Money Heist ထဲကလို ဘဏ်ဓားပြတိုက်ခဲ့ကြတဲ့ ဘရာဇီးက လတ်တလော ဖြစ်ရပ်တစ်ခု

Twitter/Ocupa Rio

Netflix ရဲ့ Money Heist ဇာတ်လမ်းတွဲကို ကြည့်ဖူးကြလားမသိဘူး။ စပိန်ဇာတ်လမ်းတစ်ခုဖြစ်ပြီးတော အရမ်းကိုမှ ထက်လွန်းတဲ့အကြံစည်မျိုးတွေနဲ့ ဘဏ်ကိုဓားပြတိုက်တာမျိုးပေါ့။ အခုလည်း အဲဒီဇာတ်လမ်းထဲက ဇာတ်ကွက်တစ်ခုအတိုင်း ဘရာဇီးမှာဘဏ်ဓားပြတိုက်ခဲ့ပါတယ်တဲ့လေ။ ဖြစ်ပုံကိုတော့  Story Pick မှကိုးကားဖော်ပြပေးလိုက်ပါတယ်။

Twitter မှာဗီဒီယိုတွေတက်လာခဲ့ပါတယ်။ ဘဏ်ဓားပြတိုက်နေတဲ့ ပုံရိပ်တွေပေါ့။ ဘရာဇီးတောင်ပိုင်းက Criciúma ဆိုတဲ့ မြို့လေးမှာပါ။ ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက မြို့ရဲ့ ဘဏ်ကို ကားကြီး ၁၀ စင်းဝိုင်းထားခဲ့ပါတယ်။

နောက် ကားထဲက လက်နှက်ကိုယ်စီနဲ့ လူအယောက် ၃၀ ယောက်ထွက်လာခဲ့ပြီး ဘဏ်ထဲကို ဝင်သွားပြီး ဓားပြတိုက်ပါတော့တယ်တဲ့။ တွေ့တွေ့ချင်း လုံခြုံရေးတစ်ယောက်နဲ့ ရဲအရာရှိတစ်ဦးကို ပစ်သတ်ခဲ့ပါသေးတယ်။

၂ နာရီလောက်အကြာ၊ ညရောက်တဲ့အခါမှာတော့ ပေါက်ကွဲသံနဲ့အတူ ဓားပြတွေလည်း ကားပေါ်တက်ကာ ပြေးသွားခဲ့ပါတယ်တဲ့။ ဘဏ်ကို ဗုံးဖောက်သွားတာပေါ့။ ဗုံးကြောင့် မြေပြင်ပေါ်မှာလည်း ပိုက်ဆံတွေ ပြန့်ကျဲကုန်ကာ ပိုက်ဆံတွေကို ကုန်းကောက်တဲ့လူတွေလည်း စုပြုံလာခဲ့ကြပါတော့တယ်။ ဒီလိုပုံစံမျိုးနဲ့ အာရုံလွှဲပြီးတော့ ဓားပြတွေက ထွက်ပြေးသွားခဲ့တာပါ။

ဒီလိုပုံစံမျိုးကို Money Heist ထဲမှာ ကြည့်ရမှာဖြစ်ပြီးတော့ တကယ့်နာမည်ကြီးအကွက်လည်းဖြစ်ပါတယ်။ 

ဘဏ်ဓားပြတိုက်တဲ့ ဂိုဏ်းကိုတော့ Novo Cangaço ဂိုဏ်းဖြစ်ပြီးတေ့ သေနတ်သမားတွေကိုကြည့်ရတာလည်း တကယ့်ကို ကျွမ်းကျွမ်းကျင်ကျင်တဲ့လေ့ကျင့်ထားတဲ့ ပရော်ဖက်ရှင်နယ်တွေလိုပဲလို့လည်း သတင်းဌာနတွေက ကောက်ချက်ချခဲ့ပါတယ်။ Criciúma ကိစ္စပြီးပြီးချင်းမှာပဲ မြို့ရဲ့ မိုင် ၂ ထောင်ခန့်ကွာဝေးတဲ့ Cametá မြို့လေးမှာလည်း သံနတ်သံတွေနဲ့ညံသွားခဲ့ပြီးတော့ နောက်ထပ် ဘဏ်ဓားပြတိုက်မှုတစ်ခုလည်း ထပ်ဖြစ်ခဲ့ပါသေးတယ်။ ဓားပြတွေကိုတော့ အခုအချိန်ထိ မမိသေးပါဘူးတဲ့။ 

penny

SHARE