PSG အသင်းမှာရနေတဲ့နေမာရဲ့ မက်မောဖွယ်ရာ တစ်ပတ်လုပ်ခလစာ ပေါ်ထွက်လာ

ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး 198 သန်းနဲ့ ရှောက်ရှိသွားတဲ့ နေမာဟာ လက်တလော ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ရပ်အရ၊ တစ်လမှာ ပေါင် 3 သန်းနီးပါးအထိ ၀င်ငွေရရှိနေကြောင်း Metro သတင်းက ဖော်ပြထားပါတယ်။ ပြင်သစ်အခြေစိုက် သတင်းစာ spiegel.de မှာလည်း ယခုသတင်းကို အတည်ပြုထားပါတယ်။

Action Images/Reuters/Lee Smith

ယင်းသတင်းစာမှာ နေမှာဟာ တစ်လလျှင် ယူရို 3,069,520 အထိ ရရှိနေကြောင်း ဖော်ပြထားပြီး၊ တစ်ရက်လုပ်ခလစာဟာ ယူရို 100000 နဲ့ ညီမျှနေတယ်လို့ ဆိုထားပါတယ်။ ဟင်နရီကိန်းနဲ့ ဟူဂိုလောရစ္စတို့ဟာ စပါးအသင်းမှာ တစ်ပတ် ပေါင် 1 သိန်းသာ ရရှိနေချိန်၊ မန်ယူအသင်း ကစားသမား ပေါ့ဂ်ဘာကတော့ တစ်ပတ်လုပ်ခ ပေါင် 280000 ဖြစ်ပါတယ်။

AP Photo/Francois Mori

ဒါပေမယ့် နေမာရဲ့ လုပ်ခလစာကတော့ ဘယ်ကစားသမားနဲ့ယှဉ်ယှဉ် ကြောက်ခမန်းလိလိဖြစ်နေပြီး၊ တစ်နှစ် လုပ်လစာဟာ ယူရို 37 သန်း အိတ်ထဲ အသာထည့်နိုင်မယ့်အခြေအနေဆိုတာ မြင်သာစေပါတယ်။ ဒီအခြေအနေသာ မကသေးဘဲ နေမာရဲ့ လုပ်ခလစာဟာ သူ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်ခြင်းနဲ့၊ PSG ကို ချန်ပီယံလိဂ်ရအောင် စွမ်းဆောင်နိုင်ခြင်းတွေ ရှိလာခဲ့ပါက တစ်မျိုးဖြစ်လာနိုင်ပါသေးတယ်။

READ
ဝီရှိုင်းယားကို အရခေါ်ယူသင့်ကြောင်း မန်ယူကို ကစားသမားဟောင်းတစ်ဦး တိုက်တွန်း
FRANCK FIFEFRANCK/AFP/Getty

နေမာဟာ PSG အသင်းမှာ ပြီးခဲ့တဲ့ခြောက်ပွဲစလုံးကို  ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ခြောက်ပွဲမှာ ငါးဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အသင်းဖော်တွေ ဂိုးရရှိအောင်လည်း ငါးကြိမ် Assist လုပ်ထားနိုင်ခဲ့ပါတယ်။ နေမာဟာ လာမယ့်အပတ် မောင့်ပယ်လီယာအသင်းနဲ့ ပွဲစဉ်မှာ ဒဏ်ရာကြောင့် ပါဝင်ဖို့ မသေချာပေ့မယ်၊ ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲအမီ ပြန်ကစားနိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE