Netflix မှာ အအောင်မြင်ဆုံး ရုပ်ရှင်စီးရီးဖြစ်လာခဲ့တဲ့ Bridgerton

instagram/bridgertonnetflix

၁၈၀၀ ခုနှစ် အစောပိုင်းကာလများဆီက ဗြိတိန်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတဲ့ Bridgerton ဟာ အအောင်မြင်ဆုံးရုပ်ရှင်စီးရီးဖြစ်လာကြောင်း Netflix က ကြေညာခဲ့ပါတယ်။  အမေရိကန်အချစ်ဝတ္ထုစာရေးဆရာမ Julia Quinn ရေးသားတဲ့ ဝတ္ထုအပေါ်အခြေခံပြီး ဖန်တီးထားတဲ့ Bridgerton ကို (၂၈)ရက်အတွင်းမှာပဲ အိမ်ထောင်စုပေါင်း (၈၂)သန်းက ကြည့်ရှုခဲ့ကြတာပါ။

 

View this post on Instagram

 

A post shared by Bridgerton (@bridgertonnetflix)

ဒါ့ပြင် ကုမ္ပဏီက ဂျပန်ကလွဲလို့ ရုပ်ရှင်ဈေးကွက်တစ်ခုစီတိုင်းမှာ Bridgerton ဟာ Top10 စာရင်းထဲဝင်ကြောင်း ကြေညာခဲ့တာပါ။ အမေရိကန်၊ အင်္ဂလန်၊ ဘရာဇီး၊ ပြင်သစ်၊ အိန္ဒိယ၊ တောင်အာဖရိက အပါအဝင် နိုင်ငံပေါင်း ၈၃ နိုင်ငံမှာတော့ နံပတ် ၁ ချိတ်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ရင်ခွင်ပိုက်အစိုးရခေတ်က အချစ်ဝတ္ထုဖြစ်ကာ Chris Van Dusen က ဇာတ်ညွှန်းရေးသားဖန်တီးပြီး Shonda Rhimes က ထုတ်လုပ်တာဖြစ်ပါတယ်။

 

View this post on Instagram

 

A post shared by Bridgerton (@bridgertonnetflix)

ဗြိတိန်ရဲ့ ဂျော့ဂ်ျဘုရင်ခေတ်အဆုံးပိုင်း ၁၈၁၃ ခုနှစ်ကို အခြေတည်ကာ ရိုက်ကူးထားတာဖြစ်ပြီး ချစ်ခန်းကြိုက်ခန်းတွေ၊ အတင်းအဖျင်းတွေနဲ့ ခေတ်အလိုက်ဝတ်စားဆင်ယင်ပုံတွေကို တွေ့မြင်ရမှာဖြစ်ပြီး ဒီဒရာမာကား ဘာကြောင့် အကြီးအကျယ် အောင်မြင်ရတာလဲတဲ့ အကြောင်းရင်းကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒရာမာရဲ့ဒုတိယ season ထွက်ရှိဖို့ကိုအတည်ပြုပြီးဖြစ်ပါတယ်။

READ
Mulan ရိုက်ကွင်းမှာ အမျိုးသားတစ်ယောက်အတိုင်းပဲ ဆက်ဆံခဲ့ကြတယ်ဆိုတဲ့ Liu Yifei

Netflix ဟာ ၂၀၂၀ခုနှစ်ရဲ့ ၄ပိုင်းမြောက်မှာ subscriber ၈.၅ သန်းတိုးလာခဲ့ကာ အခုဆို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ subscriber ပေါင်း သန်း၂၀၀ ကျော်ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့ Netflix ဟာ ၄င်းရဲ့ကြည့်ရှုသူအရေအတွက်ကို လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်ကတော့ Netflix အတွက် ပြိုင်ဘက်တွေအများကြီး တိုးလာခဲ့တဲ့နှစ်လည်းဖြစ်ပါတယ်။ NBCUniversal’s Peacock, Discovery+ နဲ့ HBO Max တို့ ပေါ်ပေါက်လာခဲ့ကြောင်းလည်းCNN အရ သိရပါတယ်။

ShweMom

SHARE