ရှေးဟောင်းအီဂျစ်အုတ်ဂူတွေကို အများပြည်သူတွေ လေ့လာနိုင်ဖို့ ပြန်လည်ဖွင့်လှစ်မည်

(၁၉၄၀)ခုနှစ်က Mehu ရဲ့ အုတ်ဂူတွေကို အီဂျစ်နိုင်ငံ ဂီဇာမြို့မှာ ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ပိတ်ထားခဲ့တာ အနှစ်(၈၀) နီးနီး ရှိနေပါပြီ။ ယနေ့အခါမှာတော့ အများပြည်သူတွေ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ယင်းအုတ်ဂူတွေကို ပြန်လည်ဖွင့်လှစ် ပြသတော့မယ်လို့ သိရပါတယ်။ Mehu ဟာ ရှေးဟောင်းအီဂျစ်နိုင်ငံတော်မှာ ဖာရိုဘုရင်တွေကို ခစားရတဲ့ နန်းတော်ထဲက ရာထူးအကြီးဆုံး မှုးမတ်ကြီးတစ်ဦး ဖြစ်ပါတယ်။

EPA
EPA

Mehu ရဲ့အုတ်ဂူတွေဟာ ရှေးဟောင်းအီဂျစ်လူမျိုးတွေ အများအပြား မြှုပ်နှံရာ နယ်မြေဖြစ်တဲ့ Saqqara သင်္ချိုင်းမြေမှာတည်ရှိပြီး အလှပဆုံး အုတ်ဂူတွေရှိတဲ့ နေရာလို့လည်း ဆိုကြပြန်ပါတယ်။ ခမ်းနားလှတဲ့ Mehu အုတ်ဂူတွေကို အီဂျစ်ရှေးဟောင်း သုတေသနအဖွဲ့က ပြန်လည်ထိန်းသိမ်း ပြုပြင်ခဲ့ပြီး ဂူတွေနဲ့ အခန်းနံရံပေါ်က ပန်းချီလက်ရာတွေကို သေချာမွမ်းမံခဲ့ကြတာပါ။

READ
သင် လည်ပတ်ချင်စိတ်တွေပေါ်ပေါက်လာစေမယ့် ထူးခြားဆန်းပြားတဲ့ ဟိုတယ်များ
EPA

အုတ်ဂူပိုင်ရှင်ရဲ့ တောအုပ်ထဲမှာ အမဲလိုက်နေတဲ့ ရုပ်ပုံတွေ၊ ငါးမျှားနေတဲ့ ရုပ်ပုံတွေ အပါအ၀င် လူအများအပြားရဲ့ ချက်ပြုတ်ကျော်လှော် နေကြပုံတွေနဲ့ ကခုန်နေကြပုံတွေပါ ထွင်းထုထားတာ ဖြစ်ပါတယ်။ ယင်းအနုလက်ရာတွေဟာ အီဂျစ်ရဲ့ ဘုရင်မင်းဆက်(၆)ဆက် နောက်ပိုင်းမှာမှ ပေါ်ပေါက်လာတဲ့ ပန်းချီပန်းပုအနုပညာ လက်ရာတွေဖြစ်ပါတယ်။ ပိရမစ်တွေရဲ့ အလောင်းမြှုပ်နှံထားရာ အခန်း၊ အခန်းငယ်နဲ့ အ၀င်ဝ ကော်ရစ်ဒါတွေမှာတော့ ပိရမစ်သုံးစာသားတွေကို ရေးထွင်းထားပါတယ်။

EPA
EPA

Mehu ဟာ ခရစ်တော်မပေါ်ခင် နှစ်ပေါင်း(၂၃၀၀) လောက်က နေထိုင်ခဲ့တယ်လို့ယူဆကြပြီး သူ့ရဲ့ထူးခြားတဲ့ အုတ်ဂူအဆောက်အဦးကြီးကြောင့်ပဲ လူသိများခဲ့တာ ဖြစ်ပါတယ်။ သူ့အုတ်ဂူဟာ ဖာရိုဘုရင် Unas ရဲ့ ပိရမစ်နဲ့ အတော်လေးနီးနီးကပ်ကပ်မှာ တည်ရှိပါတယ်။ Mehu မိသားစုရဲ့ သမိုင်းကိုတော့ သေချာမသိရပေမယ့် သူ့ မှာ Nebet နဲ့ Neferkaus အမည်ရတဲ့ ဇနီး(၂)ယောက်ရှိခဲ့ပြီး သူ့ရဲ့ သားတွေကိုလည်း အုတ်ဂူတွေထဲက ရုပ်ပုံတွေမှာ သရုပ်ဖော်ထားခဲ့တယ်လို့ ပညာရှင်တွေက မှတ်ချက်ပြုထားပါတယ်။

READ
ကြယ်တွေကို ကြည့်ရင်းအိပ်နိုင်မယ့် စိတ်ကူးယဉ်ဆန်ဆန် ဖန်လုံးသဏ္ဍာန်အိမ်လေး
EPA
EPA

လင်းလင်း (ShweMom)

Ref: Dailymail

SHARE