နှစ်ပေါင်း(၂၀)လုံးလုံး တောနက်ထဲမှာ တစ်ကိုယ်တည်း နေထိုင်ခဲ့တဲ့ အမျိုးသား

တောင်အမေရိကတိုက်က ဘရာဇီးနိုင်ငံမှာ မျိုးနွယ်စုရာပေါင်းများစွာဟာ အပြင်လောကက ဆက်သွယ်ရန်ကြိုးပမ်းမှုတွေကို လက်မခံဘဲ အပြင်လောကနဲ့ အဆက်အသွယ်ဖြတ်ပြီးနေထိုင်ကြပါတယ်။

Youtube

တိုင်းရင်းသားမျိုးနွယ်စုတွေဟာ သူတို့ဘာသာသီးခြားနေထိုင်ကြသော်လည်း နှစ်ပေါင်းများစွာကြာအောင် ရက်စက်တဲ့တိုက်ခိုက်မှုဒဏ်ခံခဲ့ကြရပါတယ်။ တခြားမျိုးနွယ်စုတွေ၊ အပြင်လူတွေနဲ့ မဆက်ဆံဘဲ ဒီလိုသီးသန့်နေထိုင်ကြတာဟာ အရင်က တိုက်ခိုက်ခံခဲ့ရဖူးတာတွေနဲ့ လက်ရှိအချိန်မှာလည်း သစ်တောတွင်းက သူတို့အိမ်တွေဖျက်ဆီးကျူးကျော်ခံရတာတွေကြောင့်ဖြစ်တယ်လို့ Survival International အဖွဲ့က ရှင်းပြခဲ့ပါတယ်။ မျိုးနွယ်စုတွေဟာ အပြင်ကချဉ်းကပ်လာတဲ့ လူတွေ၊ လေယာဉ်တွေကို ပုန်းခိုပြီး မျှားနဲ့ပစ်တိုက်ခိုက်ကြလေ့ရှိပါတယ်။

Survival International

လွန်ခဲ့တဲ့နှစ်(၂၀)လုံး တောနက်အတွင်းမှာ တစ်ယောက်တည်းရှင်သန်နေထိုင်နေခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စု တစ်ခုရဲ့ နောက်ဆုံးကျန်ရှိခဲ့တဲ့လူသားတစ်ဦးရဲ့ ရှားပါးဗီဒီယိုကို ဘရာဇီးအစိုးရကပြသခဲ့ပါတယ်။ တိရစ္ဆာန်တွေကို ထောင်ချောက်ဆင်ဖို့နဲ့ ပုန်းခိုဖို့အတွက် တွင်းအကြီးကြီးတူးပြီး နေထိုင်ခဲ့တဲ့ ထိုလူသားကို “တွင်းအောင်းလူသား”လို့ နာမည်ပြောင်ပေးထားကြပါတယ်။

Survival International

သူဘယ်သူဆိုတာ၊ ဘယ်မျိုးနွယ်စုကဆိုတာနဲ့ ဘာဘာသာစကားပြောတယ်ဆိုတာ ဘယ်သူမှမသိကြပါဘူး။ (၁၉၉၅)ခုနှစ်က လယ်သမားတွေရဲ့ တိုက်ခိုက်မှုခံရပြီး သူတို့မျိုးနွယ်စုရဲ့ နောက်ဆုံးလက်ကျန် လူ(၅)ဦးအသတ်ခံရပြီးနောက်မှာ တစ်ယောက်ထဲနေထိုင်နေတဲ့ အသက်(၅၀)ဝန်းကျင် လူကြီးတစ်ဦးဆိုတာပဲသိရပါတယ်။ Survival International အဖွဲ့က ခုလိုပဲရှင်းပြခဲ့ပါတယ်။
“Randoniaပြည်နယ်ထဲက Tanaru နယ်မြေကို ကျွဲ၊နွားမွေးမြူရေးခြံတစ်ခြံက ဝင်ရောက်နယ်မြေသိမ်းပြီး သတ်ပစ်ခဲ့တဲ့ မျိုးနွယ်စုရဲ့နောက်ဆုံးလက်ကျန် လူသားဖြစ်မယ်လို့တော့ ယုံကြည်ရပါတယ်”

Survival International

(၁၉၇၀) နဲ့ (၁၉၈၀) ဝန်းကျင်မှာ တိုင်းရင်းသားလူမျိုးစုများနေထိုင်ရာ နယ်ပယ်ဝန်းကျင်မှာ လမ်းမကြီးတစ်ခုကိုဖောက်လုပ်ခဲ့တာကြောင့် စီးပွားရေးနဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ရန် မြေနေရာလိုအပ်ချက်များ များခဲ့ပါတယ်။ လက်ရှိမှာတော့ ဘရာဇီးအစိုးရက တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ အစဉ်အလာအရပိုင်ဆိုင်သော မြေနေရာများကို ကာကွယ်ပေးထားသော်လည်း လယ်ပိုင်ရှင်များနဲ့ တရားမဝင်သစ်ခုတ်သမားများကတော့ ဤမြေနေရာများကို မျက်စိကျနေဆဲဖြစ်ပါတယ်။ (၂၀၀၉)ခုနှစ်မှာတော့ တွင်းအောင်းလူသားဟာ အစိုးရရဲ့မြေနေရာကာကွယ်ပေးမှုကိုဆန့်ကျင်တဲ့ ရက်စက်တဲ့သေနတ်သမားတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ရပါတယ်။ Survival International အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ Stephen Coreyက ခုလိုပဲပြောကြားခဲ့ပါတယ်။
“သူ့ရဲ့မျိုးနွယ်စု တစ်ခုလုံးသတ်ဖြတ်ခံခဲ့ရပြီးနောက်မှာ တွင်းအောင်းလူသားကိုယ်တိုင်လည်း အလားတူအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပါတယ်”
“မွေးမြူရေးခြံပိုင်ရှင်တွေဟာ တွင်းအောင်းလူသားကို သူ့ရဲ့နောက်ဆုံးနေ့တွေအထိ သူ့ရဲ့နယ်မြေမှာ ငြိမ်းချမ်းစွာနေခွင့်ပြုရမှာဖြစ်ပြီး အာဏာပိုင်တွေကလဲ အစွမ်းကုန်ကာကွယ်ပေးသင့်ပါတယ်”

READ
ချောကလက်ထုတ်လုပ်မှုရဲ့နောက်ကွယ်က လူတွေမသိသေးတဲ့အချက်များ
World Resources Institute

တွင်းအောင်းလူသားရဲ့ ပထမဆုံးအကြိမ် ဖလင်ပေါ်မှာ ရိုက်ကူးထားတဲ့ပုံရိပ်ဖြစ်ပါတယ်။

World Resources Institute

ဒီဗီဒီယိုကို ဘရာဇီးအစိုးရဲ့ တိုင်းရင်းသားလူမျိုးစုများကိုယ်စားလှယ်ဌာနဖြစ်တဲ့ FUNAIက မကြားသေးခင်ကသွားထားတဲ့ စူးစမ်းလေ့လာရေးခရီးစဉ်တစ်ခုမှာ မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ သန်မာတဲ့တိုင်းရင်းသားဟာ ပုဆိန်နဲ့သစ်ပင်ခုတ်နေတာကို တွေ့နိုင်ပါတယ်။ အဖွဲ့အစည်းရဲ့ ဒေသဆိုင်ရာလမ်းညွှန်ဖြစ်သူ Altair Algayerက ခုလိုပဲပြောကြားခဲ့ပါတယ်။
“သူက အမဲလိုက်ခြင်း၊ သင်္ဘောပင်နဲ့ ပြောင်းပင်စိုက်ပျိုးခြင်းတို့ကို ကောင်းကောင်းလုပ်နိုင်ပါတယ်။ ဒီလိုအလုပ်တွေလုပ်တာကြောင့် လေ့ကျင့်ခန်းလုပ်သလိုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာရော၊ ကျန်းမာရေးရောကောင်းနေပါတယ်”
ဒီဗီဒီယိုကို ဖျော်ဖြေရေးအတွက်ရိုက်ခဲ့တာတော့ မဟုတ်ပါဘူး။ မြေပိုင်ဆိုင်မှုတိုင်းတာချက်များအပေါ် မွေးမြူရေးသမားတွေနဲ့ သစ်ခုတ်သမားတွေကတော့ စိန်ခေါ်နေကြပါသေးတယ်။ ရလဒ်ကတော့ FUNAIက တာဝန်ရှိသူတွေဟာ မြေယာကာကွယ်ရေးကို ပြန်လည်တင်းကျပ်ဖို့အတွက် ဒီလူသား သက်ရှိထင်ရှားရှိနေသေးကြောင်း အစိုးရကိုသက်သေပြနိုင်ခဲ့ပါတယ်။

Guardian News

ဒါကြောင့်မို့လည်း ဒီဗီဒီယိုဟာ ခွင့်ပြုချက်မရှိဘဲ ခိုးရိုက်ထားသလိုဖြစ်နေပေမယ့် တွင်းအောင်းလူသားရဲ့လုံခြုံရေးအတွက် အလွန်အရေးပါတဲ့ ဗီဒီယိုလည်းဖြစ်ပါတယ်။ တွင်းအောင်းလူသားရဲ့မျိုးနွယ်စုတွေ သေဆုံးသွားခဲ့ပြီးကတည်းက FUNAI နဲ့ ဘရာဇီးအစိုးရတို့ဟာ သူ့ကိုဆက်သွယ်ဖို့ ကြိမ်ဖန်များစွာ ချဉ်းကပ်ခဲ့ကြပါသေးတယ်။ ဆယ်စုနှစ်ကြာ ခါးခါးသီးသီးငြင်းဆန်မှုများနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ သူ့ကိုငြိမ်းချမ်းစွာပဲ နေထိုင်ခွင့်ပေးခဲ့ကြပါတယ်။ သူ့ကို ကူညီနိုင်ဖို့အတွက် သူနေတဲ့နေရာဝန်းကျင်မှာ အသုံးအဆောင်တွေ၊ မျိုးစေ့တွေကို မကြာခဏသွားထားပေးခဲ့ကြပါတယ်။ “သူ့ဆုံးဖြတ်ချက်ကို ကျွန်တော်တို့နားလည်ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံအရ သူ့ရဲ့ခုခံမှု၊ငြင်းဆန်းမှုနဲ့ အမုန်းတရားအနည်းငယ်ရှိတဲ့ လက္ခဏာပဲဖြစ်ပါတယ်”လို့ Algayer က ပြောပါတယ်။
BBC သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ သုတေသနနဲ့ ဥပဒေရေးရာ ဒါရိုက်တာ Fiona Watsonက ခုလိုမျိုးမှတ်ချက်ပေးခဲ့ပါတယ်။

READ
(၂၀၁၉) ခုနှစ်ရဲ့ အထူးခြားဆုံး ကမ္ဘာ့ဂင်းနစ်မှတ်တမ်းဝင်များ

“တနည်းအားဖြင့်တော့ ကျွန်မတို့ သူ့အကြောင်းဘာမှသိဖို့မလိုပါဘူး။ သူဟာ ကျွန်မတို့ဆုံးရှုံးနေတဲ့ လူသားမျိုးနွယ်စုတွေကြားက မတူကွဲပြားမှုရဲ့ သင်္ကေတပဲဖြစ်ပါတယ်”
ဒီရှားပါးဗီဒီယိုလေးကို အောက်မှာကြည့်ရှူနိုင်ပါတယ်။

Sam

Source : CNN , New York Post

SHARE