တရုတ် ကိုဗစ် ကာကွယ်ဆေးကို အသုံးပြုဖို့ ဘရာဇီး အစိုးရ စီစဉ်

Image:IG/jdoriajr

ဘရာဇီး အစိုးရက တော့ တရုတ်နိုင်ငံထုတ် ကိုဗစ် ကာကွယ်ဆေးကို အသုံးပြု သွားဖို့  စီစဉ် နေပါတယ် ။နိုင်ငံလုံး ဆိုင်ရာ ကိုဗစ် ခုခံကာကွယ်ရေး ပရိုဂရမ် ရဲ့ တစ်စိတ် တစ်ပိုင်း အနေနဲ့ တရုတ် က ထုတ်တဲ့ ဆေးကို သုံး မယ်လို့ အာဏာ ပိုင် တွေ က ကြေညာလိုက်ပါတယ်။ São Paulo မြို့ တော်ဝန် João Doria က တော့ ဖယ်ဒီရယ် အစိုးရ အနေနဲ့ China- Made ဆေး CoronaVac (၄၆)သန်းကို ၀ယ်ယူ သွားဖို့ သဘော တူညီ လိုက် ပြီလို့ ဆိုပါတယ်။ဒီအ ကြောင်းကိုတော့ BBC မှာ ဖော်ပြထားတာပါ။

Immunization ဆိုတာက တော့ ရောဂါလက္ခဏာ မ ပေါ်နိုင်တဲ့ ရောဂါပိုးကို လူ့ ခန္ဓာကိုယ်ထဲ ထိုး သွင်း ပေးတာ ကို ဆိုလိုတာပါ။အဲ့ဒီအခါ ကျရင် ခန္ဓာကိုယ်က နေ AntiBody လို့ ခေါ်တဲ့ တိုက်ထုတ်နိုင်စွမ်းကို ထုတ်ပေးတာပါ။အလွယ် ဆုံး ပြောရရင်တော့ ပိုလီယို ကာကွယ်ဆေး တိုက်သလို မျိုးပါ။မြို့တော်ဝန်ရဲ့ အပြောအရ တော့ immunisation programme ကို (၂၀၂၁)ဇန်န၀ါရီ မှာ စတင်မယ်လို့ ဆိုပါတယ်။ဘရာဇီးက တော့ ကိုဗစ်ကပ်ရောဂါကူးစက်မှု အများဆုံး နိုင်ငံ တွေထဲက တစ်နိုင်ငံပါ။ကိုဗစ်ကူးစက်သူ(၅.၃)သန်း ရှိပါတယ် ။အမေရိကန်နဲ့ အိန္ဒိယ ပြီးရင် တတိယမြောက် ကူးစက်မှု အများဆုံး နိုင်ငံပါ။

နိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်းက နေ ထောက်ခံ အတည်ပြု ပေးလိုက်ရင် တော့ တရုတ်ကုမ္ပဏီ Sinovac Biotech က ထုတ်တဲ့ CoronaVac ဆေးဟာ ဘရာဇီးနိုင်ငံရဲ့ immunisation programme မှာ ပါဝင် မယ့် ဆေး နှစ်မျိုးထဲက တစ်မျိုး ဖြစ်လာမှာပါ။ဘရာဇီးက တော့ တရုတ်ဆေး တစ်မျိုးတည်း တင်မဟုတ်ပဲ အင်္ဂလန်ရဲ့ Oxford University နဲ့ ဆေးကုမ္ပဏီ AstraZeneca တို့က ဖန်တီးလိုက်တဲ့ ဆေးကို လည်း သုံးဖို့ စီစဉ်ထားပါတယ်။

တရုတ် ဆေးကိုတော့ São Paulo ရဲ့ ပြည်နယ် သုတေသနစင်တာ Butantan Institute မှာ စမ်းသပ်မှုတွေ လုပ် နေပါတယ်။ေ အာက်တိုဘာ (၁၉)မှာတော့ နောက်ဆုံး စမ်းသပ်ချက်အရ ဆေးနှစ်မျိုးလုံးက ဘေးကင်းတယ်လို့ Butantan က ကြေညာခဲ့ပါတယ်။ဘယ်လောက် အတိုင်းအတာ အထိ ထိရောက်မှု ရှိနိုင်လဲ ဆိုတဲ့ အချက်အလက်ကိုတော့ မထုတ်ပြန် ရ သေးပါဘူး။စမ်းသပ်မှုက တော့ တူရကီနဲ့ အင်ဒိုနီးရှားတို့ မှာလည်း လုပ်နေပါတယ်။

#SHWEMOM

SHARE