အကြောင်းရင်းရှာမရပဲ (၅၆) တန်ချိန်ရှိတဲ့ တံတားကြီး ပျောက်ဆုံးသွားခဲ့တဲ့အဖြစ်

လူသားတို့နေထိုင်ရာ ကမ္ဘာလောကမှာ ထူးခြားဖြစ်ရပ်တွေဆိုတာ ရှိတတ်ပါတယ်။ များသောအားဖြင့်တော့ အကြောင်းရင်းရှာလို့မရတဲ့ ဖြစ်ရပ်မျိုးတွေပါ။ အခုလည်း အွန်လိုင်းသတင်းဌာနတွေဖြစ်တဲ့ ndtv နဲ့ independent တို့မှာ ရုရှားက တံတား ပျောက်သွားတယ်ဆိုတဲ့ ထူးခြားသတင်းတစ်ခု တက်လာပါတယ်။ တံတားပျောက်သွားတယ်ဆိုလို့ တံတားကြီးတစ်စင်းလုံး ဖျောက်ခနဲ ပျောက်သွားတာမဟုတ်ပါဘူး။ တံတားရဲ့ အလယ်ခေါင်တည့်တည့်မှာရှိတဲ့ တံတားသံဘောင်ကြီးတစ်ခုလုံး ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

vk
vk

အစိတ်အပိုင်းတစ်ခုပျောက်သွားတဲ့ တံတားဟာ Umba မြစ်ပေါ်မှာ ဆောက်လုပ်ထားပါတယ်။ တံတားက ဖင်လန်နိုင်ငံနဲ့ နယ်စပ်ဒေသဖြစ်တဲ့ Murmansk အာတိတ်ဒေသ Oktyabrskaya  မီးရထားဘူတာရုံအနီးမှာ ဖြစ်ပါတယ်။ ပျောက်သွားတဲ့ ပုံကလည်း ခပ်ဆန်းဆန်းပါ။ တံတားရဲ့ ဘေးနားသံဘောင်ကြီးနှစ်ဖက်ဟာ တိတိရိရိနဲ့ အချိုးကျပြတ်နေဖြစ်ပြီး အလယ်ပိုင်းကတော့ အခုဆို ဟာလာဟင်းလင်းကြီး ဖြစ်နေပါပြီ။

READ
ပုံပြင်ထဲကလို စိတ်ကူးယဉ်ဆန်ဆန် သစ်ပင်အိမ်လေး
vk
vk

ပျောက်သွားတဲ့ တံတားအလယ် သံဘောင်ကြီးဟာ (၅၆) တန်အလေးချိန်လောက် ရှိပါတယ်။ အကြောင်းရင်းလဲရှာမရ၊ တကယ်လို့ တံတားကျိုးတယ်ဆိုလည်း မြစ်ထဲမှာ ရှိနေရမှာကို အခုတော့ ဘာဆိုဘာမှ သဲလွန်စရှာမရတာကြောင့် မြို့ခံတွေက သို့လောသို့လော ဖြစ်နေပါတယ်။ တံတားကြီးကတော့ အမြင့်(၇၅) ပေရှိပါတယ်။

vk
vk

ထူးဆန်းစွာ အလယ်ပိုင်းပျောက်ဆုံးသွားတဲ့ တံတားကြီးရဲ့ ပုံရိပ်တွေဟာ ဆိုရှယ်မီဒီယာပေါ်တွေမှာတော့ မေလ (၁၆) ရက်နေ့ကတည်းက ပလူပျံနေခဲ့တာပါ။ စစချင်း တံတားပျက်စီးတုန်းက တံတားကြီးရဲ့ အလယ်အပိုင်းအစတွေလို့ ယူဆရတဲ့ သံတုံးကြီးတွေကို မြစ်ထဲမှာ ပေါ်နေတာ တွေ့လိုက်ရပါသေးတယ်။ ဒါပေမယ့် နောက်(၁၀) ရက်လောက်လည်း ကြာရော အဲဒီမြစ်ရေထဲမှာ ပေါ်နေတဲ့ သံတုံးအစအနတွေဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပါတယ်။ မြို့ခံတွေကတော့ တံတားကြီး ပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဒေါသထွက်နေပါတယ်။ သတ္တုသူခိုးတွေက တံတားကို ဖြိုပြီး ရေထဲကျနေတဲ့ သံဘောင်ကြီးတွေကို ခိုးသွားကြတာလို့ စွပ်စွဲထားကြပါသေးတယ်။ ဒါပေမယ့် ယနေ့အချိန်အထိတော့ သဲလွန်စ သက်သေတစ်စုံတစ်ရာ မတွေ့ရသေးကြောင်းလည်း သိရပါတယ်။

READ
သမီးရည်းစားတွေအတွက် စပါယ်ရှယ်မီနူးတစ်ခု ပြင်ဆင်ပေးထားတဲ့ စားသောက်ဆိုင်
vk

လင်းလင်း (ShweMom)

SHARE