက အိမ်တစ်အိမ်မှာ ဖြစ်ပါတယ်။ မီးလောင်မှု ဖြစ်ပွားပြီးပြီးချင်းမှာပဲ ဒေသခံတာဝန်ရှိသူရဲတွေဟာ အခင်းနေရာကို အလျင်အမြန်လာခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ညနေ(၃း၁၅) လောက်မှာ ရဲတွေရောက်ရှိပြီးတဲ့နောက် အိမ်အပြင်ဘက်မှာတော့ လူတွေဟာ စုရုံးအုံခဲနေတာကို တွေ့ရပါတယ်။ အိမ်ပိုင်ရှင်တွေကတော့ ဂီတာနဲ့ ပူဆင်းဂ်ဆိုသူများ ဖြစ်ကြောင်း သိရပါတယ်။

twitter

အိမ်ထဲမှာ ဂက်စ်တွေ အပြည့်ဖြည့်ထားတဲ့ ဂက်စ်အိုးကြီးနှစ်လုံးရှိနေတာကြောင့် အမြန်လာကယ်ပေးဖို့ တစ်စုံတစ်ယောက်က ရဲတွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာပါ။ ဒီအကြောင်းလည်း သိရရော ရဲအရာရှိကြီး အာခီးလက်ရှ်ကူးမားဒီဆစ်ဟာ ဘေးအိမ်တစ်အိမ်ကနေ ခြုံစောင်တစ်ထည်တောင်းလိုက်ပါတယ်။ အာခီးလက်ရှ်ဟာ သူ့တစ်ကိုယ်လုံးကို စောင့်နဲ့ခြုံကာလိုက်ပြီး မီးလောင်နေတဲ့အိမ်ထဲကို ၀င်သွားပါတယ်။ ခဏအကြာမှာတော့ ဂက်စ်အိုးနှစ်လုံးကို ကိုင်ကာ ပြန်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

READ
ကျောင်းသားတွေကိုကြိမ်လုံးနဲ့မညှာမတာရိုက်နှက်ခဲ့တဲ့နိုင်ဂျီးရီးယားကျောင်းဆရာ
twitter

ဂက်စ်အိုးတွေကို ဖယ်ရှားပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့ကြီးဟာ ဒေသခံတွေနဲ့အတူ အိမ်ကို မီးငြိမ်းသတနိုင်ခဲ့ကြပါတယ်။ အခင်းဖြစ်ရပ်မှာတော့ ဒဏ်ရာရသူ တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ အိမ်မီးလောင်ရတဲ့ အကြောင်းရင်းကတော့ လျှပ်စစ်ဆားကစ်ကြိုး ရှော့ခ်ဖြစ်တာကြောင့်လို့ သိရပါတယ်။

လင်းလင်း (ShweMom)

Ref: news18

SHARE