ဘရာဇီး သမ္မတကတော် Michelle Bolsonaro ကိုဗစ် ကူးစက်ခံရ

Image/IG/Michelle Bolsonaro

ဘရာဇီးသမ္မတ က တော် Michelle Bolsonaro ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သတင်း က တော့ ဘရာဇီးပြည် သူတွေ အတွက် ရော တစ်ကမ္ဘာလုံးကိုပါ တုန်လှုပ်စေခဲ့ပါတယ်။သမ္မတ က တော်မှာ ကိုရို နာဗိုင်းရပ်စ် တွေ့ ခဲ့ပြီး ဆရာဝန်တွေ က တော့ သေချာ စောင့်ကြည့် ပေး နေပါတယ်။သမ္မတ ရုံးရဲ့ ဇူလိုင် (၃၀)ရက် နေ့ ထုတ်ပြန် ချက်အရ သမ္မတ က တော် ရဲ့ လက်ရှိ ကျန်းမာရေး အ ခြေအ နေက တော့ ကောင်းမွန်လျက်ရှိပြီး လိုက်နာ ရမယ့် စည်းကမ်းချက်တွေကို လိုက်နာ နေထိုင်လျက်ရှိတယ်လို့  ဆိုပါတယ်။ဒီအ ကြောင်းကိုတော့ VOA news နဲ့ Bangkok Post တို့မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

Meu lindo ❤️ @jairmessiasbolsonaro

A post shared by Michelle Bolsonaro (@michellebolsonaro) on

အသက်  ၃၈ နှစ်အရွယ် သမ္မတ က တော်က  တော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ဇူလိုင် (၂၉)ရက်နေ့က လူထု ရှေ့ ကို ပထမဆုံး အကြိမ် ထွက်ပေါ် လာခဲ့တာပါ။ Brasilia မှာ ကျင်းပတဲ့ ပွဲကို ခင်ပွန်းဖြစ်သူ သမ္မတ Jair Bolsonaro နဲ့ အတူ တက်ရောက်ခဲ့တာပါ။ Jair Bolsonaro တစ်ယောက် ကိုရိုနာ negative အ ဖြေ ထွက်ပြီး နောက် တက် ရောက်ခဲ့တဲ့ ပထမဆုံး ပွဲပါ။ Bolsonaro က တော့ ကိုရိုနာ ဗိုင်းရပ်စ် Positve အ ဖြေထွက်ပြီး နောက် နှစ်ပတ် ကျော်လောက် self-isolation လုပ် ခဲ့ရပါသေးတယ်။နောက်ပိုင်း ကင်းစင်ပြီဆိုမှ အပြင်ကို ပြန်ထွက်ခဲ့တာပါ။တစ်နေ့ တည်းမှာပဲ သမ္မတ က တော်ရဲ့ Positive အ ဖြေ ထွက်ခဲ့ပါတယ်။

သိပ္ပံနဲ့ နည်းပညာဆိုင်ရာဝန်ကြီး  Marcos Pontes က တော့ သူလည်း တုပ်ကွေး လက္ခဏာ ခံစားနေရ လို့ ကိုဗစ် စစ်ဆေးထားတယ်လို့ တွစ်တာ စာမျက်နှာ ပေါ်မှာ ပြောထားပါတယ်။ပညာ ရေးဝန်ကြီး Milton Ribeiro အပြင် ၀န်ကြီး Onyx Lorenzoni တို့ လည်း ပြီးခဲ့တဲ့ သီတင်းပတ်က  ကိုဗစ်ကူးစက်ခံထားရပါတယ်။မတ်လတုန်းကလည်း တခြားဝန်ကြီးနှစ်ယောက် ခုလိုပဲ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။ဘရာဇီး ကတော့ လက်တင်အ မေရိကမှာ ကိုဗစ်ကူး စက်နှုန်း အများဆုံး နိုင်ငံပါ။လူ ၂.၆ သန်း ကိုရိုနာ ကူးစက်ခံထားရပြီး (၉၁၀၀၀) သေဆုံးခဲ့ပါတယ်။

#SHWEMOM

SHARE