စကော့တလန်နိုင်ငံက သဘာဝအလှအပတွေကို ရင်သပ်ရှုမောဖွယ်ဖော်ကျူးပြရတဲ့ ဓာတ်ပုံပြိုင်ပွဲ

ယခု ဖော်ပြထားတဲ့ အံအားသင့်စရာကောင်းတဲ့ ဓာတ်ပုံတွေဟာ တည်ငြိမ်အေးချမ်းတဲ့ စကော့တလန်နိုင်ငံထဲက ရှုခင်းဓာတ်ပုံတွေဖြစ်ပြီး ပြိုင်ပွဲဝင် ဓာတ်ပုံတွေဖြစ်ပါတယ်။

ဒီ ပြိုင်ပွဲမှာတော့ Allan Donald ဆိုသူက တစ်နှစ်တာ စကော့တစ်ရှ် ရှုမြော်ခင်း ဓာတ်ပုံဆရာ ဆုကို ရရှိခဲ့ပါတယ်။ သူက ကမ္ဘာအရပ်ရပ်ကနေ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ထောင်ပေါင်းများစွာသော ပြိုင်ပွဲဝင်တွေကို ဖြတ်ကျော်ပြီး အကောင်းဆုံးဆုကို ရရှိခဲ့ပါတယ်။ သူက ဒီလို သဘာဝ ရှုခင်းအလှတွေကို မှတ်တမ်းတင် ပြုစုနေခဲ့တာ (၁၅) နှစ်တောင်ရှိခဲ့ပါပြီ။

Allan Donald/Bav Media
Allan Donald/Bav Media

လူငယ်တန်း ပြိုင်ပွဲမှာတော့ Edinburgh မြို့က Andrew Bulloch ဆိုသူက ရရှိခဲ့ပါတယ်။ သူက Outer Hebrides မှာရှိတဲ့ Eriskay ဘောလုံးကွင်း ဓာတ်ပုံနဲ့ ဆုရခဲ့တာပါ။ ဒီကွင်းက ဖီဖာက ထူးခြားတဲ့ ဘောလုံးကွင်အဖြစ် သတ်မှတ်ထားတဲ့ ၈ ကွင်းထဲက တစ်ကွင်းဖြစ်ပါတယ်။

READ
ပစ္စည်းတွေကို ပန်းကန်းဆေးရေမြှုပ်နဲ့ အလွယ်တကူ သန့်ရှင်းနည်း ၊ အသုံးပြုနည်းများ
Andrew Bulloch/Bav Media

ဒီပြိုင်ပွဲကို Perthshire ပြည်နယ်က  Staurt Low ဆိုသူက အစပြုခဲ့ပြီး စကော့တလန်နိုင်ငံထဲ ဓာတ်ပုံဆရာတွေကို မြေတောင်မြှောက်ပေးဖို့နဲ့ နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ၊ သဘာဝ သယံဇာတတွေ၊ ယဉ်ကျေးမှု စနစ်နဲ့ သမိုင်း အမွေအနှစ်တွေကို အင်တာနေရှင်နယ်က ပရိသတ်တွေဆီ ချပြနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံပညာရဲ့ အဆင့်အတန်းဟာ တစ်နှစ်နဲ့ တစ်နှစ် ပိုပို မြင့်မားလာပြီး ကမ္ဘာတစ်ဝှမ်းက ရောက်လာတဲ့ ပြိုင်ပွဲဝင်ပုံတွေကို ကြည့်ဖို့ တကယ်ကိုပဲ မာန်စွယ်ချိုးထားရတယ်လို့ Staurt က ပြောပြပါတယ်။

ပြိုင်ပွဲ အမျိုးအစား (၁၀) ခုခွဲထားပြီး နှစ်စဉ်ကျင်းပတဲ့ ဓာတ်ပုံပြိုင်ပွဲဖြစ်ပြီး အခုဆို (၅) ကြိမ်မြောက် ကျင်းပပြီးစီးခဲ့တာဖြစ်ပါတယ်။ စကော့တလန်နိုင်ငံရဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေ ဘယ်လိုရှိလဲဆိုတာ လေ့လာကြည့်ပါဦး…။

READ
(၂၀၁၈) ခုနှစ် ရေအောက်သမုဒ္ဒရာဓာတ်ပုံပြိုင်ပွဲမှ ဆုရရှိသူများ
Huisinis, Isle of Harris
Frans van Hoogstraten/Bav Media
Grangemouth ဓာတုလောင်စာစက်ရုံ
Graeme Gaine/Bav Media
 Isle of Skye
Anthony Robin/Bav Media
Saltcoats Station
Tom Ross/Bav Media
Loch an Eilein 
Simon Atkinson /Bav Media
Argyll
Marc Pickering/Bav Media
 Dunalastair Water
Ian Biggs/Bav Media
Northton Salt Marsh
Peter Paterson/Bav Media
Fenwick ဒေသအတွင်းက နှင်းဖုံးချိန်
Gary McIntyre/Bav Media
Aberdeenshire အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းပေါ်က မီးပြတိုက်

 

Robert Mccristall/Bav Media
Isle of Harris ရှိ Northton ဆားဗွက်တော Isle of Harris
Vikki Macleod/Bav Media
Loch Lubnaig မြို့လှေအိမ်
Peter Paterson/Bav Media
Edinburgh မြို့က The National Monument of Scotland
Peter Paterson/Bav Media

Source: Daily Mail

Matthew (ShweMOM)

 

SHARE