တစ်ချိန်တုန်းက ကိုယ့်ကိုကိုယ် ရုပ်ဆိုးတယ်ထင်ပြီး သိမ်ငယ်ခဲ့ဖူးကြောင်း ဖွင့်ဟခဲ့တဲ့ Brie Larson

[email protected] brielarson

Hollywood ရုပ်ရှင်လောကရဲ့ အော်စကာဆုရ နာမည်ကြီး သရုပ်ဆောင်မင်းသမီး တစ်ဦးဖြစ်တဲ့ Brie Larson ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ Marvel ပရိသတ်တွေနဲ့ စူပါဟီးရိုး ပရိသတ်တော်တော်များများကတော့ Brie ကို Captain Marvel အဖြစ် သိကြပါတယ်။ Brie ဟာ COVID 19 ကာလအတွင်း ကိုယ်ပိုင် Youtube Channel တစ်ခုထောင်ခဲ့ပြီး ပရိသတ်တွေနဲ့ မကြာခဏဆိုသလို စကားပြောလေ့ရှိတဲ့ မင်းသမီးတစ်ဦးလည်း ဖြစ်ပါတယ်။ အခုလည်း မကြာသေးခင်အချိန်က Brie ဟာ အရင်တုန်းက သူ့ကိုယ်သူ ရုပ်ဆိုးတယ်လို့ ထင်မှတ်ခဲ့ပြီး သိမ်ငယ်စိတ်ဝင်ခဲ့ရတဲ့အကြောင်း ဖွင့်ပြောခဲ့တယ်လို့ People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

4 years since becoming captain marvel

A post shared by Brie (@brielarson) on

Brie ဟာ Hollywood ရုပ်ရှင်လောကထဲ စဝင်ခါစတုန်းက သူမရဲ့ ရုပ်ရည်ကြောင့် တော်တော်လေးကို စိတ်အားငယ်ခဲ့ကြောင်း၊ အခြားသရုပ်ဆောင်မင်းသမီးတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ သူမရဲ့ ရုပ်ဟာ တော်တော်လေးဆိုးတာကို သတိထားမိခဲ့တဲ့ အချိန်ကစပြီး စိတ်ထဲမှာ သူမရဲ့ ပရိသတ်တွေအတွက် စိတ်အားငယ်ခဲ့ရသလို ကိုယ်တိုင်လည်း လူကြားထဲမှာ မသွားရဲ၊ မလာရဲ၊ အခမ်းအနားတွေကို မတက်ရဲလောက်အောင် ဖြစ်သွားခဲ့ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

READ
MAXIM မဂ္ဂဇင်းအတွက် Sexy ပုံတွေ ရိုက်ပေးခဲ့တဲ့ Rui(H.U.B)

 

“အဲဒီလို ကိုယ့်ကိုယ်ကို ခံစားရတာ တော်တော်လေး အချိန်ကြာခဲ့ပါတယ်။ အဲဒီလို အချိန်တွေက ကျွန်မအတွက် တစ်ကယ့်အိမ်မက်ဆိုးပါပဲ။ တော်တော်လေး ကိုယ့်ကိုယ်ကို သိမ်ငယ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်မ သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေနဲ့ ပတ်သတ်ပြီး ရုပ်ရှင်ဆုတွေရတဲ့အခါမှာ တော်တော်လေး စိတ်ဓာတ်ပြန်တက်ကြွလာရပါတယ်။ အဲဒီအချိန်ကစပြီး ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို သေသေချာချာ ပြန်တည်ဆောက်ခဲ့ရပါတယ်။ အခုအချိန်မှာတော့ အဲဒီအချိန်တုန်းကလို သိမ်ငယ်စိတ်ဖြစ်တာတွေဘာတွေတော့ မရှိတော့ပါဘူး”လို့ Brie က ပြောကြားခဲ့ပါတယ်။

READ
သူမရဲ့ အချစ်ရေးအခြေအနေကို အတိအလင်း ပြောပြလိုက်တဲ့ ညီညီမောင်

 

Pyi Hein Kyaw

SHARE