မင်္ဂလာဆောင်မှာ Cardi B သီချင်းဆိုပြီး ဖျော်ဖြေခဲ့တဲ့တစ်ဦးတည်းသော သတို့သမီးလေး

Facebook- Jengordan Tiktok- @jwardledo

သူမနာမည်က Jen Gordon ပါ။ Jen မှာ panic disorder ရှိနေပါတယ်။ Panic disorder ဆိုတာ လူအများကြီးရှိနေရင် စိတ်တွေလှုပ်ရှား၊ တစ်ခုခုကို တွေးပူပြီး လိုတာထက်ပို ကြောက်နေတတ်တာမျိုးပါ။

၂၀၁၈ ခုနှစ်မှာ မင်္ဂလာပွဲလုပ်ခဲ့ပါတယ်တဲ့။ ဒါပေမဲ့ မင်္ဂလာပွဲမလုပ်ခင်မှာ Jen အနေနဲ့ တော်တော်လေး စိုးရိမ်ခဲ့ရပါတယ်တဲ့။ စေ့စပ်ပြီး အနည်းငယ်အကြာမှာတော့ မင်္ဂလာဆောင်အတွက် ပြင်ဆင်ရင်း လူတွေအများကြီးလာတော့မှာတွေ၊ အခမ်းအနားတွေ၊ အလှအပတွေ စတဲ့စတဲ့ ဖိဆီးမှုပေါင်းများစွာဖြစ်လာခဲ့ပြီးနောက်မှာတော့ Jen တစ်ယောက် panic disorder ခံစားခဲ့ရပါတယ်။

Fcaebook- JenGordon

ကျွမ်းကျင်တဲ့ပညာရှင်နဲ့ ဆွေးနွေးမှုတွေတောင် လုပ်ခဲ့ရပြီးနောက်မှာတော့ Jen မှာ panic disorder ဖြစ်နေတယ်ဆိုပြီး ပညာရှင်ကပြောခဲ့ပါတယ်တဲ့။ ဒါကြောင့် သူလမ်းပြပေးလိုက်တဲ့အတိုင်း panic disorder ကို စိတ်သက်သာအောင် လုပ်လာရင်း မင်္ဂလာဆောင်မှာလည်း panic disorder ကို ဆန့်ကျင်တဲ့သဘောနဲ့ ဖျာ်ဖြေမှုလေးပါ လုပ်ပေးခဲ့ပါတယ်တဲ့။

READ
(၈)နာရီလောက် တောင်တတ်မှ ငွေအနည်းငယ်ရတဲ့ အထမ်းသမားတွရဲ့ ကြမ်းတမ်းတဲ့ဘဝ

တချို့မင်္ဂလာဆောင်တွေမှာ သတို့သားကဖြစ်ဖြစ် သတို့သမီးကပဲဖြစ်ဖြစ် မင်္ဂလာဆောင်မှာ အမှတ်တရကြည်နူးစရာလေးတွေဖြစ်အောင် ရိုမန့်တစ်ဆန်ဆန်သီချင်းလေးတွေ ဆိုတတ်ကြတယ်မဟုတ်လား။ ဒီအတွက် Jen ဟာလည်း သူ့မင်္ဂလာဆောင်မှာ အမှတ်တရလည်းဖြစ်အောင် panic disorder ကိုလည်း အနိုင်ယူပြီးသားဖြစ်အောင်ပါ။

အဲတော့စဉ်းစားလိုက်ရင်း ဘာသီချင်းဆိုမလဲဆိုတော့ Cardi B ရဲ့ Bodak Yellow ကို ရွေးချယ်ခဲ့ပါတယ်။ ဒီသီချင်းဟာ Cardi B ရဲ့ စတင်အောင်မြင်လာခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို Cardi B ရဲ့အအောင်မြင်ဆုံးလို့လည်း ဆိုလို့ရနိုင်ပါတယ်။ နောက်ပြီး Jen ရဲ့အကြိုက်ဆုံးသီးချင်းလည်းဖြစ်တယ်တဲ့။ မင်္ဂလာဆောင်မှ ဒီသီချင်းဆိုဖို့အတွက် လပေါင်းများစွာ လေ့ကျင့်ခဲ့ရပါတယ်။

Tiktok- @jwardledo

နောက်ဆုံးမင်္ဂလာဆောင်မှာ တကယ်ကြီး Bodok Yellow နဲ့ဖျော်ဖြေခဲ့ပါတော့တယ်။ အဲဒီနေ့ကစပြီး သူမရဲ့ panic disorder လည်း ပျောက်ကင်းသွားကာ ချစ်ရတဲ့ခင်ပွန်းနဲ့လက်ထပ်တဲ့ မင်္ဂလာပွဲလေးဟာလည်း ထူးခြားစွာ အမှတ်တရတွေနဲ့ ထင်ကျန်နေတော့မှာပါ။

READ
ကျောင်းဆက်တက်နိုင်ဖို့ သန့်ရှင်းရေး အလုပ်လာလျှောက်တဲ့ ငါးတန်းကျောင်းသားလေး

 

@jwardledoI overcame my panic disorder solely to piss off my mom♬ original sound – jwardledo

 

@jwardledoAs requested here is part 2… unfortunately people were too turnt to record the whole thing♬ original sound – jwardledo

Penny

SHARE