မင်္ဂလာဆောင်မှာ ရည်းစားဟောင်းကို ပွေ့ဖက်ခဲ့လို့ ဝေဖန်ခံနေရတဲ့ သတို့သမီး

[email protected]

မင်္ဂလာပွဲဆိုတာ များသောအားဖြင့် နှစ်ဖက်မိဘဆွေမျိုး အသိုင်းအဝိုင်းရှေ့မှာ လက်ထပ်ပြီး အရမ်းကို မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နေ့ထူးနေ့မြတ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ရဲ့မင်္ဂလာဆောင်ပွဲကို တစ်ချို့လူတွေက သူတို့အရင်က တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေကို မင်္ဂလာဆောင်ဖိတ်တာမျိုးတွေ ရှိတတ်ပါတယ်။ အခုပြောပြချင်တဲ့ သတို့သမီးကတော့ သူမရဲ့ ရည်စားဟောင်းဖြစ်သူအား မင်္ဂလာဆောင်ကို ဖိတ်ခေါ်ခဲ့ရုံသာမက ဘယ်သူမှ မထင်မှတ်ထားတဲ့ အပြုအမူတစ်ခုကို မင်္ဂလာဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီမင်္ဂလာပွဲကတော့ မလေးရှားနိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ မင်္ဂလာပွဲပါ။  မင်္ဂလာပွဲမှာ သတို့သမီးဖြစ်သူဟာ သူမရဲ့ ရည်စားဟောင်းကို မင်္ဂလာပွဲသို့ ဖိတ်ကြားခဲ့ပုံ ရပါတယ်။။ သတို့သမီးဖြစ်သူရဲ့ ရည်းစားဟောင်းကို ပြန်ခါနီး အချိန်မှာ သတို့သမီးနဲ့ သတို့သားရှိရာ စတိတ်စင်သို့ လာရောက်နှုတ်ဆက်ခဲ့တာပါ။ အဲဒီအချိန်မှာ သတို့သမီးဖြစ်သူက နောက်ဆုံးအကြိမ်အဖြစ် သူမရဲ့ ရည်စားဟောင်းကို ပွေ့ဖက်ဖို့ သတို့သားအား ခွင့်တောင်းခဲ့ဟန်တူပါတယ်။ အဲဒီနောက်မှာတော့ သတို့သားဖြစ်သူကလည်း ကျေကျေနပ်နပ်နဲ့ ခွင့်ပြုပေးခဲ့တာကြောင့် သတို့သမီးဟာ ရည်းစားဟောင်း အမျိုးသားကို ပွေ့ဖက်ခဲ့ပါတယ်။

READ
BAFTA ရုပ်ရှင်ထူးချွန်ဆုကို မျက်ရည်တွေနဲ့ လက်ခံရယူခဲ့တဲ့ ရီယိုဖာဒီနန်
[email protected]

အဆိုပါ ဗီဒီယိုကိုတော့ သတို့သမီးဖြစ်သူက သူမရဲ့ Tiktok အကောင့်မှာ တင်ခဲ့ပြီး ဗီဒီယိုကြည့်ရှု့သူဟာ ၆ သန်းနီးပါး ရှိခဲ့ပါတယ်။ အဆိုပါ ဗီဒီယို ကြည့်ရှု့သူတွေကတော့ သတို့သမီးရဲ့ တစ်ဖက်သတ်ဆန်တဲ့ အပြုအမူကို ဝေဖန်ပြောကြားခဲ့ပြီး သတို့သားရဲ့ အဖြစ်ကိုတော့ သနားစရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ တစ်ချို့ကျတော့လည်း သတို့သမီးဟာ ခင်ပွန်းလောင်းရဲ့ ခွင့်ပြုချက်ကို တောင်းပြီးမှ ပွေ့ဖက်တာဖြစ်တာကြောင့် မှန်ကန်ကြောင်း မှတ်ချက်ပေးခဲ့သလို တစ်ချို့ကျပြန်တော့လည်း သတို့သားရဲ့ မိဘဆွေမျိုးတွေ အရှေ့မှာ အဲဒီလိုအပြုအမူမျိုး လုပ်တာဟာ မလုပ်သင့်ကြောင်း ဝေဖန်မှတ်ချက်ပေးခဲ့ကြပါတယ်။

 

@mayangkumayBalas @nikennalee well netizen yg terhormat semua bebas berpendapat dipersilahkan 😅 ##fyp♬ original sound – Mayangkumay

Pyi Hein Kyaw

SHARE