(၂)နာရီခွဲကြာခရီးကို အချိန်တစ်မိနစ်တည်းနဲ့ရောက်စေမယ့် တရုတ်ကဧရာမတံတားကြီး

shanghai.ist/Youtube

တရုတ်နိုင်ငံရဲ့ အနောက်တောင်ပိုင်းက ပြည်နယ်()ခုကို ဆက်သွယ်ပေးမယ့်ဂျီမင်းဆန်းရှန်းတံတားကို ယခုနှစ်ကုန်ပိုင်းမှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ဒီတံတားကြီးဟာ ယွင်နန်၊ ကွေ့ကျိုးနဲ့ စီချွမ်ပြည်နယ်တွေကို ဆက်သွယ်ပေးမှာ ဖြစ်ပြီး ()နာရီခွဲကြာ သွားလာရမယ့်ခရီးကို အချိန်()မိနစ်တည်းနဲ့ ခရီးတွင်စေတော့မှာ ဖြစ်ပါတယ်။ တံတားကြီးကို ဇူလိုင်လ (၂၀၁၆)ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့ပြီး ဒေါ်လာ (.)သန်း အကုန်ကျခံခဲ့ကြောင်း သိရပါတယ်။

Youtube

တံတားအောက်မှာ ရှိတဲ့ မြစ်မျက်နှာပြင်ကနေ တံတားရဲ့ အမြင့်ဆုံးနေရာထိ တိုင်းတာမယ်ဆိုရင် (၁၅၉)မီတာ ရှိကြောင်း သိရပြီး ၄င်းဟာ အထပ်(၅၀)အဆောက်အဦးအမြင့်နဲ့ တူညီပါတယ်။ တံတားဆောက်လုပ်စဉ်မှာတော့ ဆောက်လုပ်ရေးလုပ်သားတွေဟာ အခက်အခဲအမျိုးမျိုးနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကြမ်းတမ်းခက်ခဲလွန်းတဲ့ မြေမျက်နှာသွင်ပြင်ရယ်၊ မာကျောလွန်းတဲ့ ထုံးကျောက်တောင်စွန်းကြီးတွေက တံတားဆောက်လုပ်ရာမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ တံတားကြီးဟာ ပြည်နယ်()ခု ရဲ့ဝေးလံခေါင်သီတဲ့ အရပ်ဒေသမှာရှိတာကြောင့် တံတားကြီးဖွင့်လှစ်ပြီးတဲ့အခါမှာ ထိုဒေသက လူတွေရဲ့ စီးပွားရေးနဲ့ စားဝတ်နေရေးကို အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

READ
အိမ်ထဲမှာ ကြွက်သဏ္ဍာန်တူ ထူးခြားတဲ့ သတ္တ၀ါဆန်းကို တွေ့ခဲ့ရတဲ့ အမျိုးသမီးရဲ့ အဖြစ်

Source : SCMP

SHARE