တိရစ္ဆာန်ပေါင်းများစွာတို့ရဲ့ အသက်ကိုကယ်တင်ပေးနေတဲ့ ကမ္ဘာပေါ်ကတံတားများ

နှစ်စဉ်နှစ်တိုင်း တိရစ္ဆာန်ပေါင်းများစွာတို့ဟာ ယာဉ်ရထားတွေကြောင့် သေဆုံးကြရပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းနဲ့တင် တစ်နေ့တစ်နေ့ကို သတ္တ၀ါပေါင်း(၁) သန်းကျော်ခန့်ဟာ လမ်းမတွေပေါ်မှာ သေဆုံးကြတယ်လို့ ခန့်မှန်းရပါတယ်။ ကမ္ဘာကြီးပေါ်မှာ လူတွေအပါအ၀င် အခြားတိရစ္ဆာန်တွေလည်း မှီတင်းနေထိုင်တာကြောင့် အသိဥာဏ်ရှိတဲ့ လူသားတွေဟာ ဥာဏ်ပညာအားနည်းလှတဲ့ အရိုင်းတိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ဒီအချက်ကို ထောက်ခံကြတဲ့ နိုင်ငံတွေကတော့ လူသားတွေကြောင့် တိရစ္ဆာန်တွေ ဒုက္ခရောက်တာမျိုး မရှိရလေအောင် ကူညီပေးလျက် ရှိနေပါတယ်။ အောက်မှာတော့ လူတွေက တိရစ္ဆာန်တွေ ကူးသန်းသွားလာဖို့အတွက် တည်ဆောက်ပေးထားတဲ့ တံတားတွေကို Boredpanda ကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ဘရာဇီးက မျောက်တွေနဲ့ အခြားတိရစ္ဆာန်တွေ ခိုကူးရာ ကြိုးတံတား

_gosh

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်က တိရစ္ဆာန်တွေဖြတ်ကူးရာ တံတား

RyVal

နယူးဇီလန်က ပင်ဂွင်းတွေဖြတ်သန်းရာ မြေအောက်လမ်း

Blue Pungein Underpass/Facebook

သြစတေးလျနိုင်ငံက ကြိုးတံတား

boredpanda

ကယ်လီဖိုးနီးယားပြည်နယ်က ဖားများဖြတ်သန်းရာ ဖားလိုဏ်ခေါင်း

bear-ears

တောတိရစ္ဆာန်တွေဖြတ်သန်းရာ နယ်သာလန်က ခုံးကျော်တံတား

Obiektyw1855

ကနေဒါနိုင်ငံ ဘန်းဖ်အမျိုးသားဥယျာဉ်ထဲက ၀က်ဝံတွေ ဖြတ်ကူးရာ ခုံးကျော်တံတား

Joel Sartore

ခရစ္စမတ်ကျွန်းပေါ်က ဂဏန်းတံတား

Kristy Faulker

ဝါရှင်တန်ပြည်နယ်က ရှဉ့်တံတား

viktorb

ဘယ်လ်ဂျီယမ်က တောတိရစ္ဆာန်တွေ ဖြတ်ကူးဖို့အတွက် တံတား

michielap

ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်က တိရစ္ဆာန်ခုံးကျော်တံတား

Qyd

ကယ်လီဖိုးနီးယားပြည်နယ်ထဲက တွားသွားသတ္တ၀ါများဖြတ်သန်းရာ မြေအောက်လမ်း

boredpanda

ဂျပန်က လိပ်ဥမင်

sumasui

လင်းလင်း (ShweMom)

SHARE