အင်္ကျီကြီးပြောင်းပြန်ဝတ်ပြီး အော်ဒါနဲ့မတူဘူးဆိုကာ ရန်ရှာခဲ့တဲ့ အမျိုးသမီး

facebook/Deux Aubrey

သတို့သမီးတိုင်းရဲ့ အိပ်မက်ဟာ လက်ထပ်ပွဲနေ့မှာ ကြည့်ကောင်းနေဖို့ဖြစ်ပါတယ်။ အမေရိကန်သူ အမျိုးသမီးတစ်ယောက်ဟာ သတို့သမီးဝတ်စုံကို အွန်လိုင်းကမှာယူပြီး ဝတ်စုံရောက်တဲ့အခါမှာတော့ ပုံထဲကအတိုင်း မဖြစ်တဲ့အတွက် အရမ်းဒေါသထွက်နေခဲ့ပါတယ်။ ဒါနဲ့ သူမဟာ စိတ်ဆိုးပြီး စတိုးဆိုင်ကို ဆူပူပြောဆိုပြီးနောက်မှာတော့ သူမအတွက်ရှက်စရာဖြစ်ခဲ့တာကို သိလိုက်ရပါတော့တယ်။ အဲ့ဒါကတော့ သူမဟာ သတို့သမီးဝတ်စုံကို အတွင်းနဲ့အပြင်ပြောင်းပြန်ဝတ်ထားခဲ့တာပါ။

ဒီသတင်းကိုတော့ boredpanda ကနေ တဆင့်တွေ့ရတာပါ။ အဆိုပါ အမျိုးသမီးနာမည်က Deux Aubrey ဆိုသူပါ။ သူမဟာ သူမအမှားကိုဝန်ခံခဲ့ပြီး အွန်လိုင်းပေါ် ဖေ့စ်ဘုတ်ပို့စ်တစ်ခုကို တင်ခဲ့ပါတယ်။ သူမက “ဒါတမင်လုပ်တာမဟုတ်ပါဘူး။ ကျွန်မ တကယ်မသိတာပါ။” လို့ ဆိုခဲ့တာပါ။

facebook/Deux Aubrey

ပြီးတော့ Aubrey က သူမဟာ ၁၆-၂၄ နာရီထိအလုပ်လုပ်ရကြောင်းလည်း ပြောပြပါတယ်။ လက်ထပ်ဖို့အတွက် ပြင်ဆင်ရတာတွေလည်းရှိတော့ Aubrey က အရမ်းပင်ပန်းနေခဲ့တာပါ။ ဒါကြောင့် အွန်လိုင်းကမှာထားတဲ့ သတို့သမီးဝတ်စုံလည်းရောက်လာတဲ့အချိန်မှာ Aubrey ရဲ့ပါတနာက ဝတ်ဆင်တဲ့နေရာမှာ ကူညီပေးခဲ့ပါတယ်။ ဒါပေမဲ့ ဝတ်စုံက ကြော်ငြာထဲကလို ထွက်မလာတဲ့အတွက် သူမအရမ်းစိတ်ပျက်ခဲ့ရကြောင်းလည်း Aubrey က ဆိုပါတယ်။

READ
ဆင်ကော်(Superglue)ကိုသုံးကာ နှုတ်ခမ်းမွေးအတုကပ်ပြီး အိပ်နေတဲ့ချစ်သူကိုနောက်တဲ့သူ

ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက Aubrey ဟာ အွန်လိုင်းကနေ သတို့သမီးဝတ်စုံမှာထားခဲ့ပါတယ်။

facebook/Deux Aubrey

ဝတ်စုံရောက်လာတဲ့အခါမှာတော့ အလုပ်ကလည်းများ အိပ်ရေးကလည်းပျက်ထားတဲ့အတွက် ဝတ်စုံကို သေချာမကြည့်မိဘဲဖြစ်သွားတာပါ။

facebook/Deux Aubrey

ဒါကတော့ အွန်လိုင်းပေါ်မှာ ကြေညာထားတဲ့ပုံပါ။

facebook/Deux Aubrey

Aubrey ရဲ့ပါတနာက Aubrey ကိုအဝတ်လည်းဆင်ပေးပြီးရော ဒီလိုပုံစံဖြစ်သွားပါတယ်။

facebook/Deux Aubrey

Aubrey က စိတ်ဆိုးပြီး ကုမ္ပဏီကိုဆက်သွယ်ကာ ဝတ်စုံပြန်ပေးဖို့ကြိုးစားခဲ့ပါတယ်။

facebook/Deux Aubrey

ဒါပေမဲ့ Aubrey ပို့ပေးတဲ့ဓာတ်ပုံတွေကိုမြင်ပြီးတော့ ကုမ္ပဏီက Aubrey ဟာ ဝတ်စုံကိုပြောင်းပြန်ဝတ်ထားတာဖြစ်ကြောင်းဖြေဆိုပါတယ်။

https://www.facebook.com/paramedicblaise

သူကြုံတွေ့ခဲ့တဲ့အဖြစ်ကိုတော့ Aubrey က ဟာသအနေနဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ပြန်ရှဲခဲ့တာဖြစ်ပါတယ်။

 

Two weeks ago my wedding dress came in. I was really upset about the looks of it and sent an angry (okay, more like…

Posted by Deux Aubrey on Wednesday, November 4, 2020

ShweMom

SHARE