မင်္ဂလာပွဲစီစဉ်သူကြောင့် မင်္ဂလာပွဲမှာ မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ရတဲ့ သတို့သမီး

ဖိလစ်ပိုင်လူမျိုး စုံတွဲတစ်တွဲဟာ ၄င်းတို့မင်္ဂလာပွဲကျင်းပဖို့ ပေါင်(၂,၁၀၀) ငွေကြေးကုန်ကျခံကာ ပွဲစီစဉ်သူတစ်ဦးကို ပွဲအစအဆုံး ဧည့်ခံစီမံပေးဖို့ အပ်နှံခဲ့ပါတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာ စီစဉ်သူအလိမ်အညာသမားကြောင့် မင်္ဂလာပွဲဟာ သူတို့ထင်သလို ဖြစ်မလာခဲ့ပါဘူး။ အဆင်မပြေမှုပေါင်းများစွာနဲ့ ကြုံခဲ့ရတဲ့အပြင် မင်္ဂလာကိတ်မုန့်ကြီးရဲ့ တစ်ဝက်ကပါ ဖော့တွေခံပြီး အတုကြီးဖြစ်နေခဲ့တာကြောင့် သတို့သမီးခမျာ စိတ်မချမ်းမသာနဲ့ ငိုခဲ့ရကြောင်း သိရပါတယ်။

Viral Press

မင်္ဂလာမောင်နှံမှာ သတို့သားဖြစ်သူဟာ အသက်(၄၀) နှစ်အရွယ် ဂျွန်ချန်းဆိုသူဖြစ်ပြီး သတို့သမီးကတော့ အသက်(၂၆) နှစ်အရွယ် ရှိုင်းတာမာယိုဆိုသူ ဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံဟာ ဘုရားကျောင်းမှာ အခမ်းအနားကျင်းပပြီးလို့ ဧည့်သည်တွေ စားသောက်မယ့် အချိန်ရောက်လာတာတောင် အစားအသောက်က မရောက်လာခဲ့ပါဘူး။ ဒါကြောင့် မင်္ဂလာဇနီးမောင်နှံနှစ်ဦးဟာ ဘုရားကျောင်းရဲ့ လမ်းတစ်ဘက်မှာရှိတဲ့ စားသောက်ဆိုင်ဆီကနေ ခေါက်ဆွဲ၊ ထမင်းနဲ့ အခြားအစားအသောက်တွေမှာပြီး ဧည့်ခံကျွေးမွေးခဲ့ရပါတယ်။

Viral Press

သူမတို့ မင်္ဂလာပွဲကို လာရောက်ချီးမြှင့်တဲ့ ဧည့်သည်တွေကို အဆီများတဲ့ လမ်းဘေးစာတွေနဲ့ ရိုးရိုးဖျော်ရည်ပဲ တိုက်ဖို့ အချိန်မီလိုက်တာကြောင့် သတို့သမီးဟာ အရမ်းစိတ်ပျက်သွားခဲ့ပါတယ်။ ပိုဆိုးတာက မင်္ဂလာကိတ်ခွဲလိုက်တဲ့ အချိန်ပါပဲ။ သတို့သမီးဟာ ကိတ်အောက်ပိုင်းကို ခွဲလိုက်တဲ့အခါ သူမတွေ့လိုက်ရတာက ဖော့တုံးကြီးပါ။ အပေါ်ပိုင်းကတော့ ကိတ်သားဖြစ်ပေမယ့် အောက်ပိုင်းမှာတော့ ဖော့တွေကို ဆေးဆိုးပြီး ပွဲစီစဉ်သူဟာ ပြီးစလွယ်လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအခါမှာတော့ သတို့သမီးဟာ သည်းမခံနိုင်အောင် ဖြစ်ရပြီး မျက်နှာကို လက်နဲ့ အုပ်ကာ မိသားစုဝင်တွေနဲ့ ဧည့်သည်တွေရှေ့မှာပဲ ငိုကြွေးခဲ့ပါတော့တယ်။

READ
စစ်ခွေးနဲ့လူ.. လုံးထွေးသတ်ပုတ်ပြီး ခွေးကိုလူကပြန်ကိုက်တဲ့ ဖြစ်ရပ် အင်္ဂလန်မှာဖြစ်ပွား

ထို့နောက်မှာတော့ ဧည့်သည်တွေဟာ သူမနဲ့အတူ ရဲစခန်းကိုသွားပြီး မင်္ဂလာပွဲစီစဉ်သူကို ဖမ်းဆီးပေးဖို့ တိုင်ကြားခဲ့ပါတယ်။ သိရတာက ပွဲစီစဉ်သူအမျိုးသမီးဟာ ခရစ်ဆာကာနာနီယာဆိုသူပါ။ သတို့သမီးကတော့ သူမရဲ့ ဆိုးဝါးတဲ့ မင်္ဂလာပွဲအဖြစ်အပျက်နဲ့ ပတ်သက်လို့ “ကျွန်မတို့ပွဲမှာ အစားအသောက် ကျွေးမွေးဖို့ တာဝန်ယူထားတဲ့ အမျိုးသမီးက ကျွန်မရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးခဲ့တာပါ။ အဲဒီမိန်းမက ကလိန်ကကျစ်ပါ။ ကျွန်မကို အမြဲတမ်းပိုက်ဆံတောင်းတယ်။ ကျွန်မလည်း သူတတောင်းသမျှ ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ ကျွန်မပွဲလေးမှာ အားလုံးအဆင်ပြေပြေဖြစ်အောင်လို့။ ဒါပေမယ့် အခုတော့ ဒီမိန်းမ လုပ်ပုံကိုကြည့်ဦး။ သူတောင်းပန်တာလည်း လက်မခံနိုင်ဘူး။ ကျွန်မရဲ့ မင်္ဂလာပွဲ သူ့ကြောင့် ပျက်ဆီးတယ်။ သူ့ကို ထောင်ထဲပို့ပစ်ရမယ်။” လို့ ဆိုခဲ့ပါတယ်။

Viral Press
Viral Press

ရဲအဖွဲ့ဟာ မင်္ဂလာကိတ်နဲ့ အစားအသောက်ဓာတ်ပုံတွေကို စစ်ဆေးပြီးတဲ့အခါ သူများငွေယူထားပေမယ့် ဆိုးဝါးတဲ့ ၀န်ဆောင်မှုပေးခဲ့တဲ့ပွဲစီစဉ်သူ အမျိုးသမီး ကာနာနီယာကို လိမ်ညာမှုနဲ့ ရုံးတင်စစ်ဆေးဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

READ
(၂)ရက်ဆက်တိုက်အလုပ်လုပ်ခဲ့လို့ ခြေထောက်ပါဖြတ်ပစ်ခဲ့ရတဲ့တရုတ်မိန်းကလေး

လင်းလင်း (ShweMom)

Ref: Dailymail

SHARE