ဗင်းနစ်က နာကြင်ဖွယ်သမိုင်းကြောင်းများနဲ့ သက်ပြင်းချသံများရဲ့တံတား

Ponte sei Spspiri အဖြစ်လည်း လူသိများနေတဲ့ သက်ပြင်းချသံတံတားဟာ အီတလီနိုင်ငံရဲ့ ဗင်းနစ်မြို့မှာ တည်ရှိပါတယ်။ ဗင်းနစ်ရဲ့ နာမည်အကြီးဆုံးတံတားတွေထဲက တစ်ခုဆိုလည်း မမှားပါဘူး။

Rio di Palazzo တူးမြောင်းလေးရဲ့ ဘေးဘက် ဘယ်၊ ညာကအဆောက်အုံနှစ်ခုကို ဆက်သွယ်ပေးထားတဲ့ တံတားလေးဖြစ်ပြီး အဖြူရောင်ထုံးကျောက်တွေနဲ့ ပြူတင်းပေါက်လေး နှစ်ပေါက်ဖောက်ကာ တည်ဆောင်ထားပါတယ်။

ဒီတံတားလေးကိုကြည့်လိုက်မယ်ဆိုရင် သာမန်ပေါင်းကူးတံတားငယ်လေးအဖြစ် မြင်ရမှာဖြစ်ပေမယ့် တကယ်တမ်းကျတော့ တံတားဖြူဖြူလေးရဲ့နောက်ကွယ်မှာ သနားစရာကောင်းတဲ့ကြေကွဲဖွယ် ဖြစ်ရပ်တချို့ဟာ ကြီးစိုးနေပါတယ်။

တံတားကိုတည်ဆောက်ခဲ့တာကတော့ ၁၆၀၀ ပတ်ဝန်းကျင်လောက်က ဖြစ်ဟန်တူပြီး Doge နန်းတော်နဲ့ အဲဒီခေတ်တုန်းက အသစ်တည်ဆောက်ထားခဲ့တဲ့ Prigioni Nuove ဆိုတဲ့ အကျဉ်းထောင်တို့ကို ဆက်ပေးထားတဲ့ ပေါင်းကူတံတားလေးပါ။

Flickr

သက်ပြင်ချသံတို့ရဲ့တံတားလို့ ခေါ်ဆိုရတဲ့အကြောင်းအရင်းကတော့ အခုပြောပြမယ့် သမိုင်းကြောင်းနဲ့က ဆက်စပ်လျက်ရှိပါတယ်။ ရှေးအခါက Doge နန်းတော်မှာရှိတဲ့ စစ်ဆေးမေးမြန်းခန်းထဲကနေ ထောင်ကျတဲ့ အကျဉ်းသားတွေ၊ သေဒဏ်ပေးမယ့် အကျဥ်းသားတွေကို ကူးလူခေါ်ဆောင်ရာမှာ အသုံးပြုတဲ့တံတားဖြစ်ပါတယ်။

READ
ကမ္ဘာ့ထိပ်တန်း ဒိတ်ဒိတ်ကြဲ ဘီလီယံနာတို့ရဲ့ စိတ်ဝင်စားဖွယ် ဘဝအစများ
Flickr

အဲဒီ တံတားပေါ်ကနေ ဖြတ်တဲ့အချိန်မျိုးမှာပဲ တံတားမှာရှိတဲ့ ပေါက်ကလေးကနေ အပြင်လောကကို နောက်ဆုံးမြင်တွေ့ရတာဖြစ်တဲ့အတွက် ကြေကွဲစရာဖြစ်ရပ်တစ်ခုအနေနဲ့ သက်ပြင်းချသံများရဲ့တံတားလို့ နာမည်တွင်ခဲ့တာပါ။

Flickr
Flickr

သို့ပေမယ့် အခုအချိန်မှာတော့ romantic မြို့တော်လို့ နာမည်တွင်နေတဲ့အတိုင်း သက်ပြင်းချသံများရဲ့တံတားအောက်မှာ နေဝင်ချိန်နဲ့ကိုက်ပြီး လှေပေါ် ကိုယ့်ချစ်ရတဲ့သူနဲ့ နမ်းခဲ့ရင် တစ်သက်လုံး မကွဲမကွာ အတူရှိတယ်လို့ ဆိုတဲ့ ဓလေ့တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။

Flickr

Source: Elite Readers , wiki

Penny

 

SHARE