COVID-19 မှ ကိုယ့်နယ်မြေကိုယ်ကာကွယ်နေကြတဲ့ ဘရာဇီးလ်ဂိုဏ်းသားများ

Pixabay-PIRO4D Pixabay-LhcCoutinho

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ကူးစက်ရောဂါဟာ တစ်ကမ္ဘာလုံးကလူတွေ ကြောက်လန့်နေကြရတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မကြာသေးခင်အချိန်ကပဲ WHO (World Health Organization) က COVID-19 ကို ကပ်ရောဂါတစ်ခုအဖြစ် ကြေညာချက်ထုတ်ပြန်လိုက်တဲ့အချိန်မှာတော့ လူတိုင်းလိုလိုဟာ အိမ်ထဲကအိမ်အပြင်ကို မထွက်တော့ပါဘူး။

နိုင်ငံတိုင်းလိုလိုက အစိုးရတွေကလည်း သူတို့နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး Quarantine ချမှတ်တာတို့၊ မြို့ကို lockdown ချတာတို့ အစရှိတဲ့ ကာကွယ်မှုတွေကို ပြုလုပ်နေကြပါတယ်။ ဒါပေမယ့် ဘရာဇီးလ်နိုင်ငံအစိုးရကတော့ ဒီ COVID-19 ရောဂါကာကွယ်မှုတွေနဲ့ ပတ်သတ်ပြီး လုပ်ဆောင်မှုအားနည်းပြီး ဘရာဇီးလ်လူဆိုးဂိုဏ်းတွေကိုယ်တိုင် ကိုယ့်နယ်မြေကာကာကွယ်ရေးနဲ့ပတ်သတ်ပြီး ကိုယ့်ဟာကိုယ်လုပ်ဆောင်နေရကြောင်း Unilad သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

worldometers

တစ်ကမ္ဘာလုံးမှာ COVID-19 ကူစက်ရောဂါကြောင့် လူ ၁၈,၀၀၀ ကျော်သေဆုံးခဲ့ရသလို လူပေါင်း ၄၀၀,၀၀၀ ကျော် ကူစက်ခံထားရပြီ ဖြစ်ပါတယ်။ ဒီလိုပဲ ဘရာဇီးလ်နိုင်ငံမှာလည်း COVID-19 ကူးစက်ရောဂါကြောင့် လူ ၅၉ ယောက်သေဆုံးခဲ့သလို ကူးစက်ခံထားရတဲ့လူက ၂၅,၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

READ
ပွဲစီစဉ်သူကြောင့် မင်္ဂလာပွဲမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့ သတို့သမီး

ဘရာဇီးလ်နိုင်ငံမှာ COVID-19 ရောဂါ စဖြစ်ခါစအချိန်မှာပဲ Rio de Janerio မြို့တော်ဝန် Marcello Crivella က Rio de Janerio မြို့ကို lockdown ခဏချခဲ့သလို Sao Paulo မြို့တော်ဝန် Joao Doria ကလည်း သူ့မြို့ကို 15 ရက် quarantine အသီးသီးချခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်းကနေ ယခုအချိန်ထိ ဘာကာကွယ်မှုမှမလုပ်ခဲ့သလို ဒီရောဂါနဲ့ ပတ်သတ်ပြီး အရေးတယူဆောင်ရွက်ခြင်းတွေလည်း မရှိခဲ့ပါဘူး။

Pixabay-LhcCoutinho

“ဒီရောဂါက ကူးစက်ရောဂါလေဗျာ။ ဒီ COVID-19 ကူးစက်ရောဂါကို တစ်ကမ္ဘာလုံးက ထိတ်လန့်နေတဲ့အချိန်မှာ ကျွန်တော်တို့ဆီက အစိုးရက ကြောက်စရာမလိုဘူးတဲ့။ ဒါကြောင့်အခုအချိန်မှာ ကျွန်တော့် ဂိုဏ်အသီးသီးချင်းပဲ ကိုယ့်နယ်မြေမှာ ကာကွယ်ဆောင်ရွက်မှုတွေ လုပ်နေရပါတယ်” လို့ ဘရာဇီးလ် လူဆိုးဂိုဏ်းတစ်ခုမှ ပြောကြားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ မတ်လ ၂၃ ရက်နေ့ကစပြီး Rio de Janerio, Sao Paulo နဲ့ Santa Catarina မြို့တွေမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ် လူဆိုးဂိုဏ်းတွေက lockdown ချခဲ့ကြောင်း သိရပါတယ်။

READ
သက်ရှိဘာဘီနဲ့မခြား ထူးကဲလှပလွန်းတဲ့ သြစတေးလျ-ဆူဒန် မော်ဒယ်လေး

Pyi Hein Kyaw

SHARE