ယူကေမှာ ဒေါ်လာ ၄၀၀ တည်းနဲ့မင်္ဂလာဆောင်ပွဲစီစဉ်ခဲ့တဲ့ သတို့သမီးလေး

Rosie Scott

မင်္ဂလာပွဲတစ်ပွဲကျင်းပတယ်ဆိုတာဒီနိုင်ငံမှာတောင် သိန်းကို ရာနဲ့ချီကုန်ကျခံပါမှ အသင့်အတင့်လေးနဲ့အမြင်တင့်တယ်စေမှာပါ။ သိန်းရာနဲ့ချီဆိုတာက မင်္ဂလာဆောင်ဝတ်စုံ၊ မိတ်ကပ်နဲ့ဆံပင်၊ ပန်း၊ ဟိုတယ်ငှားခကစလို့ အစစအရာရာ ကုန်ကျစရိတွေပါ။ ယူကေမှာ သာမန်မင်္ဂပွဲတစ်ပွဲကျင်းပရင်တောင်မှပဲ အခုအချိန်ဆို ယူရို ၃၀,၃၅၅ လောက်ကျနေပါပြီ။ ဒီပမာဏဟာ အခုအချိန်နဲ့ခန့်မှန်းချေတွက်ကြည့်မယ်ဆိုရင် မြန်မာငွေနဲ့ သိန်း ၅၀၀ ကျော်လောက်ရှိပါတယ်။

ဒါကြောင့် ကျောင်းပြီးခါစလူငယ်ချင်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်လက်ထပ်တော့မယ့်အခါ ဒီလိုစရိတ်စကတွေကြောင့် များသောအားဖြင့် အကျဉ်းချုံးပဲကျင်းပကြတာများပါတယ်။ မိန်းကလေးတွေအတွက်ကတော့ တစ်သက်မှာတစ်မင်္ဂလာလို့တင်စားထားတဲ့အတိုင်းပဲ ကိုယ့်မင်္ဂလာပွဲနမှော့တော့ ဘယ်သူမဆိုအကောင်းဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမဲ့လည်း အခြေအနေနဲ့အကြောင်းအကြောင်းကြောင့် ကုန်ကျစရိတ်ချုံ့လိုက်ရတာမျိုးတွေကြုံလာရတဲ့အခါ အပြည့်အဝပျော်ရွှင်ရအောင် စိတ်ဘယ်လိုထားမလဲ၊ မင်္ဂလာပွဲကို ကိုယ့်ဟာကိုယ်စီစဉ်လို့ရအောင် ဘယ်လိုလုပ်လို့ရလဲဆိုတာကို လန်ဒန်ကဘလော့ဂါတစ်ယောက်က ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ မျှဝေထားခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် Rosie Scott ဟာ သူမရဲ့မင်္ဂလာပွဲကို ကုန်ကျစရိတ်အသက်သာဆုံးနဲ့အပေါ့ပါးဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်။ Rosie နဲ့ သူမရဲ့ခင်ပွန်း Aaron တို့ဟာ ဘွဲ့လွန်ကျောင်းသားတွေပါ။ စုမိဆောင်းမိဆိုတာဟာလည်း ကျောင်းတက်နေတဲ့လူငယ်တွေဆိုတော့ သိတဲ့အတိုင်းပါပဲ။ ဒါကြောင့် Rosie ကိုယ်တိုင် Pinterest တို့ Instagram တို့ပေါ်ကနေ သူမစိတ်ကူးထဲကမင်္ဂလာပွဲလေး ဖန်တီးဖို့အတွက် နမူနာဓာတ်ပုံတွေကြည့်ကာ လေ့လာခဲ့ပါတယ်။

READ
လက်ကျန် ပိုက်ဆံနဲ့ ထိုးလိုက်တဲ့ ထီကြောင့် ဘ၀တစ်ခုလုံး ပြောင်းလဲသွားခဲ့သူ
Rosie Scott

မင်္ဂလာပွဲကျင်းပဖို့အဆိုတာ အရေးအကြီးဆုံးက မင်္ဂလာဝတ်စုံပါ။ အနည်းဆုံး ယူရို ၅၀၀ ၊ ၁၀၀၀ လောက်ရှိနေတဲ့ ယူကေမှာ မင်္ဂလာဆောင်ဝတ်စုံကိုတော့ Rosie တစ်ယောက်ကိုယ်တိုင်ချုပ်ပြီးဖဖန်တီးခဲ့တာကြောင့် ယူရို ၂၀ သာ ကုန်ကျခဲ့ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ မင်္ဂလာဆောင်ခမ်းမကိုတော့ သူမတို့တေမယ့် ရွာလေးရဲ့ခမ်းမကိုပဲ ယူရို ၁၀၀ နဲ့ငှားရမ်းခဲ့ပြီး အလှဆင်ဖိွုှ့တွက် ပန်းတွေဘာတွေကို ကိုယ်တိုင်စက္ကူတွေနဲ့ဖန်တီးခဲ့ပြီး ဖိတ်စာကိုလည်း ကိုယ်တိုင်ဖြတ်ညှပ်ကပ်ပြီး စာရေးကာ အသိနည်းနည်းပါးပါးကို ဖိတ်ခဲ့ကြပါတယ်။ ဒါအတွက်ကတော့ ယူရို ၂၀ ကုန်ကျခဲ့ပြီး ကျန်တဲ့ စားပွဲခင်းတို့ဘာညာညာဝယ်တာက ယူရို ၃၀ လောက်ကုန်ခဲ့ပါတယ်တဲ့။

Rosie Scott

အစားအသောက်ကိုလည်း ခမ်းမအကူညီနဲ့ကိုယ်တိုင်ချက်ပြုတ်ခဲ့ပြီး မင်္ဂလာကိတ်မုန့်ကိုလည်း ကိုယ်တိုင်ဖုတ်ကာ ဧည့်ခံခဲ့တော့ အစားအသော်ကအတွက်က စုစုပေါင်း ယူရို ၉၀ ပဲ ကုန်ကျခဲ့ပါတယ်။

READ
တခြားသူနဲ့ မျှဝေသုံးစွဲဖို့ မသင့်တဲ့ တစ်ကိုယ်ရည်အသုံးအဆောင် (၁၁) မျိုး
Rosie Scott

လက်ထပ်မှတ်ပုံတင်ကြေးကတော့ ပေးကိုပေးရမှာဖြစ်တဲ့အတွက် ပုံမှန်အတိုင်း ယူရို ၁၃၀ ကုန်ကျခဲ့ပြီး အဲဒီမှာဝတ်မယ့် စကပ်ကိုကိုယ်တိုင်ချုပ်ဖို့ ပိတ်စဝယ်လိုက်တာ ယရို ၃၀ သာ ကုန်ခဲ့ပါတယ်။

Rosie ရဲ့ ကြိုးပမ်းမှုကြောင့် မင်္ဂလာပွဲကုန်ကျစရိတ်မှာ စုစုပေါင်း ၄၂၀ (မြန်မာကျပ် ၇၂၀,၀၀၀)ယူရိုသာ ကုန်ခဲ့ပြီး ပွဲမှာလည်း Rosie တစ်ယောက် တော်တော်လေးကို ပျော်ပျော်ရွှင်ရွှင်နဲ့ကြည်နူးခဲ့ရတာကို မြင်မိမှာပါ။

Rosie Scott

Penny

 

SHARE