အဖွားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြည့်ဆည်းပေးခဲ့တဲ့ အမျိုးသမီးလေး

facebook/Tara Foley

အမေရိကန် တက္ကဆက်ပြည်နယ်နေ တာရာဖော်လေဆိုသူ အမျိုးသမီးတစ်ယောက်ဟာ အသက်(၁၀၃) နှစ်မတိုင်ခင် ကွယ်လွန်သွားခဲ့တဲ့ အဖွားရဲ့ ဆန္ဒကို အဖွားဖြစ်သူမသေခင် အကောင်အထည်ဖော်ခဲ့နိုင်ပါတယ်။ ဒီသတင်းလေးကိုတော့ Insider ကနေတစ်ဆင့် ပြန်လည်သိရှိဖော်ပြခြင်းပါ။ ပြီးခဲ့တဲ့ ဇန်န၀ါရီလတုန်းက တာရာဟာ ဇွန်လမှာ ကျင်းပမယ့် လက်ထပ်ပွဲအဖြစ် ပြင်ဆင်နေတဲ့ သတို့သမီးလောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။

facebook/Tara Foley

ဒါပေမယ့် အဲ့ဒီအချိန်မှာ အဖွားဖြစ်သူ စတာစီယာဟာ ဆေးရုံတက်နေရတဲ့အပြင် သူမရဲ့လက်ထပ်ပွဲကို တက်ဖြစ်၊ မတက်ဖြစ်ကလည်း မသေချာတာကြောင့် တာရာက သူမရဲ့မင်္ဂလာပွဲဓာတ်ပုံတွေမှာ အဖွားဖြစ်သူလည်း ပါဝင်နိုင်ဖို့အတွက် တစ်ခုစီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူမကိုယ်တိုင် အဖွားဖြစ်သူ ဆေးကုသမှုခံယူနေတဲ့ ဖလော်ရီဒါပြည်နယ်ဆီ ရုတ်တရက်သွားရောက်ကာ အဖွားဖြစ်သူနဲ့ မင်္ဂလာပွဲအကြို ဓာတ်ပုံတွေရိုက်ခဲ့တာ ဖြစ်ပါတယ်။

facebook/Tara Foley

တာရာကတော့ “အဖွားဆီသွားပြီး ဓာတ်ပုံသွားရိုက်ခဲ့တဲ့ညက ကျွန်မရော၊ အဖွားရော နှစ်ယောက်စလုံးရဲ့ စိတ်ထဲမှာ ဒါဟာ နောက်ဆုံးတွေ့ဆုံခြင်းပဲဆိုတာ သိခဲ့ကြတယ်။ အဖွားက ကျွန်မပါးနှစ်ဖက်ကို သူ့လက်တွေနဲ့ တယုတယကိုင်၊ ကျွန်မမျက်လုံးကို တည့်တည်ကြည့်ပြီး မြေးကို သိပ်ချစ်တာပဲလို့ ပြောခဲ့သေးတယ်။ ကျွန်မဓာတ်ပုံသွားရိုက်ပြီး တစ်လလောက်လည်းကြာရော အဖွားလည်း ဆုံးတာပါပဲ…” လို့ ဆိုပါတယ်။

READ
အတန်းဖော်တွေ အနိုင်မကျင့်အာင် တော်ဝင်မျိုးနွယ်အဖြစ် ဟန်ဆောင်ခဲ့သူ ကောင်မလေး
facebook/Tara Foley

တာရာဟာ ဇွန်လမှာ ကျင်းပတဲ့ သူမရဲ့ မင်္ဂလာပွဲမတိုင်ခင်နေ့အထိ အဖွားနဲ့ တိတ်တဆိတ်ဓာတ်ပုံသွားရိုက်ခဲ့တယ်ဆိုတာ မိသားစုဝင်တွေကိုတောင် မပြောပဲ လျှို့ဝှက်ထားခဲ့တာပါ။ မင်္ဂလာပွဲနေ့ကျတော့မှ အဖွားဖြစ်သူ မဆုံးခင်မှာ သူမဟာ သတို့သမီးဝတ်စုံဝတ်ပြီး အဖွားနဲ့ ကြိုတင်ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်ဆိုတာ အားလုံးကိုပြောပြခဲ့တာ ဖြစ်ပါတယ်။

facebook/Tara Foley

တာရာက “ဒါကတော့ ကျွန်မနည်း ကျွန်မဟန်နဲ့ ဆုံးသွားပြီဖြစ်တဲ့ အဖွားကို မင်္ဂလာဆောင်ထဲ မပါပါအောင် ခေါ်ခဲ့တာပေါ့။ ပထမတော့ ကျွန်မဖေဖေက အဖွားပုံဟာ ဖိုတိုရှော့လုပ်ထားတာလားလို့တောင် ထင်နေသေးတယ်။ ကျွန်မလည်း ရှင်းပြရတာပေါ့။ မင်္ဂလာဆောင်မတိုင်ခင် လအနည်းငယ်လောက်ကတည်းက ကြိုရိုက်ခဲ့တာပါလို့။ ကျွန်မကတော့ အရမ်းကျေနပ်ပါတယ်။ အဖွားက သူမသေခင်အချိန်လေးမှာ သူ့ဆန္ဒလေးတွေ ပြည့်ဝသွားရတယ်။ ဒီပုံလေးတွေကို ပြန်ကြည့်တိုင်း အဖွားကို အမြဲအောက်မေ့ရပါတယ်…” လို့လည်း တာရာက ပြောပြသွားပါတယ်။

READ
ခင်ပွန်းကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ အထူးလက်ဆောင်လေးတစ်ခု ပေးခဲ့တဲ့ ဇနီးသည်
facebook/Tara Foley

လင်းလင်း (ShweMom)

SHARE