ထူးထူးခြားခြား မင်္ဂလာကိတ်ကြီးစီးပြီး ခန်းမထဲဝင်လာခဲ့တဲ့ ပါကစ္စတန်သတို့သမီး

လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပါကစ္စတန်သတို့သမီးပုံစံ ကိတ်မုန့်ဓာတ်ပုံတွေဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။ ကိတ်မုန့်လက်ရာကို တကယ့် အစစ်နဲ့မခြား တွေ့မြင်ရတာကြောင့် လူတွေကတော့ ကိတ်မုန့်ကို ဒီလောက် အသေးစိတ်အထိ ပြုလုပ်နိုင်ခဲ့တဲ့ လက်ရာဆိုပြီး ချီးမွမ်းနေကြပါတယ်။

mangobaaz

ဒါပေမယ့် အခုတွေ့ရမယ့် ပါကစ္စတန်သတို့သမီးတစ်ဦးကတော့ မင်္ဂလာကိတ်ကို တခေတ်ဆန်းလိုက်ပြန်ပါပြီ။ သူမက ကိတ်မုန့်ကြီးထဲ ၀င်ထိုင်ပြီး ပွဲလာပရိသတ်တွေကို အံ့သြမှင်သက်သွားစေဖို့ သူမရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုစစချင်းမှာတော့ မင်္ဂလာခန်းမအ၀င်ဝမှာ ရထားလိုလို အရာထဲ သတို့သမီးက ထိုင်လိုက်လာတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် ဒါက ရထားလုံးတော့ မဟုတ်ပါဘူး။ အနုစိတ်ပြုလုပ်ထားတဲ့ မင်္ဂလာကိတ်ကြီးတစ်ခုသာ ဖြစ်ပြီး သတို့သမီးက ခန်းမထဲကို မင်္ဂလာကိတ်ကြီး စီးပြီး ၀င်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

မင်္ဂလာကိတ်စီးလာတဲ့ သတို့သမီးရဲ့ ဗီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားပြီးနောက်မှာတော့ အင်တာနက် အသုံးပြု သူတွေ အရမ်းသိချင်နေတဲ့ မေးခွန်းးတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ သတို့သမီးစီးလာတဲ့ ကိတ်နဲ့ မင်္ဂလာပွဲလာ ပရိသတ်တွေကို ဧည့်ခံကျွေးမွေးခဲ့သေးလား ဆိုတဲ့မေးခွန်းပါ။

လင်းလင်း (ShweMom)

READ
သဝန်တိုနေတဲ့ ရည်းစားဟောင်းရဲ့ နှိပ်စက်တာခံခဲ့ရတဲ့ မိန်းကလေး

Ref: mangobaaz

SHARE