ဖခင်ရဲ့အရိုးပြာကို လက်သည်းအလှပြင်တဲ့အထဲထည့်ပြီး မင်္ဂလာဆောင်ခဲ့တဲ့သတို့သမီး

YouTube-Kirsty Meakin

ဘဝမှာအရေးအကြီးဆုံးနေ့ရက်တစ်ခုထဲ ပါဝင်နေတဲ့ မင်္ဂလာပွဲနေ့မှာတော့ ဘယ်သူမဆို မိဘညီအစ်ကိုမောင်နှမစုံစုံလင်လင်နဲ့ ပွဲလေးကို ကျင်းပချင်ကြမှာပဲလေ။ သတို့သမီးတစ်ယောက်ကတော့ မင်္ဂလာပွဲမှာ ဖခင်ရှိမနေပေးနိုင်တော့လို့ဆိုပြီး ဖခင်နဲ့ပတ်သက်တဲ့အမှတ်တရလေး တစ်ခုခုကျန်ခဲ့အောင်ဆိုပြီး အစီအစဉ်လေးတစ်ခု ဆွဲခဲ့ပါတယ်။

[email protected]

အဲဒါကတော့ ဖခင်ရဲ့အရိုးပြာကို လက်သည်းအလှပုံဖော်တဲ့အထဲ ထည့်ပြီး ပုံဖော်ပြခဲ့တာပါ။ ရှုပ်သွာားပြီလား။ ဗီဒီယိုကြည့်လိုက်မယ်ဆိုရင်တော့ ရှင်းသွားမှာပါ။ အခုခေတ်ခေတ်စားနေတဲ့ လက်သည်းဆက်နည်းပညာကိုသိတယ်ဟုတ်၊ သတို့သမီးဆိုတဲ့အတိုင်း ခေါင်းအစခြေအဆုံး ဟာကွက်မရှိဘဲ လှပနေအောင်ပြင်ဆင်ရမှာသဘာဝပါပဲ။ ဖခင်နဲ့ပတ်သက်တဲ့အရာတစ်ခုခုကို မင်္ဂလာပွဲကိုယူလာဖို့ စဉ်းစားလိုက်တဲ့အခါမှာတော့ မထင်မှတ်ထားဘဲ လက်သည်းအလှပြင်တဲ့အထဲ ဖခင်ရဲ့အရိုးပြာကိုအသုံးပြုပြီး လက်သည်းလေးကို ပုံဖော်မယ့် ထူးထူးဆန်းဆန်းအကြံရသွားခဲ့ပါတယ်။

YouTube-Kirsty Meakin
[email protected]

လက်သည်းလုပ်ဖို့ကိုတော့ ညီအစ်မတော်စပ်တဲ့ လက်သည်းပညာရှင်ကိုပဲ အကူအညီတောင်းခဲ့တာပါ။ စိတ်ခည်းချရတယ်လေ။ ရည်ရွယ်ချက်ကလေးကတော့ မင်္ဂလာလျှောက်လမ်းမှာ လမ်းလျှောက်တဲ့အခါကျရင် သတို့သမီးလေးရဲ့လက်ကိုတွဲပြီး ဖခင်ကတွဲလျှောက်ပေးနေသလိုမျိုး ခံစားရအောင်ပါတဲ့။ ဖခင်ဖြစ်သူဟာ သူမရဲ့မင်္ဂလာပွဲမတိုင်ခင်မှာပဲ ကင်ဆာရောဂါကြောင့် သေဆုံးသွားခဲ့တာပါ။ ဗီဒီယိုကိုတော့ Kristy Meakin ဆိုတဲ့ YouTube channel မှ တင်ထားခဲ့တာပါ။

READ
နှစ်ပေါင်းရာချီထိန်းသိမ်းထားနိုင်သည့် အင်ဒိုနီးရှားလူရိုင်းမမ်မီများ

Penny

SHARE