တစ်ကမ္ဘာလုံးကို အံသြသွားစေတဲ့ ရင်သပ်ရှုမောဖွယ် မိုးမြင့် အဆောက်အဦးဒီဇိုင်းများ

ခေတ်သစ် စက်မှုလက်မှုပညာရပ်တွေ ထွန်းကားလာတာကို မိုးမြင့် အဆောက်အဦးတွေ၊ တိုက်တာ အဆောက်အအုံတွေတိုးပွားလာတာကို ကြည့်ခြင်းဖြင့် အထင်အရှားသိနိုင်ပါတယ်။ အခု ဖော်ပြပေးထားတဲ့ အဆောက်အဦးတွေမှာ တစ်ချို့က ဆောက်လက်စ၊ တစ်ချို့က ဆောက်ဖို့ စီစဉ်လျက်ရှိတဲ့ အဆောက်အဦးတွေ ပါဝင်ပါတယ်။ ဒီအဆောက်အဦးပုံစံတွေဟာ ထူးခြားလွန်းလှပြီး တစ်ချို့ဆို ဘယ်လိုမှ စိတ်မကူးမိနိုင်လောက်အောင်ပါပဲ။

One World Trade Center – နယူးယောခ့်မြို့
John D. Morris / Wikimedia Commons

အစကတော့ ဒါ အဆောက်အဦးကို Freedom Tower လို့ ခေါ်ဆိုခဲ့ကြပါတယ်။ 9/11 အောက်မေ့ဖွယ် အဆောက်အဦးအဖြစ် (၂၀၁၂) ခုနှစ်မှာ အပြီးသတ်တည်ဆောက်ခဲ့ကြတယ်။ အခုဆို အမြင့်ပေ (၁၇၇၆) ရှိတဲ့ One World Trade Center ဟာ အမေရိကန်နိုင်ရဲ့ အမြင့်ဆုံး မိုးမြင့် အဆောက်အဦးဖြစ်ပါတယ်။ အမြင့်ပေကိုလည်း လွတ်လပ်ရေးလက်မှတ်ရေးထိုးတဲ့ ခုနှစ်အတိုင်း တမင်ထားပြီး တည်ဆောက်ခဲ့တာလို့ သိရတယ်။

Evolution Tower – မော်စကိုမြို့
Igor3188 / Wikimedia Commons

အမြင့်ပေ (၈၀၇) ပေရှိတဲ့ ဒီ အဆောက်အဦးဟာ (၂၀၁၅) ခုနှစ်က ချီးမြင့်ခဲ့တဲ့ the Emporis Skyscraper ဆုပေးပွဲမှာ ဒုတိယရထားပါတယ်။ မျိုးရဲ့ ဗီဇပုံ ခရုပတ်ဒီဇိုင်နဲ့ တည်ဆောက်ထားပြီး တစ်ဦးတစ်ယောက်၊ မိသားစု၊ မျိုးရိုးစတာတွေရဲ့ သင်္ကေတလည်းဖြစ်တယ်။

Agora Tower – တိုင်ပေမြို့
Vincent Callebaut Architectures

ဂေဟဗေဒစနစ်နဲ့ ကိုက်ညီ အကျိုးပြုတဲ့ ဒီ တာဝါဟာဆို အဲ့ဒီ့ ဒေသမှာရှိတဲ့ အဆောက်အဦးတွေထဲမှာဆို အကြီးဆုံးပဲ သိရတယ်။ ပရောဂျက်အတွက် ဒီဇိုင်ရွေးချယ်ပွဲကို (၂၀၁၀) ခုနှစ်မှာ ကျင်းပခဲ့ပြီး Vincent Callebaut ရဲ့ ဒီဇိုင်က ရွေးချယ်ခဲ့ခံရပါတယ်။

READ
မိန်းကလေးတွေ စိုးရိမ်တတ်တဲ့ ရင်သားနဲ့ပတ်သက်သောပြဿနာများ

 

Lakhta Center – စိန့်ပီတာစဘတ်မြို့
kp.ru

အမြင့်ပေ (၁၅၁၆) ရှိတဲ့ ဒီ မိုးမြင့်အဆောက်အဦးဟာ ရုရှားနိုင်ငံတင်သာမက ဥရောပမှာပါ အမြင့်ဆုံး ဖြစ်ပါတယ်။ ကမ္ဘာမြောက်ပိုင်းမှာရှိတဲ့ တာဝါတွေထဲမှာလည်း သူမတူတဲ့ တာဝါဖြစ်တယ်။ တည်ဆောက်တုန်းက ဖောင်ဒေးရှင်းအတွက် ကွန်ကရစ်လောင်တာမှာလည်း ဂင်းနစ်စံချိန်ပါတင်ခဲ့တယ်။

 

W350 – တိုကျိုမြို့
Sumitomo Forestry

(၂၀၄၁) နှစ်အရောက် အပြီးသတ်တည်ဆောက်ဖို့ မျှော်မှန်းထားတဲ့ ဒီ တာဝါဟာ ကမ္ဘာ့အမြင့်ဆုံး သစ်နဲ့ တည်ဆောက်တဲ့ မိုးမြင့်အဆောက်အဦးတစ်ခုဖြစ်လာမှာ ဖြစ်တယ်။ သဘာဝတရားကို စိတ်နှလုံးသွင်းပြီး ဒီဇိုင်ဆွဲခဲ့တယ်လို့လည်း သိရတယ်။ အဆောက်အဦးထဲမှာ လူတွေဟာ လတ်ဆတ်တဲ့ လေညှင်းနဲ့ နေရောင်ခြည်ကို ထိတွေခံစားရမှာဖြစ်တယ်။ ကျေးလက်ဒေသဖွံဖြိုးမှုအတွက် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေဖို့ ရည်ရွယ်တည်ဆောက်ခဲ့ပြီး နွေးထွေးမှု၊ တည်ငြိမ်မှုတို့ကို ဖော်ဆောင်ရာတစ်ခုဖြစ်ကြောင်း သိရပါတယ်။

 

Dynamic Tower – ဒူဘိုင်းမြို့
Dynamic Architecture

ဒီ မိုးမြင့် အဆောက်အဦးရဲ့ အထပ်တိုင်းက လည်ပတ်နိုင်တယ်လို့သိရပါတယ်။ နေတိုင်းမှာ မြင်ရပုံမတူအောင် ရည်ရွယ်ပြီး နည်းပညာပိုင်း စနစ်များစွာနဲ့ ဖန်တီးတည်ဆောက်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီ ဒီဇိုင်းကို ရေးဆွဲတဲ့ David Fisher ဟာ တစ်ခါမှ မိုးမြင့်အဆောက်အဦးတွေ မဆောက်ဖူးဘူးလို့ သိရပါတယ်။

 

Grand Lisboa – မကာအိုမြို့
Grand Lisboa Hotels

အတွင်းရော အပြင်ရော တကယ်ကို ကြီးကျယ်ခမ်းနားတဲ့ ဒီ အဆောက်အဦးဟာ မော်ဒန်ခေတ် မကာအိုရဲ့ ပြယုဒ်တစ်ခုလိုပါ တည်ရှိနေပါတယ်။ ဘရာဇီးလူမျိုးတွေရဲ့ ဦးဆောင်းတစ်ခုပုံအတိုင်း ဒီဇိုင်းကို ဖန်တီးထားတယ်လို့ သိရပါတယ်။ ]

READ
ဂျပန်နိုင်ငံကစတင်ခဲ့ပြီး ကမ္ဘာတစ်ခုလုံးအတိုင်အတာနဲ့ လက်ခံထားရှိတဲ့ အရာများ

 

Moscow State University – မော်စကိုမြို့
l.s.kopytov / Wikimedia Commons

ကမ္ဘာပေါ်က အမြင့်ဆုံး ပညာရေးဆိုင်ရာ အဆောက်အဦးဖြစ်ပါတယ်။ (၁၇၅၅) ခုနှစ်တုန်းက တည်ထောင်သူကို အစွဲပြုပြီး အရင်က Lomonosov University လို့ ခေါ်ဝေါ်ခဲ့ကြတယ်။ MSU ဟာ ရုရှားနိုင်ငံရဲ့ ရှေးအကျဆုံးနဲ့ နာမည်အကြီးဆုံး တက္ကသိုလ်လည်းဖြစ်တယ်။ များစွားသော သိပ္ပံပညာရှင်တွေ၊ နိုဘယ်ဆုရှင်တွေထဲမှာ ဒီ တက္ကသိုလ်ထွက်တွေပါဝင်ပါတယ်။

The Big Bend – နယူးယောခ့်မြို့
Oiio Studio

အခုံရဲ့ အရှည်ကို တိုင်းတာမယ်ဆို မီတာ (၄၀၀၀) ရှည်တဲ့ ဒီ မိုးမြင့်အဆောက်အဦးဟာ တကယ် တည်ဆောက်ဖြစ်မယ်ဆို ကမ္ဘာ့အရှည်ဆုံး အဆောက်အဦးလို့လည်း ပြောလို့ရပါတယ်။ Manhattan မြို့ရဲ့ မိုးမြင့်တိုက်တွေ အပေါ် တားမြစ်ချက်တွေကို မလုပ်မိအောင် ရှောင်းတိမ်းဖို့ ကြိုးပမ်းနေတဲ့ Okionomou က ဒီဇိုင်ဆွဲခဲ့တယ်လို့ သိရပါတယ်။

 

Al Noor Tower – ကာဆာဘလန်ကာမြို့

 

Facebook

ဒီတာဝါသာ အပြီးသတ်တည်ဆောက်ပြီးသွားရင် အာဖရိကတိုက်ရဲ့ အမြင့်ဆုံး ဖြစ်လာမှာဖြစ်တယ်။ ပြင်သစ် ဒီဇိုင်နာ Amedee Santalo က ဖန်တီးရေးဆွဲပြီး ကလောင်သွားတစ်ခုပုံစံယူထားပါတယ်။ အာဖရိကရဲ့ အနာဂတ်ကို ပြန်လည် ရေးထိုးမယ်ဆိုတဲ့ သင်္ကေတတစ်ခုဖြစ်ကြောင်းလည်း သိရတယ်။

Source: Brightside

Matthew (ShweMOM)

 

 

 

SHARE