ကိုဗစ်ရောဂါကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေးကို တွေ့ရှိနေပါပြီ။ ထုတ်လုပ်မှုတွေကြောင့် ယူအက်စ်လို နိုင်ငံမျိုးမှာတော့ ဒီဇင်ဘာလထဲမှာပဲ ကာကွယ်ဆေးကို စတင်ထိုးပေးသွားမယ်ဆိုပြီး သတင်းတွေအရ သိထားရပါတယ်။

ဒီလို လူတိုင်း သူ့ထက်ငါအရင် ထိုးးချင်နေကြတဲ့ ကာကွယ်ဆေးကိုတော့ ဘရာဇီးသမ္မတကတော့ လုံးဝထိုးမှာမစုတ်ပါဘူးဆိုပြီး အပြတ်အသားငြင်းခဲ့တယ်လို့ Daily Mail မှာ ဖတ်လိုက်ရပါတယ်။ အကြောင်းကတော့ ဘာများဖြစ်မလဲ ကြည့်လိုက်ရအောင်နော်။
View this post on Instagram
လက်ရှိအချိန်မှာ ဘရာဇီးအနေနဲ့ ကိုဗစ်ကြောင့် သေဆုံးသူပေါင်း ၁ သိန်း ၇ သောင်းကျော်တောင် ရှိလို့ပြေီပဲဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာနဲ့ယှဉ်ရင် ဒုတိယအခြေအနေအဆိုးဆုံးသော နိုင်ငံဖြစ်လို့နေပါပြီ။ ပထမဆုံးနိုင်ငံကတော့ သေဆုံးသူအယောက်ပေါင်း ၂၆၃,၄၅၅ နဲ့ ယူအက်စ်နိုင်ငံပဲဖြစ်ပါတယ်။
ဘရာဇီးသမ္မတ Bolsonaro ဟာ ကိုဗစ်ကို ကိုင်တွယ်ရာမှာ တော်တော်လေးကို အသုံးမကျဘူးဆိုပြီးတော့ ပြည်သူတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခြင်းကို ခံနေခဲ့ရပါတယ်။ သူဟာ lockdown ကို လုပ်ဖို့ ငြင်းဆန်ခဲ့တာကြောင့် ပြည်သူတွေနဲ့ အယူအဆတွေ လွဲမှားကာ အခုလိုကမ္ဘာ့ဒုတိယအခြေအနေအဆိုးဆုံး နိုင်ငံဖြစ်သွားရတာလည်း အဲဒီ lockdown မလုပ်တဲ့ ကိစ္စကြောင့်ဆိုပြီးတော့ အပြစ်တင်ခံနေခဲ့ရပါတယ်။
View this post on Instagram
သူကိုယ်တိုင်လည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ကိုဗစ်ပိုးဖြစ်ပွားခဲ့ပြီးတော့ သူနဲ့အတူတူအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ ထက်ဝက်ကျော်မှာလည်း ကိုဗစ်ပိုးကို တွေ့ရှိခဲ့တာပါ။
အခု ကာကွယ်ဆေးထွက်ပြီလည်းဆိုရော Bolsonaro ဟာ သူ့အနေနဲ့ ကာကွယ်ဆေးကို အမြန်ဆုံးဝယ်ယူဖို့ ကြိုးစားနေပြီး ရတာနဲ့တစ်ပြိုင်နက် ဘရာဇီးကျန်းမာရေးဌာနကိုလည်း အမြန်ဆုံး စစ်ဆေးဖို့ မှာထားပြီး အယုတ်အလတ်အမြတ်မရွေး ဝယ်ယူနိုင်အောင်လို့ စီစဉ်ထားပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ နိုင်ငံကို ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ပိုဆိုးစေခဲ့တဲ့အတွက် ဒီကာကွယ်ဆေးကို လုံးဝ ထိုးသွားမှာမဟုတ်ဘူးလို့ ပြောလာခဲ့တာပါ။
View this post on Instagram
လက်ရှိအချိန်မှာတော့ ဘရာဇီးဖက်ကနေပြီး Oxford တက္ကသိုလ်နဲ့ AstraZeneca တို့မှ ဖော်စပ်ထားတဲ့ ကာကွယ်ဆေးတွေကို အလုံးပေါင်း သန်း ၁၀၀ ဝယ်ဖို့ သဘောတူထားခဲ့ပြီလို့လည်း Daily Mail မှာ ဖော်ပြထားပါတယ်။
penny