မင်္ဂလာဆောင်မှာတောင် မနားပဲ အလုပ်လုပ် နေတဲ့ သတို့သမီး

Image:twitter/mukul

အလုပ်တွေ မနားတမ်းကြိုးစားနေပြီး အမြဲ အလုပ်ရှုပ် နေတဲ့ ချစ်သူ မျိုး ကို ပိုင်ဆိုင်ထားပြီလား..?ချစ်သူက အလုပ် ပဲ တစ်ချိန် လုံး ရှုပ် နေတယ်၊ ကိုယ့်အတွက် အချိန် မ ပေးဘူး ဆိုပြီး စိတ်ညစ် နေတဲ့ လူတွေ ရှိရင် တော့ ဒီ အမျိုး သား လောက် တော့ သင့်ဘ၀ က မဆိုး သေးဘူး ဆိုပြီး ဖြေသိမ့်လို့ရပါတယ်။လူမှုကွန်ရက်စာမျက်နှာ ပေါ် မှာ တော့  ဗီဒီ ယိုဖိုင် တစ်ခု ရေပန်း စားနေပါတယ်။အိန္ဒိယ မင်္ဂလာ ဆောင် တစ်ခု က ဗီဒီယိုဖိုင် ပါ။ဗီဒီယိုဖိုင် ထဲ မှာတော့ မင်္ဂလာ ဆောင် မှာတောင် မနား တမ်း အလုပ်လုပ် နေတဲ့ သတို့ သမီးကို တွေ့ ရမှာပါ။ဒီအ ကြောင်းကိုတော့ storypick မှာ ဖော်ပြ ထားတာပါ။

Image:twitter/mukul

ဗီဒီယိုဖိုင်ထဲမှာတော့ သတို့ သားနဲ့ သတို့ သမီးတို့ နှစ်ယောက် တွဲ ထိုင် နေပါတယ်။အဲ့ဒီမှာတော့ သတို့သမီး က သူမရဲ့ ဘေးမှာ ရှိနေတဲ့ သတို့ သားကို တောင် လုံးဝ ဂရုမစိုက်ပဲ သူမရဲ့ Laptop ကိုပဲ သဲကြီး မဲ ကြီး သုံး နေ ပါတယ်။ဒါ့အပြင် ဖုန်း ခေါ် လိုက်၊ Laptop Screen ကို ကြည့်လိုက်နဲ့ အရမ်းကို ဗျာများ နေခဲ့တာပါ။ဘေး မှာ ရှိ နေတဲ့ သတို့ သားကိုတောင်မှ  လုံးဝ ရှိတယ်လို့ ကို မထင်ပဲ သူမ လုပ် စရာ ရှိ တာ တွေ ကိုပဲ လုပ် နေ ခဲ့ပါတယ်။ ဗီဒီယိုဖိုင် နဲ့ ပတ်သက်ပြီး လူမှု ကွန်ရက်စာမျက်နှာ ပေါ်မှာတော့ အမျိုးမျိုးမှတ် ချက် ပေးခဲ့ ကြပါတယ်။သတို့ သမီးက အလုပ်မှ အလုပ် ပဲ ဆိုပြီး အလုပ်ကြိုးစားလွန်းသူလား၊အလုပ် ဖိအားတွေ ပဲ ပိ နေတာလား ၊ သူမရဲ့  Sales Target  ကို ပဲ မှီ အောင် ကြိုးစား အလုပ် လုပ် နေရတာ လားဆိုပြီး အမျိုးမျိုး မှတ် ချက် ပေးခဲ့ကြ ပါတယ်။

#SHWEMOM

SHARE