ဒေါက်မြင့်ဖိနပ်နဲ့ ဘောလုံးအလှပြသွားတဲ့ဘရာဇီးသူလေး

ဘရာဇီးသားတွေဟာ ဘောလုံးဆော့ရာမှာ အခြားသူတွေနဲ့မတူပဲအလိမ်အခေါက်ကျွမ်းကျင်ပြီး အလှအပလည်း အရမ်း
ဆော့တတ်ကြပါတယ်။ ဒါပေမယ့်ဒီတစ်ခါ ဘောလုံးအလှပြသွားတာ ရော်နယ်လ်ဒင်ဟိုလည်းမဟုတ်၊ နေမာလည်းမဟုတ်
ဒိုကြီးလည်း မဟုတ်ပါဘူး။ Raquel Embaixadinhas လို့ခေါ်တဲ့ ဘရာဇီးသူလေးပါ။ ဘောလုံးကန်ဖိနပ်နဲ့မဟုတ်ပဲ
ဒေါက်မြင့်ဖိနပ်နဲ့ ဘောလုံးစွမ်းရည်ကိုပြသသွားတာပါ။ အသက် ၂၅နှစ်အရွယ်ရှိပြီး Freestyler တစ်ယောက်ဖြစ်တဲ့
အဆိုပါဘရာဇီးသူဟာ ဘောလုံးစွမ်းရည်ကို ၄နာရီဆက်တိုက်ပြသခဲ့တာလည်းဖြစ်ပါတယ်။

4

သူ့ရဲ့ဘောလုံးစွမ်းရည်တင်မကပဲ ခန္ဓာကိုယ်အချိုးအစားကလည်း တော်တော်ကိုဆွဲဆောင်မှုရှိတာကိုတွေ့ရပါတယ်။ သူမ
ဟာ Youtubeမှာလည်း ကိုယ်ပိုင် Channelရှိပြီး ဘီကီနီသို့မဟုတ် ဘောင်းဘီတိုနဲ့ ဘောလုံးစွမ်းရည်ပြသလေ့ရှိပါ
တယ်။ အခုတော့ အချို့ရှိုးပွဲတွေမှာပါ ဘောလုံးစွမ်းရည်ကိုပြသနေရပြီဖြစ်ပါတယ်။

သူဒီလိုစလုပ်ခဲ့တာက ယောက်ျားလေတွေလုပ်တဲ့အရာတွေကို မိန်းကလေးတွေလည်း လုပ်နိုင်တယ်ဆိုတာကို သက်
သေပြချင်လို့ ဖြစ်ကြောင်းဆိုပါတယ်။

3

“ကျွန်မစပြီးလေ့ကျင့်တုန်းက ယောက်ျားလေးတွေထက်သာချင်ခဲ့တာပါ။ သူတို့က ကျွန်မကို “မိန်းကလေးက ဘယ်လို
လုပ် ယောက်ျားလေးတွေထက်သာမှာလဲ၊ သူဘောလုံးဘယ်လိုဆော့လဲတောင် သိမှာမဟုတ်ပါဘူး”လို့ ကျွန်မကိုလှောင်
ခဲ့ကြပါတယ်။ ကျွန်မကိုပြောခဲ့တဲ့သူတို့ထက် ကျွန်မအခုသာနေပါပြီ။ ကျွန်မနေ့တိုင်းလေ့ကျင့်တယ်။ ကျွန်မဒီလိုဘောလုံး
အလှပြတာမျိုးအတွက် ကမ္ဘာ့စံချိန်ကိုချိုးချင်တယ်။”လို့ ဆိုခဲ့ပါတယ်။

READ
၂၉-၆-၂၀၁၉ အတွက် ညနေခင်း ဦးဦးဖျားဖျားအားကစားသတင်းများ

2

သူမကဲသို့ဒေါက်မြင့်ဖိနပ်နဲ့ ဘောလုံးအလှပြဖို့ဆိုတာလည်း ယောက်ျားလေးတွေ လုပ်နိုင်ဖို့ အလွန်ခဲယဉ်းတဲံအရာဖြစ် နေပါတယ်။ “ဒီလိုမျိုးဝတ်စုံနဲ့ ဒေါက်မြင့်ဖိနပ်နဲ့ ဘောလုံးအလှပြရတာ တော်တော်ကိုခက်ခဲပါတယ်။ ဒါပေမယ့် ကျင့်သားရသွားရင်တော့ မခက်တော့ပါဘူး၊ဒါ့အပြင်ယောက်ျားလေးတွေကလည်း မိန်းလေးတွေဒီလိုဝတ်ထားရင် ပိုကြည့်ချင်ကြတယ်လေ”လို့ဆိုခဲ့ပါတယ်။

1

Raquelရဲ့အဖေက သူမကို ဒီလိုမျိုးဖြစ်လာဖို့ အားပေးခဲ့တယ်လို့လည်းသိရပါတယ်။ “ကျွန်မ၄နှစ်သမီးအရွယ်မှာ ဘော
လုံးစဆော့ပါတယ်။ ပွဲလိုက်ကန်တာမျိုးကိုတော့ ၈နှစ်သမီးအရွယ်မှာစခဲ့ပါတယ်။ ကျွန်မအဖေက ကျွန်မ၁၀ကြိမ်ဘောလုံး
ကိုတော့နိုင်ရင် အမြဲမုန့်ဖိုးပေးပါတယ်။ Raquelဟာ Cristiano Ronaldo နဲ့ Cafuတို့ကိုလည်း တွေ့ခဲ့ဖူးပြီး ဓာတ်ပုံ
လည်း အတူတကွရိုက်ခံခဲ့ပါတယ်။

Source:thesun

shwemom

SHARE