ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကစားသမား(၂၃)ယောက်စာရင်းကို အစောဆုံးထုတ်ပြန်ခဲ့တဲ့ ဘရာဇီးလ်

(၁၄.၅.၂၀၁၈)မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ပြိုင်ပွဲဝင်(၃၂)သင်းဟာ သူတို့ရဲ့ ပဏာမ လူစာရင်းကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဆီ ပို့ပေးခဲ့ရပါတယ်။ တစ်ချို့အသင်းတွေက သူတို့ရဲ့ ပဏာမလူစာရင်းကို မီဒီယာတွေဆီ သတင်းထုတ်ပြန်ခဲ့ပြီး တစ်ချို့အသင်းတွေကတော့ သတင်းမထုတ်ပြန်ကြသေးဘဲ သတင်းထုတ်ပြန်ဖို့ အခြေအနေ စောင့်ကြည့်နေတုန်းပါပဲ။

ပြိုင်ပွဲဝင် အပြီးသတ်(၂၃)ယောက် လူစာရင်းကိုတော့ လာမယ့် ဇွန်လ(၄)ရက်နေ့မှ ထုတ်ပြန်ရမှာပါ။ ဒါပေမယ့် ဘရာဇီးလ် လက်ရွေးစင်အသင်းကတော့ ထူးထူးခြားခြား အပြီးသတ်(၂၃)ယောက် လူစာရင်းကို အစောဆုံး ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ ဘရာဇီးလ်အသင်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် သမိုင်းတစ်လျှောက် အစောဆုံးအဖြစ် အသင်းရဲ့ ပြိုင်ပွဲဝင်လူစာရင်းကို ထုတ်ပြန်ခဲ့တာပါ။ FIFA ရဲ့ စည်းမျဥ်းစည်းကမ်းတွေအရ ပြိုင်ပွဲဝင်အသင်းတွေဟာ ကမ္ဘာ့ဖလားအတွက် လူစာရင်း ကို လက်ရှိရွေးချယ်ထားတဲ့ ပဏာမလူစာရင်းထဲကပဲ ရွေးချယ်ခွင့်ရှိမှာပါ။

ဘရာဇီလ်းနည်းပြ ထီထီဟာ တောင်အမေရိကဇုန်ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်ခဲ့ချိန်တည်းက ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် (၁)လအလိုမှာ အပြီးသတ်လူစာရင်းကို ထုတ်ပြန်မယ်လို့ ကြိုတင်ပြောခဲ့တာပါ။ ဘောလုံးသုံးသပ်သူတွေ၊ ၀ါသနာရှင်တွေ၊ မီဒီယာတွေနဲ့ ပရိသတ်တွေကြားမှာတော့ ဘရာဇီးလ်အသင်းရဲ့ လုပ်ဆောင်မှုက အငြင်းပွားစရာ ဖြစ်နေခဲ့ပါတယ်။ ဘရာဇီလ်းနည်းပြထီထီဟာ သူ့အသင်းနဲ့ ကစားသမားတွေအပေါ်မှာ ယုံကြည်မှုရှိကြောင်းကိုပြပြီး စိတ်ဓာတ်မြှင့်တင်တဲ့ လုပ်ရပ်လို့ ချီးကျူးတဲ့သူတွေ ရှိနေသလို ပြိုင်ဘက်တွေအပေါ် မလေးစားဘဲ ဘ၀င်မြင့်လွန်းတယ်လို့ ဝေဖန်တဲ့သူတွေလည်း ရှိနေပါတယ်။

READ
လက်စတာကိုချန်ပီယံဖြစ်စေချင်တဲ့မျှော်လင့်ချက်နဲ့ အသက်ရှင်နေတဲ့ကင်ဆာရောဂါသည်
FoxSports

ဘရာဇီးလ်အသင်းဟာ (၂၃)ယောက်စာရင်းကို အပြီးသတ်ပေးပို့ခဲ့တာကြောင့် ဒီစာရင်းထဲမှာပါတဲ့ ကစားသမားတစ်ဦးဦး ဒဏ်ရာရတော့မှသာ အစားထိုး လဲလှယ်ခွင့် ရှိတော့မှာဖြစ်ပါတယ်။  ဒါပေမယ့် ဒဏ်ရာပြဿနာ အကင်းမသေသေးတဲ့ နေမာကို ထည့်သွင်းရွေးချယ်ထားလို့လည်း ဝေဖန်ခံနေရပါတယ်။ ဒါ့အပြင် ထီထီဟာ ဂျူဗင်တပ်စ်မှာ ခြေစွမ်းပြနေတဲ့ ဘယ်နောက်ခံလူ ဆန်ဒရို၊ မိုနာကိုအသင်းက ဖာဘင်ဟို၊ ဘိုင်ယန်မြူးနစ်အသင်းက ရာဖင်ဟာ၊ လာဇီယိုအသင်းက ဖိလစ်ပီအန်ဒါဆင်တို့လို ဒီရာသီမှာခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို မရွေးချယ်ခဲ့သလို၊ မီရန်ဒါ၊ သီယာဂိုဆေးလ်ဗား၊ မာကွင်ဟို့စ်တို့ရဲ့ back-up အဖြစ် ပြည်တွင်းကလပ် ဂရီမီယိုအသင်းက အသက်(၃၂)နှစ်အရွယ် ဂျီရိုမယ်ကို ဒေးဗစ်လုဇ်ကို ကျော်ပြီးရွေးချယ်ခဲ့တာကလည်း ဝေဖန်စရာပါပဲ။

Twitter

ထီထီရဲ့ အပြီးသတ်လူစာရင်းထဲမှာပါတဲ့ မန်စီးတီးတိုက်စစ်မှူး ဂါဘရီယ်လ် ဂျေဆူးကတော့ ဘရာဇီးလ် ပရိသတ်တွေ အချစ်တော်ဖြစ်နေပါတယ်။ ဂျေဆူးဟာ (၂၀၁၄)ကမ္ဘာ့ဖလားတုန်းက ဘရာဇီးလ်ကလပ် ပါးလ်မီးရက်စ်အသင်းရဲ့ လူငယ်ကစားသမား အဆင့်သာ ရှိသေးပြီး ရီယိုဂျနေးဒိုးမြို့ရဲ့ လမ်းမတွေပေါ်မှာ ဘရာဇီးလ်အသင်းရဲ့ ပုံတွေကို ပန်းချီဆွဲခဲ့တဲ့ ကောင်လေးတစ်ဦးပါ။ (၄)နှစ်အကြာ (၂၀၁၈)ကမ္ဘာ့ဖလားမှာတော့ သူကိုယ်တိုင် တစ်ချိန်က အားပေးခဲ့တဲ့ ဘရာဇီးလ်အသင်းရဲ့ ရှေ့တန်းမှာဦးဆောင်မယ့် တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့တာကြောင့် ဘရာဇီးလ်ပြည်တွင်း မီဒီယာတွေကတော့ ဂျေဆူးကို ဘရာဇီးလ်လူငယ်ဘောလုံးသမားတိုင်း အတုယူသင့်သူဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုနေကြပါတယ်။

READ
၂၀၁၈ ကမ္ဘာ့ဖလားနဲ့လွဲခဲ့ရတဲ့ အကောင်းဆုံးကစားသမား (၁၁)ယောက်

Ref : ESPN , Standard.Co, CBS.Sports

SHARE