ကမ္ဘာတစ်လွှား နိုင်ငံတစ်ချို့ရဲ့ ထင်ရှားတဲ့ မနက်စာပြင်ဆင်မှုများ

မနက်စာဆိုတာ နေ့တစ်နေ့ရဲ့ အရေးပါဆုံးအစားအစာအဖြစ် သတ်မှတ်ခံထားရတဲ့ အစားအစာပါ။ နိုင်ငံတစ်နိုင်ငံချင်းဆီအလိုက်တော့ အစားအစာတစ်ခုနဲ့တစ် မတူညီနိုင်ပါဘူး။ ဗြိတိန်မှာဆိုရင် မနက်စာကို ပြောင်းဖုးမုန့်ဆန်းတစ်ပန်းကန်လောက်နဲ့လည်း မနက်စာ ပြီးသွားတတ်သလို၊ တစ်ခါတလေ ပေါင်မုန့်၊ ကြက်ဥ၊ ကော်ဖီကိုလည်း သုံးဆောင်တတ်ကြပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစားအစာတွေကတော့ နိုင်ငံတစ်ချို့ရဲ့ ထင်ရှားတဲ့ အစားများတဲ့ မနက်စာတွေ ဖြစ်ပါတယ်။

(၁) ရုရှားမနက်စာ

မနက်ပိုင်း အချိန်မရဘူးဆိုရင်တော့ ဆင်းဒ၀ှစ်ခ်ျနဲ့ အသားအနည်းငယ်၊ သို့မဟုတ် မလိုင်အနည်းအငယ်က မနက်စာပါဘဲ။ ဒါပေမယ့် ရုရှားတွေက အချိန်ရရင် မနက်စာကို ဖွယ်ဖွယ်ရာရာ စားလေ့ရှိပါတယ်။ သူတို့ဟာ ဘိန်းမုန့်လုပ်တဲ့ပုံစံနဲ့ အလားသဏ္ဍာန်တူတဲ့ Syrniki ကို ဒိန်ခဲအပျော့နဲ့ပေါင်းပြီး၊ အချဉ်ရည်၊ ယို၊ ပျားရည်တို့နဲ့ စားကြပါတယ်။

(၂) ပါကစ္စတန်မနက်စာ

ပါကစ္စတန်လူမျိုးတွေကတော့ မနက်စာကို ဟာလ်ဝါပူရီကို အားပြုစားကြပါတယ်။ ပူရီကို ပေါင်မုန့်ကြော်၊ အာလူး၊ ကုလားပဲ၊ သရက်သီးသနပ်၊ ဒိန်ချဉ်စတာတွေနဲ့ ရောစပ်စားသုံးကြပါတယ်။ တစ်ခါတလေ အချဉ်အတွက် မုန်လာဥနီအချဉ်ကို သုံးတတ်ပါတယ်။

READ
ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ စားသင့်တဲ့ အစားအစာများ

(၃) ဖိလစ်ပိုင်မနက်စာ

ဖိလစ်ပိုင်မနက်စာကတော့ Silog လို့ ခေါ်တဲ့ ကြက်ဥထမင်းကြော် ဖြစ်ပါတယ်။ တစ်ခါတလေမှာ ၀က်အူချောင်း၊ ကြက်အူချောင်း စသည်တို့နဲ့ ရောနှောစားသောက်တတ်ပါတယ်။

(၄) ဟော်လန်မနက်စာ

ဟော်လန်တွေရဲ့ မနက်စာက ရိုးရှင်းပါတယ်။ ပေါင်မုန့်မီးကင် ထောပတ်သုပ်၊ ချောကလတ်ကလေး သုပ်ပြီး စားတာလောက်ပါဘဲ။ တစ်ခါတလေမှာ ပေါင်မုန့်ကို ဆန်စေ့ပုံစံပြုလုပ်ထားတဲ့ ချောကလတ်အချောင်းလေးတွေနဲ့ ဖြူးပြီး စားသောက်တာမျိုးလည်း ရှိပါတယ်။

(၅) ဘရာဇီးမနက်စာ

ဘရာဇီးတွေကတော့ မနက်စာကို ဖွယ်ဖွယ်ရာရာ လုပ်စားတတ်ပါတယ်။ Pao de queijo လို့ အမည်ပေးထားတဲ့ မနက်စာကို အားပြုစားသုံးလေ့ရှိကြပြီး၊ ပေါင်မုန့်၊ ဒိန်ခဲတို့ကို ပူတင်းပုံစံဖုတ်ပြီး စားသောက်ကြတာပါ။

(၆) အစ္စရေးမနက်စာ

အစ္စရေးနဲ့ အာရပ်နိုင်ငံတွေအများစုကတော့ Shakshuka ခေါ်တဲ့ ဒေသခံအစားအစာကို ခုံမင်ကြပါတယ်။ Shakshuka ဆိုတာ အာရေဗျဘာသာစကားနဲ့ “ရောပြွမ်းခြင်း”လို့ အဓိပ္ပါယ်ရပါတယ်။ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်နီ၊ ဟင်းခတ်အမွေးအအကြိုင်စသည်တို့ကို ဒယ်အိုးထဲမှရောပြွမ်းမွှေနှောက်ပြီး၊ စားကာနီးမှာ ကြက်ဥသုံးလုံးလောက် ဖောက်ထည့်ပြီး စားသုံးကြပါတယ်။

READ
ပဲပင်ပေါက်ချဉ်စပ်ဟင်းရည်ချက်နည်း

(၇) ကိုလံဘီယာမနက်စာ

ကိုလံဘီယာမှာတော့ Arepas ဆိုတဲ့မနက်စာက လူကြိုက်များပါတယ်။ ပြောင်းဆန်မှုန့်နဲ့ပြုလုပ်ထားတဲ့ ကိတ်မှုန့်Roll ထဲကို အသားတွေ၊ ဥတွေ၊ ဒိန်ခဲ ချောကလတ် စတဲ့အစာတွေ ထည့်သွင်းပြီး မြိန်မြိန်ရှက်ရှက် စားသုံးကြပါတယ်။

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE