သေနေတဲ့ ကုန်းမြေကို ပြန်လည်ရှင်သန်လာအောင် လုပ်နိုင်ခဲ့တဲ့ ဇနီးမောင်နှံ

ဟက်တာ ၁၂၉ သန်း တနည်းအားဖြင့် တောင်အာဖရိကနိုင်ငံရဲ့  ဧရိယာ အရွယ်အစားတူညီနေတဲ့ သစ်တော ပမာဏဟာ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာပေါ်ကနေ အပြီးတိုင်ပျောက်ကွယ်နေပါတယ်။ ပနားမားနိုင်ငံရဲ့ အရွယ်အစားနဲ့တူညီတဲ့ သစ်တောဧရိယာပမာဏကတော့ နှစ်စဉ် နှစ်တိုင်း ဆုံးရှုံးနေရပါတယ်။

သစ်တော ပြုန်တီးမှုတွေကြောင့်ကနေ ထွက်ပေါ်လာတဲ့ ၁၅ ရာခိုင်နှုန်းသော ဂရင်းဟောက်စ် ဂတ်စ်တွေနဲ့အတူ မရေမတွက်နိုင်တဲ့ သက်ရှိ၊ သက်မဲ့ မျိုးစိပ်တွေဟာ ယင်းတို့ရဲ့ နေ့စဉ် ဘုံဘ၀တွေကို ပျောက်ဆုံးနေရပါတယ်။ ဒါတွေကြောင့် ကမ္ဘာကြီးဟာ အကြီးအကျယ် ထိခိုက်တာနေကို အထင်းသားတွေ့မြင်နိုင်ပြီး ရေရှည်မှာလည်း ဆက်လက်ပြီး ဒဏ်ခံနိုင်ဖို့ မရှိတော့ပါဘူး။

Ricaro Beliel

ဒီလိုမျိုး အခြေအနေနဲ့ ပတ်သက်ပြီး လူသားတွေအနေနဲ့ ဘာတွေကို လုပ်ဆောင်နိုင်မလဲ…။ ဘရာဇီး ဓာတ်ပုံဆရာ Sebastiao Salgado နဲ့ ဇနီး Lelia Deluiz Wanick Salgado တို့ကတော့ ပြုန်တီးနေတဲ့ သစ်တောတစ်ခုကို တဖန် ပြန်လည် စိမ်းလန်းလာအောင် ထက်သန်ပြင်ပြတဲ့ ဆန္ဒတွေနဲ့ လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။

Sebastiao Salgado

Salgado ဟာ ဓာတ်ပုံ သတင်းထောက်လောကမှာ ဆုရ ကျော်ကြားပြီး စာအုပ်တော်တော်များများကိုလည်း ရေးသားထုတ်ဝေထားသူဖြစ်တယ်။ Rwandan လူမျိုးတုံး သတ်ဖြတ်မှုကြီးရဲ့ ကြောက်မက်ဖွယ်အကြောင်းတွေကို မှတ်တမ်းတင်ပြုစုပြီးတဲ့နောက်ပိုင်းမှာ စိတ်ရော ကိုယ်ရော ပင်ပန်းပြီး ဘရာဇီးက ဇာတိမြေကို ပြန်လာခဲ့တယ်။ သူပြန်ရောက်တော့ အကြီးအကျယ် ပျက်စီစေနေတဲ့ ဇာတိဒေသရဲ့ အခြေအနေတွေကို မြင်ပြီး ရှောခ့်ထပ်ရသွားခဲ့တယ်။ ဒါပေမယ့် ဇနီးဖြစ်သူ Leilia ကတော့ အရင်လို ပြန်လည် အသက်သွင်းနိုင်မယ်လို့ ယုံကြည်ခဲ့တယ်။

READ
တစ်နေ့ကို အပင်တစ်ပင်စိုက်ပြီး သစ်တောကြီးတစ်ခုဖြစ်လာအောင် ဖန်တီးခဲ့သူ
institutoterra

သူပြန်ရောက်သွားတဲ့အချိန်မှာ သစ်ပင်က ၀.၅ ရာခိုင်နှုန်းလောက်ပဲ ကျန်ပါတော့တယ်။ ဒါကို ဇနီးဖြစ်သူရဲ့ စိတ်ကူးကောင်းနဲ့ သစ်တောကို ပြန်လည် စိုက်ပျိုးဖို့ အားထုတ်ခဲ့တယ်။ သူတို့ ဇနီးမောင်နှံ စလုပ်တဲ့အချိန်ကစပြီး အင်းဆက်တွေ၊ ငှက်တွေ၊ ငါးတွေဟာ ပြန်လည်ရောက်ရှိလာခဲ့ကြတယ်။

institutoterra

Salgado ဇနီးမောင်နှံဟာ Terra ဆိုတဲ့ အဖွဲ့အသေးစားလေးတစ်ခုကို ထူထောင်ပြီး ပင်ပျို  ၄ သန်းလောက်ကို စိုက်ပျိုးခဲ့ကြတယ်။ အဲ့ဒီလိုနဲ့ သေနေတဲ့ ကုန်းမြေကြီးကို တစ်ခါပြန်လည် အသက်ဝင်လာအောင် ကြိုးစားနေခဲ့ကြပါတယ်။

institutoterra

ကာဗွန်ဒိုင်အောက်ဆိုဒ်ကို အောက်စီဂျင်ပြောင်းနိုင်တာ အပင်တစ်မျိုးတည်းသာ ရှိတယ်။ ဒီ အချက်ကို အခြေခံပြီး သစ်တောကို ပြန်လည် စိုက်ပျိုးခဲ့ကြတယ်။ သစ်တောဖြစ်ဖို့ မူရင် ဒေသပေါက်ပင်တွေရှိဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင် သစ်တောကို ဘယ် တိရိစ္ဆာန်ကမှ လာမှ မဟုတ်ဘဲ တိတ်ဆိတ်နေလိမ့်မယ်လို့ Salgado က ဆိုပါတယ်။

READ
ကမ္ဘာ့ချစ်စရာအကောင်းဆုံးတိရိစ္ဆာန်လေးတွေအဖြစ် သတ်မှတ်ခံနေရတဲ့ Quokkas
institutoterra

ဒီလိုနဲ့ နှစ် (၂၀) လောက် သေချာ ပြုစုပျိုးထားလာခဲ့တာ သစ်တော ဧရိယာ တစ်ဖန်ပြန် စိမ်းလန်ဝေဆာလာခဲ့တယ်။ တိတ်ဆိတ်မှုတွေ ပျောက်ကွယ်ပြီး တောရိုင်း တိရိစ္ဆာန်တွေ ပြန်ရောက်လာခဲ့တယ်။ ကျေးငှက်တွန်ကျူးသံတွေနဲ့ ပိုးထိုးသံတွေညံလာခဲ့တယ်။

institutoterra
Sebastião Salgado

ငှက်မျိုးစိတ် (၁၇၂) မျိုး၊ နို့တိုက် သတ္တ၀ါ (၃၃) မျိုး၊ တွားသွား (၁၅) မျိုး၊ ကုန်းရေ ရေနေ (၁၅) မျိုးနဲ့ အပင် (၂၉၃)  မျိုးတို့ ပြန်လည် ပေါက်ရောက်လာခဲ့ပြီး ဂေဟစနစ်ကြီးတစ်ခုလုံး ပြန်လည် တည်ဆောက်နိုင်ခဲ့တယ်။

Sebastião Salgado
Sebastião Salgado
YASUYOSHI CHIBA

Salgado တို့ရဲ့ ပရောဂျက်က စံပြုထိုက်တဲ့ ဂေဟဗေဒဆိုင်ရာ လှုပ်ရှားမှုတစ်ခုလိုဆိုလို့ရသလို၊ မှန်ကန်တဲ့ လုပ်ဆောင်မှုတွေနဲ့ သဘာဝပတ်ဝန်ကျင်ကို ဘယ်လို လျင်လျင်မြန်မြန် ကုစားနိုင်လဲဆိုတာကို ဖော်ပြနေပါတယ်။

Ref: Bored Panda

Matthew (ShweMOM)

 

SHARE